ကွီးတို့ရဲ့ ကျန်းမာရေးကို ကွီးတို့ ကိုယ်တိုင် ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ လူတိုင်းကတော့ အလုပ်များကြတဲ့ သူတွေချည်းပါပဲ။ ဒါပေမဲ့ အလုပ်များလို့ဆိုပြီး ကိုယ့်ကျန်းမာရေးကို လျစ်လျူရှုထားတာကတော့ ရေရှည်မှာ အဆင်ပြေမှာ မဟုတ်ပါဘူး။ ကွီးတို့ ကျန်းမာရေးကို များများ လျစ်လျူရှုထားလေလေ ကွီးတို့ လုပ်ချင်တာတွေ မလုပ်ဆောင်နိုင်လေပါပဲ။ ကျန်းမာရေး မကောင်းလို့ကတော့ ဘဝမှာ အောင်မြင်ဖို့တောင် မဆိုထားနဲ့ ကိုယ့် စကီလေးနဲ့ ချစ်တင်းနှော နိုင်မှာတောင် မဟုတ်ပါဘူး။

အခုဆက်လက်ဖော်ပြပေးမယ့် အချက်ကတော့ အမျိုးသားကြီး တစ်ခုလုံး လိုက်နာသင့်တဲ့ အချက်များပဲ ဖြစ်ပါတယ်။ ဒီ ကျန်းမာရေး နဲ့ သက်ဆိုင်တဲ့ အချက်များကို လိုက်မလုပ်နိုင်ရင်တော့ ညိုကီတို့ရဲ့ စကီလေးနဲ့ ချစ်တင်းနှော နိုင်မှာ မဟုတ်ဘူးနော်။

(၁) ဆရာဝန်တစ်ယောက်ကို အမြန်ဆုံး ရှာဖွေပါ

ဆရာဝန်တစ်ယောက်ကို အမြန်ဆုံး ရှာဖွေပါ

ယနေ့ခေတ်မှာ ဆရာဝန်တစ်ယောက် ရှာဖွေရတာက မခက်ပါဘူး။ အခုဆိုရင် တယ်လီကျန်းမာရေးလို လိုင်းပေါ်ကနေ ကြည့်ရှုကုသပေးတာတွေကလည်း ခေတ်စားနေတာဆိုတော့ လူကိုယ်တိုင်သွားဖို့ အဆင်မပြေတဲ့ ညိုကီတို့အတွက် အကောင်းဆုံး နည်းလမ်းပဲ ဖြစ်ပါတယ်။ ဆရာဝန်နဲ့ ပြသတော့မယ်ဆိုရင် ယုံကြည်စိတ်ချရပြီး လူနာရဲ့ အတွင်းရေးကို မပေါက်ကြားအောင် စောင့်ထိန်းတတ်တဲ့ ဆရာဝန် ပီသတဲ့ ဆရာဝန်မျိုးကို သေချာ ရှာဖွေလိုက်ပါ။

(၂) ဆရာဝန်ထံ ပုံမှန်သွားပါ

ဆရာဝန်ထံ ပုံမှန်သွားပါ

လိုင်းပေါ်မှာ ပြလို့ရတဲ့အခါလည်း ပြ ၊ လူကိုယ်တိုင် သွားရောက်ရမယ့် အချိန်ဆိုလည်း သွားရောက်ဖို့ လိုအပ်ပါလိမ့်မယ်။ ဘာ့ကြောင့်လဲဆိုတော့ သွေးဖောက်စစ်ရတာမျိုးတွေ ၊ သွေးပေါင်ချိန် တိုင်းရတာတွေကျတော့ အွန်လိုင်းကနေ ပြသလို့ အဆင်မပြေလို့ပဲ ဖြစ်ပါတယ်။ ဆရာဝန်နဲ့ တွေ့ဖို့ အချိန်ဆွဲနေတာတွေ ၊ တစ်ရက်ပြီး တစ်ရက် ဖျက်နေတာမျိုးတွေကိုလည်း မလုပ်သင့်ပါဘူး။

(၃) စားသောက်တဲ့ အစားအစာများကို သေချာစီစစ်ပါ

ကျန်းမာရေး ချစ်တင်းနှော

ကွီးတို့ စားသုံးတဲ့ အစားအစာတွေသည် ကွီးတို့ ခန္ဓာကိုယ်အတွက် ခွန်အား ဖြစ်စေနိုင်တာတွေလည်း ရှိသလို အဆိပ်အတောက်ဖြစ်စေတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါ့ကြောင့်မို့လို့ သေချာ ရွေးချယ်ဖို့ လိုအပ်ပါတယ်။ အသင့်စား အစားအစာများ ၊ ကြာရှည်ခံ အစားအစာများ ၊ အချိုဓာတ် လွန်ကဲတဲ့ အစားအစာများကို လျော့စားပြီး သစ်သီးဝလံများ ၊ ဟင်းသီးဟင်းရွက်များကို များများ စားသုံးပေးသင့်ပါတယ်။ ဒါ့အပြင် အစေ့အဆံများ ၊ ပရိုတင်းဓာတ်များ ၊ အမျှင်ဓာတ်များ ကြွယ်ဝတဲ့ အစားအစာများလည်း စားသုံးသင့်ပါတယ်။ ထိုအစားအစာများက ဆိုရင်ဖြင့် ကွီးတို့ရဲ့ နှလုံးကျန်းမာရေးကို အားကောင်းစေပြီး ဆီးချိုရောဂါနှင့် ကင်ဆာရောဂါတို့ မဖြစ်ပွားအောင် ကူညီပေးပါတယ်။ ဒါ့အပြင် ကျန်းမာရေး နဲ့ ညီညွှတ်တဲ့ အစားအစာများက ကွီးတို့ရဲ့ သွေးပေါင်ချိန်ကို မှန်ကန်စေတဲ့အပြင် အချိန်ကြာကြာ ချစ်တင်းနှော နိုင်အောင်လည်း ကူညီပေးပါတယ်။

(၄) လေ့ကျင့်ခန်း ပြုလုပ်ဖို့ အချိန်ပေးပါ

ကျန်းမာရေး ချစ်တင်းနှော

ဒီအချက်ကတော့ ပြောနေစရာတောင် မလိုပါဘူး။ ကွီးတို့ရဲ့ ကျန်းမာရေး ကို အမှန်တကယ် ဂရုစိုက်ပြီး အချိန်ကြာကြာ ချစ်တင်းနှော နိုင်ဖို့ဆိုရင်တော့ တစ်နေ့ကို အနည်းဆုံး မိနစ် ၃၀ ခန့် လေ့ကျင့်ခန်း ပြုလုပ်ဖို့ လိုအပ်ပါတယ်။ အရိုးရှင်းဆုံး လေ့ကျင့်ခန်း တစ်ခုဖြစ်တဲ့ လမ်းလျှောက်ခြင်း လေ့ကျင့်ခန်းကတောင် ကွီးတို့ရဲ့ ကျန်းမာရေးကို ချက်ချင်း ကောင်းမွန်လာအောင် ကူညီပေးနိုင်ပါတယ်။

(၅) ကွီးတို့ရဲ့ ဆီးကျိတ်ကို ဂရုစိုက်ပါ

ကျန်းမာရေး ချစ်တင်းနှော

Photo : Herminahospitals

ဆီးကျိတ်ဂလင်းသည် ကွီးတို့ အသက်အရွယ် ရလာသည်နှင့်အမျှ တဖြည်းဖြည်း ကြီးလာပါတယ်။ နောက်ဆက်တွဲအနေနဲ့ မကြာခဏ ဆီးသွားချင်ခြင်း ၊ ဒါမှမဟုတ် ဆီးသွားနည်းခြင်း အစရှိတဲ့ လက္ခဏာများ ပေါ်လာတတ်ပါတယ်။ တကယ်လို့ ကွီးတို့က မူမမှန်တဲ့ အချက်မျိုးတွေကို ကြုံတွေ့ခံစား နေရတဲ့အခါ ဆရာဝန်ထံ အမြန်ဆုံး သွားရောက်ကာ ကုသမှု ခံယူသင့်ပါတယ်။

(၆) ကိုယ်ရဲ့ အသက်အရွယ်ကိုလည်း ထည့်တွက်ပါ

ကျန်းမာရေး ချစ်တင်းနှော

Photo : Sciencefocus

ကွီးတို့က ၂၀ ကျော် ၊ ၃၀ ကျော် ၊ ၄၀ ကျော် ၊ ၅၀ ကျော်နှင့်အထက် စသည်ဖြင့် ဘယ်အသက်အရွယ် အုပ်စုထဲပဲ ရောက်နေပါစေ ကျန်းမာရေးကတော့ လိုက်စားရမှာပါပဲ။ လေ့ကျင့်ခန်း ပုံမှန် ပြုလုပ်ပြီး ကျန်းမာရေးကောင်းအောင် နေထိုင်ပြုမူရမှာပဲ ဖြစ်ပါတယ်။ လေ့ကျင့်ခန်း အမျိုးအစားကတော့ ကွီးတို့ အသက်အရွယ်ပေါ် မူတည်ပြီး အနည်းငယ် ပြောင်းလဲသွားနိုင်ပါတယ်။ ဥပမာ ကွီးတို့က ၅၀ နဲ့ အထက် အုပ်စုထဲ ပါတယ်ဆိုရင်တော့ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းတွေကိုသာ ပြုလုပ်ရမှာဖြစ်ပြီး ငယ်ရွယ်စဥ်တုန်းမှာတော့ ကြွက်သားတွေကို ကျစ်လျစ်စေဖို့အတွက် Strength Training လေ့ကျင့်ခန်းများကို ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

အခုဖော်ပြသွားတဲ့အချက်တွေအားလုံးကို လိုက်နာနိုင်ရဲ့လား။

Source : Hamiltonhealthcenter

Featured Photo : Activcore