တစ်နေ့တာ ပင်ပန်းမှုတွေဖြေဖျောက်ဖို့ ဒါမှမဟုတ် အားကစားလုပ်ချိန်မှာ စိတ်ခွန်အားရစေဖို့ သီချင်းကောင်းကောင်း နားထောင်ချင်တယ်ဆိုရင်တော့ ကွာလတီကောင်းတဲ့ နားကြပ်တစ်စုံတော့ ရှိထားဖို့ လိုမှာပါ။ ကွီးတို့အနေနဲ့ အသံကွာလတီ အမိုက်စားဖြစ်တဲ့အပြင် ကျစ်ကျစ်လစ်လစ်နဲ့ ချွေးစို ၊ ရေစိုဒဏ် ကောင်းကောင်းခံနိုင်တဲ့ နားကြပ် တွေထဲက ရှာနေတယ်ဆိုရင်တော့ အခုပြောပြမယ့် အမျိုးအစားလေးတွေထဲက ရွေးချယ်နိုင်ပါတယ်။

(၁) AGPTEK Waterproof Headphone

AGPTEK Waterproof Headphone

Photo : Siachen Studios

AGPTEK MP3 Player နားကြပ် လေးကတော့ IPX8 Rating ရှိတဲ့ ရေစိုခံ နားကြပ်အမိုက်စားလေး တစ်ခုပါ။ တစ်ခါအားသွင်းရုံနဲ့ ဘက်ထရီသက်တမ်း ၁၈ နာရီကြာ အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။ Memory 8GB ပါဝင်ပြီး MP3 ၊ WMA ၊၊ WAV နဲ့ FLAC File စနစ်တွေ ထောက်ပံ့ပေးထားပါတယ်။ AGPTEK Waterproof Headphone ရဲ့ ဈေးနှုန်းလေးကတော့ ၇၉.၉၉ ဒေါ်လာ ဝန်းကျင်ခန့် ကျသင့်မှာ ဖြစ်ပါတယ်။

(၂) Swimbuds SPORT Waterproof Headphone

Swimbuds SPORT Waterproof Headphone

Photo : Siachen Studios

Swimbuds SPORT ရေစိုခံ နားကြပ် လေးကတော့ 3rd Generation Hydrobeat နည်းပညာကို အသုံးပြုထားပါတယ်။ နားထဲမှာ တပ်ဆင်ရတာ အံ့ဝင်ခွင်ကျနဲ့ သက်တောင့်သက်သာဖြစ်စေဖို့ ဒီဇိုင်းထုတ်ထားပြီး IPX8 Rating ရှိပါတယ်။ ရေအနက် ၁၀ ပေအောက်အထိ အသုံးပြုနိုင်မှာဖြစ်ပြီး ဘက်ထရီသက်တမ်းကတော့ ၇ နာရီ ခံပါတယ်။ ဒီကောင်လေးက ကြိုးတပ်နားကြပ်အမျိုးအစား ဖြစ်ပြီး ရေကူးဝါသနာရှင်တွေအတွက် အလွန်သင့်တော်ပါတယ်။ ဈေးနှုန်းကတော့ ၅၂.၃၉ ဒေါ်လာဝန်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။

(၃) TOZO T10 Bluetooth 5.0 IPX Waterproof Stereo

TOZO T10 Bluetooth 5.0 IPX Waterproof Stereo

Photo : Siachen Studios

Tozo T10 TWS Bluetooth 5.0 လေးက IPX8 အဆင့် ရေစိုခံနိုင်တဲ့ အမိုက်စား နားကြပ်လေး ဖြစ်ပါတယ်။ ပေါ့ပါးကျစ်လစ်တဲ့ ဒီဇိုင်းနဲ့ အကြမ်းပတမ်း ကောင်းကောင်းခံနိုင်ပေမယ့် သူရဲ့အားနည်းချက် အနေနဲ့ကတော့ Touch Controls တွေမပါပါဘူး။ Tozo T10 နားကြပ် ကို အရောင် ၅ မျိုး ရွေးချယ်နိုင်မှာ ဖြစ်ပြီး ဘက်ထရီ သက်တမ်းကတော့ ၆ နာရီကြာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အသံကွာလတီကောင်းပြီး ဈေးသက်သာတဲ့ ရေစိုခံ နားကြပ်ဆိုရင် Tozo T10 က လုံးဝကွက်တိပါပဲ။ ဈေးနှုန်းကတော့ ၂၃.၃၇ ဒေါ်လာခန့်သာ ကျသင့်မှာ ဖြစ်ပါတယ်။

(၄) Jaybird Vista Headphone

Jaybird Vista Headphone

Photo : Siachen Studios

ချွေးစို / ရေစိုခံတဲ့ နားကြပ် ကောင်းကောင်း ရှာနေတယ်ဆိုရင်တော့ Jaybird Vista in-ear Headphone လေးကတော့ ရွေးချယ်သင့်တဲ့ List ထဲမှာ တစ်ခုအပါအဝင်ပါပဲ။ ဒီကောင်လေးက ကျစ်ကျစ်လစ်လစ်နဲ့ အထာကျတဲ့ ဒီဇိုင်းမျိုး ထုတ်ထားပြီး ကြိုးမဲ့ချိတ်ဆက်မှု အားကောင်းသလို အသံထွက် ကွာလတီလည်း တော်တော်လေး မိုက်ပါတယ်။ IPX7 အဆင့် ရေစိုခံ နိုင်ပြီး ဘက်ထရီသက်တမ်းကလည်း ၇ နာရီကြာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Jaybird Vista Headphone ရဲ့ ဈေးနှုန်းလေးကတော့ ၆၉ ဒေါ်လာခန့် ကျသင့်မှာ ဖြစ်ပါတယ်။

Featured Photo : Believe in the Run