Sex Drive လို့ခေါ်တဲ့ လိင်စိတ်ဆန္ဒ ကျဆင်းတာဟာ ဟော်မုန်းမညီမျှခြင်း ၊ အဝလွန်ခြင်း ၊ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုများခြင်း ၊ ပင်ပန်းနွမ်းနယ်ခြင်း ၊ ဆေးဝါးများမှီဝဲရခြင်းနဲ့ ရာသီစက်ဝန်း စတာတွေကြောင့် သက်ဆိုင်ပါတယ်။ Sex Drive မြှင့်တင်ဖို့အတွက်ဆို နေထိုင်မှုပုံစံပြောင်းလဲခြင်းနဲ့ အစားအသောက်တွေဟာ ထိရောက်မှုအရှိဆုံးဖြစ်ပြီး ဒီထဲမှာတော့ ကြက်ဥဟာ လိင်စိတ်ဆန္ဒမြှင့်တင်ပေးဖို့နဲ့ အလုံးစုံ လိင်မှုဆိုင်ရာကျန်းမာရေးကို တိုးတက်ကောင်းမွန်စေနိုင်တယ်လို့ လူပြောများပါတယ်။ ကြက်ဥတွေဟာ ပရိုတင်းဓာတ်ပါဝင်မှု မြင့်မားသလို အာဟာရဓာတ်ကြွယ်ဝပြီး ထူးခြားတဲ့ ဓာတုဖွဲ့စည်းမှုတွေပါဝင်ကြောင့် လိင်မှုကျန်းမာရေးနဲ့ Libido ကို အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိစေတာပဲ ဖြစ်ပါတယ်။ ဗီတာမင် B (B6 နဲ့ B5) အုပ်စုတွေလည်း ပါဝင်တဲ့အတွက် Sex Drive ကို မြှင့်တင်ပေးပြီး စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုပြဿနာတွေကို သက်သာစေဖို့ အထောက်အကူ ပြုပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကြက်ဥတွေ မှာပါဝင်တဲ့ အာဟာရဓာတ်တွေနဲ့ ၎င်းတို့က တကယ်ပဲ လိင်စိတ်ဆန္ဒနဲ့ လိင်မှုရေးရာကျန်းမာရေးကို အထောက်အကူ ပြုသလားဆိုတာ ပြောပြပေးချင်ပါတယ်။

(၁) မရှိမဖြစ်တဲ့ အာဟာရဓာတ်တွေ ကြွယ်ဝတယ်

Eggs

Photo : Swolverine

ကြက်ဥတွေ မှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အပါအဝင် ကျွန်တော်တို့ ခန္ဓာကိုယ်က မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ အဆိုပါ ပြည့်ဝတဲ့ အာဟာရဓာတ်တွေဟာ လိင်မှုဆိုင်ရာ ကျန်းမာရေးအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပြီး ခန္ဓာကိုယ်ရဲ့ ဟော်မုန်းထုတ်လုပ်မှုနဲ့ ဟော်မုန်းပမဏ ထိန်းညှိမှုဆိုင်ရာ လုပ်ငန်းစဉ်တွေအတွက် အဓိက အရေးပါပါတယ်။

(၂) ပရိုတင်းဓာတ်ပါဝင်မှု မြင့်မားတယ်

Eggs

Photo : Kate’s Kitchen

လိင်မှုဆိုင်ရာ ဟော်မုန်းဓာတ်တွေ ထုတ်လုပ်ဖို့အတွက် လိုအပ်တဲ့ အရည်အသွေးမြင့် ပရိုတင်းဓာတ်တွေကို ကြက်ဥတွေ ကနေရနိုင်ပါတယ်။ ကြက်ဥဟာ ပရိုတင်းဓာတ်ရရှိနိုင်တဲ့ အကောင်းဆုံးအရင်းအမြစ် တစ်ခုဖြစ်ပြီး ပရိုတင်းဓာတ်က လိင်မှုဆိုင်ရာလုပ်ဆောင်မှုတွေမှာ ပါဝင်တဲ့ တစ်ရှူးတွေကို တည်ဆောက်ဖို့နဲ့ ပြန်လည်ပြုပြင်ပေးဖို့ အဓိကလုပ်ဆောင်ပေးပါတယ်။ ဒါ့အပြင် ကြက်ဥတွေက စွမ်းအင်ကို ထိန်းသိမ်းပေးထားပြီး ပင်ပန်းနွမ်းနယ်မှုနဲ့ အားအင်ကုန်ခမ်းခြင်းတွေကို ကာကွယ်ပေးတဲ့အတွက် အချိန်မတိုင်မီ သုက်လွှတ်ခြင်းနဲ့ လိင်အင်္ဂါချို့ယွင်းမှုအန္တရာယ်တွေကို လျှော့ချပေးဖို့ အထောက်အကူ ဖြစ်စေပါတယ်။

(၃) ဗီတာမင် B5 နဲ့ B6 ပါဝင်တယ်

Eggs

Photo : Medical News Today

ကြက်ဥတွေ မှာပါဝင်တဲ့ ဗီတာမင် B5 (Pantothenic Acid) နဲ့ ဗီတာမင် B6 (Pyridoxine) ၂ ခုလုံးဟာ လိင်မှုဆိုင်ရာ ဟော်မုန်းထုတ်လုပ်မှုအတွက် အဓိကအရေးပါတဲ့ နေရာကနေ ပါဝင်ပါတယ်။ အဆိုပါ ဗီတာမင်ဓာတ်တွေဟာ ဟော်မုန်းပမာဏကို ထိန်းညှိပေးပြီး ကျန်းမာတဲ့ Libido ကို ရရှိစေဖို့ ကူညီပေးပါတယ်။

(၄) ဇင့်ပါဝင်မှု များတယ်

Eggs

Photo : Fischer Family Farm

ကြက်ဥတွေ ဟာ Testosterone ထုတ်လုပ်မှုမှာ မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓာတ်တစ်ခုဖြစ်တဲ့ ဇင့်ဓာတ် အရင်းအမြစ်တစ်ခု ဖြစ်ပါတယ်။ Testosterone ဆိုတာဟာ အမျိုးသားရော အမျိုးသမီးတွေမှာပါ လိင်စိတ်ဆန္ဒနဲ့ စွမ်းဆောင်ရည်အတွက် အရေးပါတဲ့ ဟော်မုန်းတစ်မျိုးပါ။ ဇင့်ဓာတ်လုံလုံလောက်လောက် ရရှိခြင်းဟာ ကျန်းမာတဲ့ Testosterone ထုတ်လုပ်မှုကို အထောက်အကူ ဖြစ်စေမှာပဲ ဖြစ်ပါတယ်။

(၅) ကိုလင်း (Choline) ပါဝင်တယ်

Eggs

Photo : Healthline

ကိုလင်း (Choline) ဆိုတာ အကြမ်းဖျင်းပြောရရင် အာရုံကြောနဲ့ ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုး ဖြစ်ပါတယ်။ ကြက်ဥတွေ မှာ ကိုလင်း (Choline) ဓာတ် ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဦးနှောက်ရဲ့ ကျန်းမာတဲ့ လုပ်ဆောင်မှုတွေဟာ လိင်စိတ်ဆန္ဒနဲ့ လိင်စိတ်နိုးကြားတက်ကြွမှုအတွက် အရေးကြီးပါတယ်။

Source : Healthshots

Featured Photo : Healthshots