ဒီနေ့ခေတ် အမျိုးသားအမျိုးသမီး အားလုံးနီးပါးဟာ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ နေထိုင်မှုပုံစံတွေနဲ့ အသားကျနေတာပါ။ Unhealthy Lifestyle တစ်ခုဟာ ရေတိုရော ရေရှည်အတွက်ပါ မကောင်းတာတော့ အမှန်ပါပဲ။ နေချင်သလိုနေ စားချင်သလိုစားနေမယ်ဆိုရင်တော့ အချိန်ကာလအနည်းငယ်အတွင်းမှာ မျက်မြင်ကြုံတွေ့ရမယ့် သိသာတဲ့ ဆိုးကျိုးတစ်ခုကတော့ အဝလွန်ခြင်း ဖြစ်ပါတယ်။ အဝလွန်ခြင်းဟာ နာတာရှည်ရောဂါတွေနဲ့ ဆက်စပ်နေသလို အမျိုးသားတွေမှာဆိုရင်း မျိုးပွားမှု ကျန်းမာရေးနဲ့ ကျားစွမ်းရည် ကို ထိခိုက်စေနိုင်တဲ့ ဆိုးကျိုးတွေ များစွာရှိနေပါတယ်။ ဒီဆောင်းပါးမှာတော့ အဝလွန်ခြင်းနဲ့ အမျိုးသား ကျန်းမာရေး ဆက်စပ်မှုတွေအကြောင်း ပြောပြပေးချင်ပါတယ်။
အဝလွန်ခြင်းဟာ မျိုးပွားမှု ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်လဲ ?
Photo : Prof. Dr. Abdullah Armağan
အမျိုးသား တစ်ယောက်ဟာ ရှိသင့်ရှိထိုက်တဲ့ ကိုယ်အလေးချိန်ထက် ကျော်လွန်လာပြီဆိုတာနဲ့ ခန္ဓာကိုယ်မှာ ပုံမှန်မဟုတ်တဲ့ အဆီပိုတွေ စုဝေးလာမှာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ပေါ်မှာ မလိုလားအပ်တဲ့ အဆီပိုတွေ စုဝေးနေတာဟာ ကွီးတို့ရဲ့ ခန္ဓာကိုယ်အလုံးစုံ ကျန်းမာရေးကို အကြီးအကျယ် ထိခိုက်စေနိုင်ပြီး နှလုံး ၊ သွေးတိုး ၊ ဆီးချိုနဲ့ အခြားသော နာတာရှည်ရောဂါတွေ နောက်ဆွဲတွဲ ဖြစ်ပွားနိုင်ပါတယ်။ အမျိုးသားတွေမှာဆိုရင် အဝလွန်ခြင်းကြောင့် လိင်စိတ်နိုးကြားတက်ကြွမှာ ကျဆင်းတာ ၊ လိင်မှုစွမ်းဆောင်ရည် ကျဆင်းတာနဲ့ သုတ်ပိုးအရေအတွက် နည်းပါးတဲ့ ပြဿနာတွေ ဖြစ်စေနိုင်ပြီး မျိုးပွားမှု ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။
ခန္ဓာကိုယ် အဆီထုထည်တက်လေ သုတ်ပိုး ထုတ်လုပ်မှု ကျဆင်းလေ
Photo : News-Medical.net
အမျိုးသားတွေမှာ ခန္ဓာကိုယ် အဆီထုထည်တက်လာလေ သုတ်ပိုး ထုတ်လုပ်မှု အရေအတွက်ဟာ ကျဆင်းလေး ဖြစ်ပါတယ်။ ဒါဟာ သုတေသန စစ်တမ်းတွေရဲ့ ကိန်းဂဏန်းတွေအရ ပြောတာပါ။ ၂၀၁၂ ခုနှစ်က ပြင်သစ်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ သုတေသန စစ်တမ်းတစ်ခုမှာ အဝလွန်နေတဲ့ အမျိုးသားတွေရဲ့ သုတ်ပိုးအရေအတွက်ဟာ ကျန်းမာတဲ့ ကိုယ်အလေးရှိသူ အမျိုးသားတွေထက် ၃၂.၄ ရာခိုင်နှုန်းနည်းပြီး ရှင်သန်နိုင်တဲ့ သုတ်ပိုးအရေအတွက်ဟာလည်း ၆.၉ ရာခိုင်နှုန်းသာ ရှိတယ်လို့ ဖော်ပြထားပါတယ်။
ခန္ဓာကိုယ်က အဆီပိုတွေနဲ့ လိင်အင်္ဂါ ကျန်းမာရေး
Photo : The Times
ကွီးတို့ရဲ့ ခန္ဓာကိုယ်မှာ အဆီပိုတွေ စုဝေးလာတဲ့အခါ ဝှေးစေ့အပူချိန်ကလည်း ပိုများလာစေတာကြောင့် သုတ်ပိုး အရည်အသွေးနဲ့ သုတ်ပိုး ထုတ်လုပ်မှုကို ကျဆင်းစေနိုင်တယ်လို့ သုတေသီတွေက ဆိုထားပါတယ်။ အဝလွန်ခြင်းဟာ အမျိုးသားတွေရဲ့ လိင်အင်္ဂါချို့ယွင်းမှုနှုန်း မြင့်မားခြင်းနဲ့လည်း ဆက်စပ်နေပြီး အဝလွန်ခြင်းကနေ နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ သွေးတိုးရောဂါဟာ လိင်အင်္ဂါဆီ သွေးကောင်းစွာ စီးဆင်းမှုကို ဟန့်တားနေတာကြောင့် လိင်တံထောင်မတ်မှု လျော့ကျတာ ၊ လိင်မှုစွမ်းဆောင်ရည် ပြည့်ပြည့်ဝဝ မပြသနိုင်တာ စတဲ့ ကျားစွမ်းရည် ကို ထိခိုက်စေနိုင်တဲ့ အခြေအနေတွေနဲ့ ဆက်စပ်နေပါတယ်။
ကွီးတို့ ကျန်းမာပျော်ရွှင်တဲ့ လိင်မှုဘဝကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အသက် ၂၀ နောက်ပိုင်း ကစပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းထားဖို့ ဒီဆောင်းပါးကနေ အကြံပြုလိုက်ပါတယ်။
Source : Mensxp
Featured Photo : One Medical