ကွီးတို့ စားသုံးတဲ့ အစားအစာပေါ် မူတည်ပြီး ကွီးတို့ ကျန်းမာရေးကို ခန့်မှန်းနိုင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွှတ်ပြီး အာဟာရ ပြည့်ဝတဲ့ အစားအစာများ စားသုံးတဲ့သူဆိုရင် ကွီးတို့ရဲ့ ခန္ဓာကိုယ်က ကျန်းမာရေးကောင်းပြီး ဒေါင်ဒေါင်မြည်နေမှာ အမှန်ပါပဲ။ ဒါပေမဲ့ ကြာရှည်ခံ အစားအစာများ များများ စားသုံးမယ်ဆိုရင်တော့ ကျန်းမာရေး အားနည်းပြီး ချစ်တင်းနှော နိုင်မှာတောင် မဟုတ်ပါဘူး။
ကြာရှည်ခံ အစားအစာများ များများ စားသုံးလေ၊ ကွီးတို့ရဲ့ ချစ်တင်းနှော ချင် စိတ်ကလေ ကျဆင်းလေပါပဲ။
ဘာ့ကြောင့် ကြာရှည်ခံ အစားအစာများက ကွီးတို့ရဲ့ ချစ်တင်းနှော ချင် စိတ်ကို လျော့ကျသွားစေတာလဲ
အချို့သော အစားအစာများက ကွီးတို့ရဲ့ ခန္ဓာကိုယ်တွင်းရှိ ဟော်မုန်း ပမာဏကို လွှမ်းမိုး ချုပ်ကိုင်ထားပါတယ်။ ဥပမာ ပြောရမယ်ဆိုရင်တော့ အဆီဓာတ် လွန်ကဲတဲ့ အစားအစာများ၊ အချိုလွန်ကဲတဲ့ အစားအစာများ၊ ဓာတုပစ္စည်း ပါဝင်မှု များတဲ့ ကြာရှည်ခံ အစားအစာများက ကွီးတို့ ခန္ဓာကိုယ်တွင်းရှိ ဟော်မုန်းများကို မညီမျှမှု ဖြစ်စေပြီး Libido လို့ ခေါ်တဲ့ လိင်စိတ် တပ်မက်မှုကို လျော့ကျသွားစေပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များ၊ ပရိုတင်းဓာတ်များ၊ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ သဘာဝ အဆီဓာတ်တို့က ဟော်မုန်းများကို ညီမျှအောင် ထိန်းညှိပေးပြီး ကျန်းမာရေးနဲ့ အညီ ချစ်တင်းနှော ဖို့ရန်အတွက် လိင်စိတ်ကို နှိုးဆွပေးပါတယ်။
လုံလောက်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်များကို မစားသုံးရင်ရော ဘာဖြစ်တတ်သလဲ
တကယ်လို့ ကွီးတို့ ခန္ဓာကိုယ်က ဇင့်ဓာတ်၊ ဗီတာမင် စီ၊ ဗီတာမင် B12 အစရှိတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်များ၊ အာဟာဓာတ်များ လျော့နည်းနေမယ်ဆိုရင်တော့ ချစ်တင်းနှော ချင် စိတ်ကိုလည်း လျော့ကျစေနိုင်ပါသေးတယ်။ ဘာ့ကြောင့်လဲဆိုတော့ ထိုအာဟာရဓာတ်များက ဟော်မုန်း ထွက်အောင် လှုံ့ဆော်ပေးမှာဖြစ်ပြီး ချစ်တင်းနှော ချင် စိတ်ကို ဖြစ်ပေါ်စေကာ ကွီးတို့ကို ကျန်းမာရေးနဲ့အညီ ချစ်တင်းနှော နိုင်အောင် ကူညီပေးမှာပဲ ဖြစ်ပါတယ်။
ကျန်းမာရေးနဲ့ ညီညွှတ်အောင် စားသုံးမယ်ဆိုရင်
ကျန်းမာရေးနဲ့အညီ စားသုံးခြင်းက ကွီးတို့ရဲ့ ချစ်တင်းနှော ချင်တဲ့အချိန်မှာ ချစ်တင်းနှော ချင် စိတ် ပေါ်လာအောင် ကူညီပေးနိုင်ပြီး ကျန်းမာတဲ့ နေထိုင်ပုံ စနစ်ကြောင့် သွေးလှည့်ပတ်မှုလည်း ကောင်းလာပြီး နှလုံး သွေးကြောကျဥ်းရောဂါ ခံစားရခြင်းမှလည်း ကင်းဝေး စေပါလိမ့်မယ်။ ဒါတင်မကသေးပါဘူး။ စိတ်ကျန်းမာရေးအတွက်လည်း ကောင်းမွန်စေပြီး စိတ်ဖိစီးမှုများ ကင်းဝေးအောင် ကူညီပေးနိုင်ပါသေးတယ်။
ကွီးတို့လည်း ကိုယ့်ရဲ့ ကိုယ်ခန္ဓာ ကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ မျိုးပွားအင်္ဂါ ကျန်းမာရေး စတဲ့ အလုံးစုံသော ကျန်းမာရေးကို ထည့်သွင်းစဥ်းစားတယ်ဆိုရင်တော့ ကြာရှည်ခံ အစားအစာများ စားသုံးခြင်းကို အခုပဲ ရပ်တန်းက ရပ်သင့်ပြီး ကျန်းမာရေးနဲ့ ညီညွှတ်ပြီး အာဟာရ ပြည့်ဝတဲ့ အစားအစာများကို စတင် စားသုံးသင့်ပါတယ်။
Source: Bodylogicmd
Featured Image: Freepik