ကွီးတို့က အားကစားသမား သို့မဟုတ် Bodybuilder တစ်ယောက်ဆိုရင်တော့ ကြွက်သားထုတက်ဖို့ Protein Shakes တွေက အကောင်းဆုံးရွေးချယ်မှု တစ်ခုဖြစ်ပါတယ်။ လေ့ကျင့်ခန်းမလုပ်နဲ့ လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ ပရိုတင်းဖြည့်စွက်စာတွေ စားသုံးပေးတာဟာ ကြွက်သားတက်စေဖို့ များစွာ အထောက်အကူ ဖြစ်စေပါတယ်။ ပရိုတင်းဖြည့်စွက်စာတွေဟာ အဆီဆုံးရှုံးမှုကို မြန်စေပြီး စွမ်းအင်ပြည့်ဝဖို့နဲ့ ကြွက်သားတွေ Recovery ဖြစ်စေဖို့အတွက် အဓိက ကူညီပေးပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အားကစားသမားတွေနဲ့ Bodybuilder တွေအတွက် ကြွက်သားထု တည်ဆောက်ရာမှာ အထောက်ကူပြုမယ့် အရသာရှိတဲ့ အိမ်လုပ် Protein Shakes ဖျော်စပ်နည်း ၅ မျိုးကို မျှဝေပေးချင်ပါတယ်။

(၁) Hot Cocoa

Photo : StyleCraze

ပါဝင်ပစ္စည်းများ

အဆီထုတ်နွားနို့ ၁ ခွက်
နို့ချောကလက် သို့မဟုတ် ကိုကိုး ၁ ခွက်
Whey ပရိုတင်းမှုန့် ၁ ဇွန်း
အဆီနည်း Cottage Cheese ခွက်တဝက်

ဖျော်စပ်နည်းအဆင့်ဆင့်

Blender ထဲကို ပါဝင်ပစ္စည်းတွေအားလုံးကို ရောထည့်ပြီး ရေနွေးခွက်တဝက်ခန့် ထည့်ကာ မိနစ်အနည်းငယ်ခန့် မွှေပေးပါ။ ပါဝင်ပစ္စည်းတွေ ကောင်းကောင်း ရောနှောသွားတဲ့အထိ စက်နဲ့သေချာ မွှေပြီးပြီဆိုရင်တော့ နှစ်သက်ရာ ဖန်ခွက်ထဲ ထည့်ပြီး သုံးဆောင်နိုင်ပါပြီ။

သောက်ရန်အကောင်းဆုံးအချိန်

ညစာစားချိန် သို့မဟုတ် လေ့ကျင့်ခန်းလုပ်ပြီးချိန်

(၂) Chocolate Almond Brownie

Photo : StyleCraze

ပါဝင်ပစ္စည်းများ

အဆီထုတ်နွားနို့ ၁ ခွက်
Whey ပရိုတင်းမှုန့် ၁ ဇွန်း
လှီးထားတဲ့ Almond  ခွက်တဝက်
Brownie ၁ ခု

ဖျော်စပ်နည်းအဆင့်ဆင့်

အရင်ဆုံး Blender ထဲမှာ အဆီထုတ်နွားနို့နဲ့ Whey ပရိုတင်းမှုန့်ကိုရောပြီး သမသွားတဲ့အထိ မွှေပေးပါ။ ထို့နောက်ရလာတဲ့ Protein Shakes ဖျော်ရည်ကို ဖန်ခွက်ထဲ ပြောင်းထည့်ပြီး အပေါ်ကနေ Almond နဲ့ Brownie တို့ ရောထည့်ကာ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

သောက်ရန်အကောင်းဆုံးအချိန်

လေ့ကျင့်ခန်းမလုပ်မီ

(၃) Coffee Shake

Photo : StyleCraze

ပါဝင်ပစ္စည်းများ

ကော်ဖီပူ ၁ ခွက်
ပျားရည် ၂ ဇွန်း
ချောကလက်အရသာ Whey ပရိုတင်းမှုန့် ၁ ဇွန်း

ဖျော်စပ်နည်းအဆင့်ဆင့်

ကော်ဖီပူပူတစ်ခွက်ထဲကို ပျားရည် ၂ ဇွန်းနဲ့ ချောကလက်အရသာ Whey ပရိုတင်းမှုန့် တစ်ဇွန်းတို့ ရောထည့်ပြီး ပါဝင်ပစ္စည်းတွေ အားလုံးရောနှောသွားတဲ့အထိ သေချာဇွန်းနဲ့ မွှေပေးပြီး (Blender မလို) သောက်သုံးလို့ရပါပြီ။

သောက်ရန်အကောင်းဆုံးအချိန်

လေ့ကျင့်ခန်းမလုပ်မီ ( လေ့ကျင့်ခန်း မလုပ်မီ ကဖိန်းဓာတ်ပါတဲ့ ဖျော်ရည်တွေသောက်သုံးပေးတာဟာ လေ့ကျင့်ခန်းလုပ်ချိန်မှာ စွမ်းဆောင်ရည် အမြင့်ဆုံးမြှင့်တင်ဖို့ ကူညီပေးတယ်လို့ International Society Of Sports Nutrition ရဲ့လေ့လာမှုတစ်ခုမှာ ဖော်ပြထားပါတယ်။)

(၄) Banana Shake

Photo : StyleCraze

ပါဝင်ပစ္စည်းများ

ချောကလက်အရသာ ပရိုတင်းမှုန့် ၂ ဇွန်း
အချိုမပါတဲ့ Almond Milk ၁ ခွက်
အလယ်အလတ်ဆိုဒ် ငှက်ပျောသီး ၁ လုံး
အနက်ရောင်ချောကလက် Chips ၁ ဇွန်း
သစ်ကြံပိုးခေါက်မှုန့် အနည်းငယ်

ဖျော်စပ်နည်းအဆင့်ဆင့်

အရင်ဆုံး Blender ထဲမှာ Almond Milk နဲ့ ချောကလက်အရသာ ပရိုတင်းမှုန့်ကိုရောပြီး ကောင်းစွာရောနှောသွားတဲ့အထိ မွှေပေးပါ။ ထို့နောက် ငှက်ပျောသီးကို ထပ်ထည့်ပြီး ထပ်မံ မွှေပေးရပါမယ်။ နောက်ဆုံးအနေနဲ့ အနက်ရောင်ချောကလက် Chips နဲ့ သစ်ကြံပိုးခေါက်မှုန့် ရောထည့်မွှေပြီး သုံးဆောင်နိုင်ပါပြီ။

သောက်ရန်အကောင်းဆုံးအချိန်

Gym မသွားခင် သို့မဟုတ် လေ့ကျင့်ခန်းမလုပ်မီ ကြိုသောက်ရန် (ငှက်ပျောသီးနဲ့ ဖျော်စပ်တဲ့ Protein Shakes ဖျော်စပ်နည်းတွေကတော့ အမျိုးမျိုး ရှိပါတယ်။ ဒါပေမယ့် ချောကလက်အရသာ ပရိုတင်းမှုန့်နဲ့ အနက်ရောင်ချောကလက်ကို ငှက်ပျောသီးနဲ့ ရောဖျော်တာဟာ အရသာမှာ ပိုမိုထူးခြားကောင်းမွန်စေတဲ့ ဖျော်စပ်နည်းတစ်မျိုး ဖြစ်ပါတယ်။)

(၅) Strawberry Chia High Protein Smoothie

Photo : StyleCraze

ပါဝင်ပစ္စည်းများ

စတော်ဘယ်ရီသီး ခွက်တဝက်ခန့်
အဆီထုတ်ဒိန်ချဉ် ၁ ခွက်
ချီယာစေ့ ၁ ဇွန်း
Vanilla အရသာ ပရိုတင်းမှုန့် ၂ ဇွန်း
သစ်ကြံပိုးခေါက်မှုန့် အနည်းငယ်
ရေ

ဖျော်စပ်နည်းအဆင့်ဆင့်

ရေစိမ်ထားတဲ့ ချီယာစေ့နဲ့ သစ်ကြံပိုးခေါက်မှုန့်ကလွဲရင် ပါဝင်ပစ္စည်းတွေ အားလုံးကို Blender ထဲမှာ ရောထည့်ပြီး သမအောင်မွှေပေးရပါမယ်။ Protein Shakes ရဲ့ အပျစ်အကျဲပေါ်မူတည်ပြီး ရေကိုလိုသလို အတိုးအလျော့ထည့်ဖျော်နိုင်ပါတယ်။ နောက်ဆုံးအနေနဲ့ ချီယာစေ့နဲ့ သစ်ကြံပိုးခေါက်မှုန့်တို့ထည့်မွှေပြီး အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

သောက်ရန်အကောင်းဆုံးအချိန်

လေ့ကျင့်ခန်းမလုပ်မီ

Featured Photo : T-Nation