ကွန်ဒုံးတွေဟာ လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါပိုးတွေနဲ့ ကြိုတင်မျှော်လင့်မထားတဲ့ ကိုယ်ဝန်ရနိုင်ခြေကို လျှော့ချပေးနိုင်တဲ့ အကောင်းဆုံး အကာအကွယ် တစ်ခုပါ။ ဒါပေမယ့် နည်းမှန်လမ်းမှန်နဲ့ စနစ်တကျ အသုံးပြုတက်ဖို့ အရေးကြီးပါတယ်။ ဒီတစ်ခေါက်တော့ ကွန်ဒုံး တွေနဲ့ ပတ်သတ်ပြီး ကွီးတို့ သတိထား ရှောင်ကြဉ်ရမယ့် အရာတွေကို မျှဝေပေးချင်ပါတယ်။
(၁) သက်တမ်းလွန် ကွန်ဒုံးတွေကို မသုံးပါနဲ့
Photo : Palmetto Community Care
သက်တမ်း ကုန်ဆုံးနေတဲ့ ကွန်ဒုံးတွေ လုံးဝ (လုံးဝ) အသုံးမပြုသင့်ပါဘူး။ သက်တမ်းလွန် ကွန်ဒုံးတွေဟာ အာနိသင်လျော့ကျနေပြီး အလွယ်တကူ ပေါက်ပြဲလွယ်ပါတယ်။ ဒါကြောင့် မမျှော်လင့်ပဲ ကိုယ်ဝန်ရသွားတာ ၊ လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါတွေ ကူးစက်ခံရတာ စတဲ့ အခြေအနေတွေ ကြုံတွေ့ခံရနိုင်ခြေ များပါတယ်။
(၂) ချွန်ထက်တဲ့ အရာတွေနဲ့ မဖောက်ပါနဲ့
Photo : myDr.com.au
ကွန်ဒုံး ဖောက်ရာမှာ လက်သည်းရှည် ၊ သွား သို့မဟုတ် ကတ်ကြေးကဲ့သို့ ချွန်ထက်တဲ့ အရာတွေကို အသုံးပြုပြီး ဖောက်မယ်ဆိုရင် ကွန်ဒုံးအတွင်းသားကို မတော်တဆ ပေါက်ပြဲသွားစေ တက်ပါတယ်။ ဒါကြောင့် ကွန်ဒုံးတွေကို ဘယ်တော့မှ ချွန်ထက်တဲ့ အရာတွေနဲ့ မဖောက်ပါနဲ့။
(၃) ကွန်ဒုံး နှစ်ထပ် မသုံးပါနဲ့
Photo : Diario Público
ကွန်ဒုံးကို တစ်ကြိမ်လျှင် တစ်ခုတည်းကိုပဲ စနစ်တကျ အသုံးပြုရမှာ ဖြစ်ပါတယ်။ တစ်ကြိမ်တည်းမှာ ကွန်ဒုံး နှစ်ထပ် အသုံးပြုတာမျိုး လုံးဝမလုပ်သင့်ပါဘူး။ ဒါက ချစ်တင်းနှောချိန်မှာ ပွတ်တိုက်မှုကို ဖြစ်စေပြီး အလွယ်တကူ ပေါက်ပြဲသွားစေ နိုင်ပါတယ်။
(၄) ဆီအခြေခံ ချောဆီတွေနဲ့ တွဲမသုံးပါနဲ့
Photo : World Health Organization (WHO)
ကွန်ဒုံးတွေကို Baby Oil ၊ Lotion နဲ့ Petroleum Jelly ကဲ့သို့ ဆီအခြေခံ ချောဆီတွေနဲ့ တွဲမသုံးသင့်ပါဘူး။ ဆီအခြေခံ ချောဆီတွေက ကွန်ဒုံး တွေကို ကွဲထွက်ပေါက်ပြဲနိုင်ခြေ တိုးစေလို့ပါ။
(၅) ကွန်ဒုံးတွေကို နောက်တစ်ကြိမ် ပြန်မသုံးပါနဲ့
Photo : Morula IVF
ကွန်ဒုံးတွေဟာ တစ်ကြိမ်သုံး အတွက်ပဲ ထုတ်ထားတာပါ။ ကွန်ဒုံးတစ်ခုကို တစ်ကြိမ်ထက်ပိုပြီး အသုံးပြုမယ် ၊ အသုံးပြုပြီးသား ကွန်ဒုံးတွေကို နောက်တစ်ကြိမ် ပြန်သုံးမယ်ဆိုရင် ရောဂါပိုး အလွယ်တကူ ကူးစက်ခံရနိုင်ခြေ များသလို ချစ်တင်းနှော ချိန်မှာ ကွန်ဒုံးတွေ အလွယ်တကူ ပေါက်ပြဲနိုင်ပါတယ်။ ဒါကြောင့် ချစ်တင်းနှော ချိန်မှာ တစ်ကြိမ်လျှင် ကွန်ဒုံးတစ်ခုကိုသာ အသုံးပြုပေးပါ။
Source : Healthwire
Featured Photo : Mamavation