ဂိမ်းဆော့ရတာ ကြိုက်တဲ့သူတွေ၊ ဂိမ်းဝါသနာရှင်တွေကတော့ ဂိမ်းဆော့ဖို့အတွက် ဆက်စပ်ပစ္စည်းတွေကိုလည်း အမြဲတမ်း အသစ်အသစ်တွေ တပ်ဆင်အသုံးပြုတတ်ကြပါတယ်။ ဒီနေ့မှာတော့ ဂိမ်းဆော့ရတာ ကြိုက်တဲ့ ကွီးတို့အတွက် အကောင်းဆုံး ကြိုးမဲ့ ကီးဘုတ် များ ကို ဖော်ပြပေးချင်ပါတယ်။
(၁) Razer BlackWindow V3 Pro

Photo : Amazon
ဂိမ်းဆော့ဖို့အတွက် အကောင်းဆုံး ကြိုးမဲ့ ကီးဘုတ် ကို ရှာဖွေနေတဲ့ ကွီးတို့အတွက် ပထမဆုံးဖော်ပြပေးချင်တာ ကတော့ Razer BlackWindow V3 Pro ပဲ ဖြစ်ပါတယ်။ ဒီ ကီးဘုတ် ဟာ အကောင်းဆုံး Gaming ကီးဘုတ် တစ်ခုလို့ပြောလို့ရပါတယ်။ သူ့ရဲ့ အလေးချိန်ကတော့ ၁.၄ ကီလိုဂရမ် ရှိပြီး ဘတ်ထရီသက်တမ်းက ၁၃ နာရီအပြည့်အဝ ခံပါတယ်။ Wirless ဖြစ်တဲ့အတွက် မည်သည့်စက်နဲ့မဆို အလွယ်တကူ ချိတ်ဆက်နိုင်ပါတယ်။ ဈေးနှုန်းကတော့ ၂၄၉.၉၉ ဒေါ်လာခန့်ကျသင့်မှာ ဖြစ်ပါတယ်။
(၂) Corsair K63 Wireless

Photo : Currys
နောက်ထပ်အမိုက်စား Gaming ကီးဘုတ် တစ်ခုကတော့ Corsair K63 Wireless ပဲ ဖြစ်ပါတယ်။ သူရဲ့ ကျစ်လစ်တဲ့ ဒီဇိုင်းနဲ့ နာရီ ၂၀ ခန့် ခံသော ဘတ်ထရီသက်တမ်းက ကွီးတို့ အကြိုက်တွေ့စေမှာပါ။ သူ့ရဲ့ အလေးချိန်ကတော့ ၁.၉ ကီလိုဂရမ် ရှိပါတယ်။ ဈေးနှုန်းကတော့ ၁၀၇ ဒေါ်လာ ခန့်ကျသင့်မှာ ဖြစ်ပါတယ်။
(၃) Logitech G9 Lightspeed

Photo : Logitech G
Logitech G9 Lightspeed ကီးဘုတ်ကတော့ ပြောင်မြောက်သော စက်ခလုတ်များနဲ့ ၎င်းရဲ့ ပါးလွှာသောဒီဇိုင်းကြောင့် အကောင်းဆုံး ကြိုးမဲ့ ကီးဘုတ် များထဲမှ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ သူရဲ့ အလေးချိန်ကတော့ ၁.၀၂ ကီလိုဂရမ် ရှိပြီး ဘတ်ထရီ သက်တမ်းကတော့ နာရီပေါင်း ၃၀ အထိခံတဲ့ အတွက် တကယ်ကိုရွေးချယ်စရာပါပဲ။ ဈေးနှုန်းကတော့ ၁၆၉.၉၉ ဒေါ်လာခန့်ကျင့်မှာ ဖြစ်ပါတယ်။
(၄) Razer BlackWindow V3 Mini Hyperspeed

Photo : speakingpiecesboutique
ကျစ်လစ်တဲ့ အရွယ်အစားနဲ့ Mini ကီးဘုတ်ကို ရှာဖွေနေတယ်ဆိုရင်တော့ Razer BlackWindow V3 Mini Hyperspeed က ရွေးချယ်ဖို့အကောင်းဆုံးပါပဲ။ ဘတ်ထရီသက်တမ်းကတော့ ၁၇ နာရီအထိ ခံပါတယ်။ သူရဲ့ဈေးနှုန်းကတော့ ၁၁၈.၆၁ ဒေါ်လာ ခန့်ကျသင့်မှာ ဖြစ်ပါတယ်။
(၅) Corsair K7 Pro Mini Wireless

Photo : Prosetting Net
ဒီဇိုင်းအမိုက်စားလည်းဖြစ်ရမယ်၊ ကျစ်လစ်တဲ့ ကိုယ်ထည်နဲ့ ဘတ်ထရီသက်တမ်း အချိန်အတော်ကြာခံတဲ့ Gaming ကြိုးမဲ့ ကီးဘုတ် ကတော့ Corsair K7 Pro Mini Wireless ပဲဖြစ်ပါတယ်။ သူရဲ့ ဘတ်ထရီသက်တမ်းကတော့ ၃၂ နာရီ အပြည့်အဝခံပါတယ်။ ပေါ့ပါးတဲ့ အလေးချိန်နဲ့ ဒီကီးဘုတ်ရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၁၇၉.၉၉ ကျသင့်မှာ ဖြစ်ပါတယ်။
Source : Gamerader +
Featured Photo : PCGamesN
 
											
				 
									 
	 
	 
	 
	 
	 
	