အောင်မြင်ဖို့ ဆိုတာ ကိုယ်တိုင်ပဲ လုပ်ယူရတဲ့ အရာဖြစ်ပါတယ်။ ဒီလို ကိုယ်တိုင်ဖန်တီးယူရာမှာ သဘောထားမှန်ကန်ဖို့လိုပါတယ်။ အထက်ရောက် ပြီးရောဆိုပြီး တရားလက်လွတ် လုပ်တဲ့သူဟာ ကြီးကျယ်မြင့်မြတ်တဲ့ The Great Man အဆင့်ကို ဘယ်တော့မှ ရောက်လာမှာ မဟုတ်ပါဘူး။ အောင်မြင်ကြီးမြတ်ဖို့အတွက် ရှေ့က The Great Men တွေ လုပ်ခဲ့တဲ့ လမ်းကြောင်းကို ကြည့်လိုက်ရအောင်ပါ။
(၁) အဖိုးအခလိုတယ်
Photo : Pexels
အပေါ်မှာ ပြောခဲ့သလိုပါပဲ။ အောင်မြင်ဖို့အတွက် ကိုယ်တိုင်ပဲ လုပ်ယူရတာပါ။ ဆုတောင်းရုံနဲ့ ပူဆာနေရုံနဲ့ ရလာမှာ မဟုတ်ပါဘူး။ အောင်မြင်ရေးအတွက် အဖိုးအခကတော့ လေ့လာသင်ကြားမှုတွေ ၊ ဖန်တီးပုံဖော်မှုတွေ ၊ အဆက်အသွယ် အချိတ်အဆက် တည်ဆောက်မှုတွေ ၊ ကိုယ့်ပန်းတိုင်ဆီ ရောက်အောင် စဉ်ဆက်မပြတ် ကြိုးစားနေမှုတွေအပေါ် ကိုယ့်အချိန်ကို ရင်းနှီးမြှပ်နှံမှု လုပ်ရတာပါ။ သူများထက် မြင့်မြင့် ရောက်ချင်သူဟာ များများ ရင်းနှီးရပါတယ်။ ဒါဟာ အောင်မြင်ဖို့ အရင်ပေးရတဲ့ အဖိုးအခပဲ ဖြစ်ပါတယ်။
(၂) ကိုယ့်ကို မုန်းသူတွေကို လျစ်လျူရှုပါ
Photo : Pexels
အရှုံးသမားကနေ အောင်မြင်ကျော်ကြား လူချွန်များအထိ ကိုယ့်ကို မလိုလားတဲ့ အတိုက်အခံသမားဆိုတာ ရှိစမြဲပါ။ မုန်းတီးစိတ် သက်သက်နဲ့ အကျိုးမဲ့ လာပြီး တိုက်ခိုက်သူတွေကို ဂရုစိုက်စရာ မလိုပါဘူး။ အောင်မြင်လေလေ ကိုယ်ဟာ အများရဲ့ မြင်ကွင်းမှာ ထင်းထင်းကြီး ဖြစ်လာပြီး သိသူရော မသိသူပါ မုန်းချင်လာပါလိမ့်မယ်။ ကိုယ့်ကို Negative Comments တွေ ပေးတာနဲ့ပဲ စိတ်ပျက်စရာ မလိုပါဘူး။ အောင်မြင်ကြီးပွားဖို့ လူတကာကို လိုက်ပြီး မနာလို ဝန်တိုနေတဲ့ တချို့လူတွေကို ဂရုစိုက်စရာ မလိုဘူးလို့ အမြဲပဲ သတိရလိုက်ပါ။
(၃) အဓိပ္ပါယ်ရှိတဲ့ ပူးပေါင်းဆောင်ရွက်မှု ရွေးပါ
Photo : Pexels
အလုပ်တစ်ခုခု လုပ်ဖို့အတွက် အဖွဲ့တစ်ခုခု ဖွဲ့စည်းတော့မယ်ဆိုရင် မဖွဲ့စည်းခင် လူတစ်ယောက်ချင်းစီရဲ့ စရိုက်သဘာဝကို ကောင်းကောင်းကြီး အကဲဖြတ်သုံးသပ်နိုင်တဲ့ Skills မျိုး လေ့ကျင့်မွေးမြူထားပါ။ အောင်မြင်ဖို့ အထောက်အပံ့တွေ ၊ ပေါင်းစည်း ချိတ်ဆက်မှုတွေ လိုပါတယ်။ လူတစ်ယောက် ကြီးကျယ်မြင့်မြတ်ချင်ရင် ရေရှည်လက်တွဲနိုင်မယ့် နားလည်မှုရှိတဲ့ ဇနီးမယား ၊ ထက်မြက်ပြီး စိတ်ဓါတ်ကောင်းတဲ့ လုပ်ဖော်ကိုင် ဖက်ကို ရွေးချယ်နိုင်ဖို့ လိုပါတယ်။
(၄) ပြန်ရုန်းထဖို့ မကြောက်ပါနဲ့
Photo : Pexels
အောင်မြင်တဲ့ လူတစ်ယောက်စီရဲ့ ခရီးစဉ်တိုင်းမှာ ကိုယ့်ကိုယ်ကိုယ် ပြန်တီထွင်နိုင်မှု ၊ ကိုယ့် Passion နောက် မျက်ခြေမပြတ် လိုက်နိုင်မှုတို့က သိပ်အရေးကြီးပါတယ်။ လုပ်မှားကိုင်မှားတွေကြောင့် လမ်းမှားရောက်သွားတဲ့အခါ ပိုကောင်းတဲ့ လမ်း ပြန်ရှာဖို့ ကိုယ့်ကိုယ်ကိုယ် ပြန်တီထွင်ဆန်းသစ်ရဲဖို့ လိုပါတယ်။ Industry သစ်တစ်ခုထဲ ဝင်ရောက်ဖို့ ဆိုရင် ကိုယ့်ရဲ့ ပုဂ္ဂိုလ်ရေးအမြင်တွေပြောင်းသင့်တာ ပြောင်းဖို့ လိုပါတယ်။ ကိုယ့်ရဲ့ သည်းခံမှု ၊ ဇွဲ နဲ့ အနာဂါတ်မျှော်လင့်ချက်တွေနဲ့ ရုန်းကန်ရဲတဲ့ သတ္တိလိုပါတယ်။
ဒီအချက်တွေက အောင်မြင် ကြီးကျယ်သူတို့ လမ်းဖောက်ရာမှာ သုံးခဲ့တဲ့ နည်းနာတွေထဲက တချို့ပါပဲ။ ဒီလောက်နဲ့ အောင်မြင်တဲ့သူ ဖြစ်လာဖို့ မသေချာပေမယ့် အောင်မြင်ဖို့ ဒီလို အခြေခံအချက်အလက်တွေတော့ မဖြစ်မနေ လိုမှာ အသေအချာပါပဲ။
Featured Photo : Inc