Sexual Power လို့ခေါ်တဲ့ ကျားစွမ်းအား ဟာ အမျိုးသားတစ်ယောက်အတွက် အရမ်းအရေးကြီးပါတယ်။ Sexual Power ဟာ လိင်မှုဘဝအပေါ် တိုက်ရိုက်သက်ရောက်မှု ရှိပြီး Sexual Power ကျလာရင် ကွီးတို့ရဲ့ လိင်မှုဘဝကို အားမလိုမရမှု ၊ စိတ်ပျက်ငြီးငွေ့မှုတွေ ဖြစ်လာနိုင်ပါတယ်။ အတူနေချိန်တိုင်းမှာ ကွီးတို့အနေနဲ့ စွမ်းဆောင်ရည် ကောင်းကောင်းမပြနိုင်တဲ့အခါ ကွီးတို့ ကိုယ်တိုင်လည်း ကျေနပ်ရမှာ မဟုတ်သလို ကွီးတို့ ပါတနာလည်း ပျော်ရွှင်ရမှာ မဟုတ်ပါဘူး။
Photo : Instituto Psicología-Sexología Mallorca
အမျိုးသားတွေမှာ ကျားစွမ်းအား ကျဆင်းလာရတဲ့ အဓိက အကြောင်းအရင်းကတော့ ၂ မျိုးရှိပါတယ်။ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးဆိုတဲ့ အဓိက အချက် ၂ ချက်နဲ့ သက်ဆိုင်နေတာပါ။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးမှာ ပြဿနာတစ်ခုခု ခံစားနေရတယ်ဆိုရင် ဒါမှဟုတ် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတစ်စုံတစ်ရာ ရှိနေတယ်ဆိုရင် Sexual Power လည်း သိသိသာသာ ကျဆင်းလာမှာဖြစ်ပြီး ကွီးတို့ရဲ့ လိင်မှုဘဝကို အကြီးအကျယ် အနှောင့်အယှက် ဖြစ်စေပါလိမ့်မယ်။
ကျားစွမ်းအား ကျဆင်းမှုနဲ့ ဆက်စပ်နေတဲ့ နောက်ထပ် အကြောင်းအရင်းတွေကတော့…………
Photo : Dr. Thais Aliabadi
- အဆီအဆိမ့် ၊ ဆီကြော် ၊ အချို/အငန်များတဲ့ အစားအစာ ၊ ပြုပြင်ထားတဲ့ အသားတွေကို အလျွန်အကျွံ စားသုံးခြင်း
- ခန္ဓာကိုယ်အတွက် လုံလောက်တဲ့ ပရိုတင်းပမဏကို မဖြည့်တင်းခြင်း
- စိတ်ဖိစီးမှုများတဲ့ နေထိုင်မှုပုံစံကို မပြောင်းလဲခြင်း
- အရက်နဲ့ မူးယစ်ဆေးဝါး အလွန်အကျွံ သုံးစွဲခြင်း
စတဲ့အချက်တွေ ကြောင့်လည်း အမျိုးသားတွေမှာ Sexual Power ဟာ ကျဆင်းတက်ပါတယ်။
Sexual Power ကျနေပြီဆိုရင် လိင်ဆက်ဆံဖို့ စိတ်မပါတာ ၊ လိင်မှုကိစ္စအပေါ် စိတ်အားထက်သန်မှု လျော့ကျတာ ၊ အိပ်ရာထက်မှာ လိင်မှုစွမ်းဆောင်ရည် ကောင်းကောင်းမပြနိုင်တာ ၊ လိင်တံထောင်မတ်မှု အားနည်းတာ ၊ အချိန်ကြာကြာ လိင်တံမထောင် မတ်နိုင်တာ ၊ အချိန်မတိုင်မီ သုတ်လွှတ်စောတာနဲ့ အတူနေချိန်တိုင်းမှာ အထွတ်အထိပ် ခံစားမှု အော်ဂဇင်မရတာတွေ ခံစားရနိုင်ပါတယ်။
Source : Mensxp
Featured Photo : Chicago Health Magazine