ကျောက်ခေတ် မှာ နေနေတာလားလို့ အပြော ခံရဖူးပါသလား။ ဒါဆိုရင်တော့ ကွီးတို့က တော်တော်ကြီးကို ခေတ်နောက်ပြန်ဆွဲနေလို့ ဒီလိုအပြောခံရတာဖြစ်နိုင်ပါတယ်။ အခုလို အဘက်ဘက်က တိုးတက်ခေတ်မီနေတဲ့ ခေတ်ကြီးထဲမှာ နည်းပညာပိုင်း အားနည်းနေလို့မရပါဘူး။ အခြေခံ စကေးတွေက တတ်မြောက်ထားသင့်ပါတယ်။

လူတိုင်းနီးပါးက အွန်လိုင်းပေါ်မှာ ဗွီဒီယိုအတိုတွေတင်ပြီး ဘလော့ဂါလုပ်နေကြတဲ့အချိန်မှာ ကွီးတို့လည်း ဒီအတိုင်း ထိုင်နေလို့ မရတော့ပါဘူး။ ကျောက်ခေတ် မှာ နေနေတာလားလို့ အပြော မခံချင်ဘူးဆိုရင် အခြေခံ တတ်မြောက်ထားသင့်တဲ့ စကေးတွေကနေ ကျော်လွန်ပြီး အဆင့်မြင့်စကေးတွေကိုပါ တတ်မြောက်ထားသင့်ပါတယ်။ အရင်လို စာစီစာရိုက် စကေးတစ်ခုတည်းနဲ့ဆိုရင်တော့ အလုပ်မှာ အဆင်ပြေနိုင်မှာမဟုတ်ပါဘူး။

အဲ့ဒီစကေးတွေ ဘယ်မှာ သွားသင်ရမှာလဲ။

အင်တာနက်ကြီးကို ကွီးတို့ ဘယ်ချောင်ထဲမှာ သွားထားထားတာလဲ။ အင်တာနက်တစ်ခုလုံး ရှိနေမှတော့ ဘာပဲလိုလို အွန်လိုင်းကနေ လေ့လာလို့ရပါတယ်။ ကွီးတို့က ကိုယ့်ရဲ့ အရည်အချင်းကို မြှင့်တင်ချင်တဲ့ စိတ်ဆန္ဒတစ်ခုတည်း ရှိဖို့ပဲလိုအပ်တာပါ။

ကွီးတို့ရဲ့ အရည်အချင်းကို မြှင့်တင်ချင်ပြီး ကျောက်ခေတ် မှာ နေနေတာလားလို့ အပြော မခံရဖို့အတွက်ဆိုရင် ဒီစကေးတွေကို အွန်လိုင်းကနေ လေ့လာလိုက်ပါ။

Coding

Coding

ကွီးတို့က လုပ်ငန်းခွင်မှာ ဘယ်လိုရာထူးပဲ ရှိနေပါစေ Coding ဆိုတာသည် လုပ်ငန်းရှင်တော်တော်များများ တန်ဖိုးထားကြတဲ့ စကေးတစ်ခုပဲဖြစ်ပါတယ်။ အခြေခံ Coding Skills များသည် တတ်မြောက်ထားမယ်ဆိုရင် ကွီးတို့ကို သူဌေးက သဘောကျမှာပဲဖြစ်ပါတယ်။ တကယ်လို့ ကွီးတို့ ကုမ္ပဏီက App တစ်ခုခုကို မိတ်ဆက်ပေးတာပဲဖြစ်ဖြစ်၊ ဝက်ဘ်ဆိုဒ်ကို အဆင့်မြင့်တာမျိုး ပြုလုပ်တဲ့အခါမှာ အကူအညီပေးမယ့် စကေးတစ်ခုပဲဖြစ်ပါတယ်။ ကွီးတို့က ထိုစကေးကို အွန်လိုင်းပေါ်ကနေ လေ့လာမယ်ဆိုရင် လေ့လာလို့ရပါတယ်။​

Adobe Photoshop Skills

Adobe Photoshop Skills

Adobe Photoshop ဆိုတာကတော့ ဓာတ်ပုံတွေကို အမျိုးမျိုး ပြောင်းလဲနိုင်အောင်လို့ ဒီဇိုင်းရေးဆွဲထားတဲ့ Software Application တစ်ခုပဲဖြစ်ပါတယ်။​ Photoshop နဲ့ဆိုရင် ကိုယ့်ရဲ့ အနုပညာကို အမျိုးမျိုး ပြောင်းလဲနိုင်ပါတယ်။ ဘယ်လို Edit လုပ်ရမလဲဆိုတာကို သေသေချာချာ သိမယ်ဆိုရင် ကိုယ့်ရဲ့ ဝက်ဘ်ဆိုဒ်အတွက် လိုအပ်တဲ့ ပုံတွေကို ကိုယ့်ဘာသာကိုယ် ပြင်လို့ရပြီပဲဖြစ်ပါတယ်။ ဒီစကေးကတော့ ကွီးတို့သည် လက်ရှိမှာ Marketing ပိုင်းနဲ့ ပတ်သက်ပြီး အလုပ်လုပ်နေရင် အလိုအပ်ဆုံးပဲဖြစ်ပါတယ်။

Project Management

ကျောက်ခေတ် အပြော

ကွီးတို့သည် ခေါင်းဆောင်နေရာကို လိုချင်တယ်ဆိုရင်တော့ ဒီစကေးသည် မဖြစ်မနေ တတ်မြောက်ထားသင့်တဲ့ အရည်အချင်းတစ်ခုပဲဖြစ်ပါတယ်။ Project Management Skills ကို တတ်မြောက်ထားမယ်ဆိုရင်တော့ ဘယ်လိုပရောဂျက်ပဲလာလာ ကိုင်တွယ် လုပ်ကိုင်နိုင်မှာဖြစ်ပြီး ကိုယ့်အဖွဲ့ထဲက လူတိုင်းကို စွမ်းဆောင်ရည်မြင့်မားလာအောင်လည်း ကူညီပေးနိုင်မှာဖြစ်ပါတယ်။

Graphic Design

ကျောက်ခေတ် အပြော

ဒီစကေးကလည်း ယခုလို နည်းပညာခေတ်ကြီးထဲမှာ တတ်မြောက်ထားသင့်တဲ့စကေးတစ်ခုပဲဖြစ်ပါတယ်။ အလုပ်ရှင်တွေကလည်း ယခုဆိုရင် သူတို့ရဲ့ အလုပ်အတွက် လိုဂိုတွေ ဖန်တီးတယ်၊ ဆိုင်းဘုတ်ကြီးနဲ့ အခြားသော ဓာတ်ပုံများ၊ ဆိုရှယ်မီဒီယာပေါ်မှာ ပရိုမိုးရှင်း ဆင်းချင်တဲ့အခါမှာ အခြားသော ကုမ္ပဏီကို အပ်ရတာ ပိုက်ဆံကုန်ပေါက်တစ်ခုလို သတ်မှတ်လာကြပါတယ်။ ကွီးတို့သာ ဒီစကေးကို တတ်မြောက်ထားမယ်ဆိုရင် အလုပ်ရှင်က သဘောကျမှာဖြစ်ပါတယ်။

Social Media Marketing

ကျောက်ခေတ် အပြော

ကွီးတို့က Social Media Marketing ပိုင်းနဲ့ ပတ်သက်လာရင် အခြေခံစကေးကို သင်ယူချင်တာလား၊ အဆင့်မြင့် ပညာရပ်ပိုင်းကို လေ့လာချင်သလား၊ အလွယ်လေး လေ့လာလို့ရပါတယ်။ ကိုယ်က ဘယ် Platform ပေါ်မှာ ဘယ်အပိုင်းကို ဦးစားပေးချင်သလဲဆိုတာကို အရင်ဦးဆုံး သိရှိအောင် ပြုလုပ်ထားပါ။ ပြီးရင်တော့ အွန်လိုင်း Course တစ်ခုခုကို ရှာဖွေပြီး သင်ယူလေ့လာနိုင်ပါတယ်။

ကွီးတို့ရော အခုလို ခေတ်ကြီးထဲမှာ ဘယ်စကေးကို တတ်မြောက်ထားသင့်တယ်လို့ ထင်ပါသလဲ။

Source: Indeed

Featured Image: Learn.g2