အမျိုးသားတစ်ယောက်အတွက် မွေးရာပါ ငယ်ပါဟာ နှလုံး ဒါမှမဟုတ် အဆုတ်တို့လို အရေးကြီးတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်း မဟုတ်ဘူးလို့ ယူဆလို့ရပေမယ့် ပေါ့ပေါ့ဆဆ နေလို့မရပြန်ပါဘူး။ ညီလေး ကျန်းမာရေးဟာလည်း တခြားသော အင်္ဂါအစိတ်အပိုင်းတွေလို သေချာဂရုစိုက်ပေးဖို့ လိုပါတယ်။ ဒီတစ်ခေါက်မှာတော့ ကျန်းမာသန့်ရှင်းတဲ့ ညီလေး ဖြစ်စေဖို့ နေ့တိုင်း သေချာပေါက် လုပ်ဆောင်ရမယ့် တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ စည်းမျဉ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
Photo : Republic Aeon
စည်းမျဉ်း ၁ – ညီလေးကို နေ့တိုင်းပုံမှန် အနည်းဆုံး တစ်ကြိမ် ဆေးကြောသန့်စင်ပေးပါ။ ကြက်သီးနွေးရေနဲ့ ဆပ်ပြာအပျော့စားကို အသုံးပြုပြီး ညင်သာစွာ ဆေးကြောသန့်စင် ပေးရပါမယ်။ ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်ဆေးကြောတာမျိုး မလုပ်ပါနဲ့။
စည်းမျဉ်း ၂ – ဆပ်ပြာရွေးချယ်တဲ့အခါ Sensitive Skin အတွက်ထုတ်ထားတဲ့ ယားယံမှုကို ဖြစ်စေတဲ့ဓာတုပစ္စည်းတွေ မပါဝင်တဲ့ အပျော့စား ဆပ်ပြာကို အသုံးပြုခြင်းသည်သာ အကောင်းဆုံး ဖြစ်ပါတယ်။ အမွှေးရနံ့တွေပါတဲ့ ဆပ်ပြာတွေ ၊ ခန္ဓာကိုယ် သန့်စင်ဆေးတွေ ၊ ရေမွှေးနဲ့ အယ်လ်ကိုဟောပါတဲ့ ဆပ်ပြာတွေကို လုံးဝရှောင်ကြဉ်ပါ။ ဒါတွေက ကွီးတို့ရဲ့ ညီလေးကို ယားယံခြင်း ၊ ဓာတ်မတည့်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။
စည်းမျဉ်း ၃ – အကယ်၍ လိင်တံထိပ်အရေပြား ဖြတ်ထားခြင်း မရှိဘူးဆိုရင် လိင်တံထိပ်ဖူးကို ဖုံးအုပ်နေတဲ့ အရေပြားကို နောက်သို့လှန်ဆွဲပြီး လိပ်တံထိပ်တဝိုက်ကို သေချာစွာ ဆေးကြောသန့်စင် ပေးရပါမယ်။ ခပ်နွေးနွေးရေနဲ့ ဆပ်ပြာအပျော့စားကို အသုံးပြုပြီး ဆေးကြောနိုင်ပါတယ်။ ဒါပေမယ့် သတိထားရမှာတစ်ခုက ဒဏ်ရာအနာတရ ဖြစ်စေနိုင်တာကြောင့် အရေပြားကို အရမ်းကြီး ခပ်ကြမ်းကြမ်း ဆွဲတာမျိုး ရှောင်ကြဉ်ရပါမယ်။
Photo : Insider
စည်းမျဉ်း ၄ – လိင်တံထိပ်ကို ဆေးကြောသန့်စင်ပြီးပြီဆိုတာနဲ့ လိင်တံအောက်ခြေနဲ့ ကပ်ပယ်အိတ်တွေကိုလည်း ဆေးကြောသန့်စင်ပေးပါ။ စအိုနဲ့ ပေါင်ကြားလို ဧရိယာနေရာတွေကိုလည်း သေချာဆေးကြော သန့်စင်ပေးဖို့ လိုပါတယ်။ ဒါမှသာ ကွီးတို့ရဲ့ အောက်ပိုင်းဧရိယာတဝိုက်က သန့်ရှင်းပြီး အနံ့အသက်ဆိုးတွေထွက်ခြင်းမှ ကင်းဝင်းနေစေမှာပါ။
စည်းမျဉ်း ၅ – ညီလေး ဧရိယာတဝိုက်ကို သေချာစွာဆေးကြော သန့်စင်ပြီးပါက ခြောက်သွေ့သန့်ရှင်းတဲ့ မျက်နှာသုတ်ပုဝါနဲ့ ခပ်ဖွဖွ သုတ်ပေးပါ။
စည်းမျဉ်း ၆ – သန့်ရှင်းပြီး ခြောက်သွေ့တဲ့ အတွင်းခံတွေကို ဝတ်ဆင်ခြင်းကလည်း တစ်ကိုယ်ရေသန့်ရှင်းမှုအတွက် မရှိမဖြစ်လိုအပ်ပါတယ်။
စည်းမျဉ်း ၇ – နောက်တစ်ချက်ကတော့ သန့်စင်ခန်း မဝင်ခင် သို့မဟုတ် လိင်တံကို ကိုယ်တွယ်ခြင်းမပြုမီ လက်ကိုသေချာစွာ အရင်ဆုံး ဆေးကြောဖို့ လိုပါမယ်။ လက်မှာ ဘက်တီးရီးယား ပိုးမွှားတွေ ၊ ရေပြားယားယံစေတဲ့ ဓာတုပစ္စည်းတွေနဲ့ ငရုပ်သီးလို စပ်တဲ့အစားအစာတွေ ကပ်တွယ်နေမယ်ဆိုပါက ကွီးတို့ရဲ့ ညီလေးကို ယားယံခြင်းနဲ့ ပိုးဝင်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။
Featured Photo : Men’s Health