လူတိုင်းကတော့ သာယာပျော်ရွှင် ကြည်နူးရတဲ့ အချစ်ရေး၊ အိမ်ထောင်ရေးကိုသာ လိုလားတောင့်တကြတာပါ။ ဘယ်သူကမှ ပူပူလောင်လောင်နဲ့ ရန်ဖြစ်နေရတာကြီးကို မကြိုက်ကြပါဘူး။ ဒါပေမဲ့လည်း သဘောထား မတိုက်ဆိုင်တာတွေ၊ ပြဿနာတွေကလည်း မဖိတ်ခေါ်ဘဲ ရောက်လာတတ် ကြပါတယ်။ အဲ့ဒီလိုကနေ ရန်ဖြစ်ကြပါလေရော။ ဒီလိုမျိုး ကွီးတို့ရဲ့ မဟေသီလေးနဲ့ တကျက် ကျက် ရန် မဖြစ်ချင်ဘူးဆိုရင် အခုဖော်ပြပေးမယ့် အချက်များကို ရှောင်ကြဥ်ရမှာပဲ ဖြစ်ပါတယ်။

(၁) သူ(မ) မကြိုက်တဲ့ အရာတွေကို သူ(မ)ကို မထိုးနှက်ပါနဲ့

couple fight

တချို့စုံတွဲတွေ လင်မယားတွေသည် ရန်ဖြစ်ပြီဆိုတာနဲ့ ကိုယ် နိုင်ဖို့အရေးပဲ စဥ်းစားကြလောက်တဲ့အထိ အတ္တကြီးပါတယ်။ ကိုယ် နိုင်ဖို့အရေး ဘာကိုမှ ဂရုမစိုက်တော့ဘဲ စကားနိုင် လုတာမျိုးတွေ ရှိတတ်ပါတယ်။ ဒီလိုနဲ့ပဲ သူ(မ)ရဲ့ အတိတ်က အကြောင်းတွေကို အစပြန်ဖော်ပြီး သူ(မ)ကို ထိုးနှက်ပါတော့တယ်။ ကြာလာတဲ့အခါ ကွီးတို့အပေါ် စိတ်နာသွားတာမျိုး၊ စိတ်ကုန်သွားတာမျိုး ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့်မို့လို့ ဒီအချက်ကိုလည်း ရှောင်ကြဥ်သင့်ပါတယ်။

(၂) မရောင်ရာ ဆီမလူးပါနဲ့

couple fight

ကွီးတို့ နှစ်ယောက်တည်းနဲ့ သက်ဆိုင်တဲ့ ပြဿနာဆိုရင် ကွီးတို့ နှစ်ယောက်နဲ့ပဲ​ သက်ဆိုင်တာပါ။ မဆိုင်တဲ့ လူတွေကို ဆွဲထည့်ပြီး ပြဿနာတွေ ပိုကြီးလာအောင် မဖန်တီးပါနဲ့။ ဥပမာ ကွီးတို့က သူ(မ)ကို အင်မတန် သဝန်တိုတယ်ဆိုရင်တောင် ဒါသည် ကွီးရဲ့ စိတ်ခံစားချက်နဲ့ပဲ သက်ဆိုင်တာပါ။ ကိုယ့်ရဲ့ မဟေသီကို ယုံကြည်မှု မရှိတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကိုယ့်ရဲ့ သဝန်တိုစိတ်ကြောင့် သူ့ဘေးပတ်ဝန်းကျင်မှာရှိတဲ့ ယောကျာ်းသားများအားလုံးကို ပတ်ရမ်းကာ လိုက်ပေးစားနေတာကလည်း ကွီးတို့ရဲ့ မဟေသီရဲ့ ကိုယ်ကျင့်သိက္ခာကို စော်ကားရာ ကျပါတယ်။

(၃) နှုတ်မစောင့်စည်းသော ဘေးလူကို ကွီးတို့နှစ်ယောက် အကြောင်းအား ပြောပြခြင်းမှ ရှောင်ကြဥ်ပါ

ကျက် ရန်

Photo: Michaelrlewis

ကွီးတို့ရဲ့ ပြဿနာကို ဘေးလူတွေ ပြောခြင်းအားဖြင့် ဘာအကျိုးကျေးဇူး ရသလဲဆိုတော့ ဘာ အကျိုးကျေးဇူးမှ မရပါဘူး။ အကျိုးကျေးဇူး မရတဲ့အပြင် အထင်လွဲမှားစရာတွေ ပိုလို့တောင် ပုံလာပါလိမ့်မယ်။ အထူးသဖြင့် နှုတ်မစောင့်စည်းတဲ့ လူကို ပြောလိုက်မယ်ဆိုရင် ထိုသူကနေ အခြားသူတွေဆီ ထပ်ပျံ့သွားမှာဖြစ်ပြီး ကွီးတို့ရဲ့ အတွင်းရေးကလည်း တိုင်းသိ ပြည်သိ ဟိုးလေးတစ်ကျော် ဖြစ်သွားမှာပါ။

(၄) အဆင် မပြေဘဲနဲ့ အဆင်ပြေတယ်လို့ မပြောပါနဲ့

ကျက် ရန်

တစ်ကျက် ကျက် ရန် ဖြစ်နေပြီဆိုကတည်းက ကွီးတို့ နှစ်ယောက်ကြားထဲမှာ အဆင်မပြေစရာ အကြောင်းတစ်ခုခု ရှိနေလို့ပါပဲ။ အဆင်မပြေတဲ့ အရာကို အဆင်ပြေပါတယ်လို့လည်း ဟန်မဆောင်ပါနဲ့။ ဒီလို ဟန်ဆောင်ခြင်းက ကွီးတို့ရဲ့ ပြဿနာကို အပေါ်ယံသာ ပြေလည်သွားစေမှာဖြစ်ပြီး ထပ်ခါတလဲလဲ​ ပြန်ဖြစ်နေဦးမှာပါပဲ။ ဒါ့ကြောင့်မို့လို့ အဆင်ပြေမနေတာကြီးကို အဆင်ပြေတယ်လို့ ဟန်မဆောင်ပါနဲ့။

(၅) ရွဲ့စောင်းမနေဘဲ ပွင့်ပွင့်လင်းလင်း ပြောပါ

ကျက် ရန်

တချို့စုံတွဲတွေ ရှိပါတယ်။ တစ်ခုခု ရန်ဖြစ်တာနဲ့ တစ်ယောက်ကို တစ်ယောက် ရွဲ့စောင်းနေကြတော့တာပါပဲ။ ရွဲ့စောင်းနေကြတာနဲ့ပဲ ပြဿနာက ပြေလည်သွားတာ မဟုတ်ပါဘူး။ ပိုလို့တောင် ဆိုးသွားပါသေးတယ်။ နောက်ဆုံးမှာ အပျက်ပျက်နဲ့ နှာခေါင်း သွေးထွက်မှာပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့် ရွဲ့စောင်းမနေဘဲ ကိုယ် ဘာ မကြိုက်ဘူးလဲ၊ ဘာ ကြိုက်သလဲ စတာတွေကို အစကတည်းက ပွင့်ပွင့်လင်းလင်း ပြောထားပါ။ ဒါဆိုရင်တော့ ဘာ့ကြောင့် ဒီပြဿနာတွေ ဖြစ်နေရသလဲဆိုတာ သိသွားပါလိမ့်မယ်။

(၆) အတူတူ အဖြေရှာပါ

ကျက် ရန်

တချို့တွေက အတူတူအဖြေရှာရမယ့်အစား ပြဿနာကိုသာ ပိုပိုကြီးမားလာအောင် ချဲ့ကားလေ့ ရှိပါတယ်။ ဒီအခြအနေက တကျက် ကျက် ရန် ဖြစ်နေတဲ့ အခြေအနေကို ပိုမိုဆိုးဝါးလာစေပါတယ်။ ဒါ့ကြောင့်မို့လို့ ပြဿနာ တစ်စုံတစ်ရာ ရှိလာတဲ့အခါ (သို့) စိတ်သဘော မတိုက်ဆိုင်တာတွေ ကြုံတွေ့လာတဲ့အခါမှာ အတူတူ အဖြေရှာပါ။

ကွီးတိုရော ဒီအချက်တွေထဲက ဘယ်နှချက်လောက်ကို ကျူးလွန်နေမိပါသလဲ။

Source: Katiecouric

Featured Image: Freepik