ကွန်ဒုံးတွေကို ကွီးတို့ ဘယ်တော့မှ လက်လွှတ်စပယ် မသုံးသင့်ပါဘူး။ လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါပိုးတွေနဲ့ ကြိုတင်မျှော်လင့် မထားတဲ့ ကိုယ်ဝန်ရနိုင်ခြေကို အထိရောက်ဆုံး တားဆီးကာကွယ်ချင်တယ် ၊ လုံခြုံစိတ်ချရတဲ့ လိင်မှုဘဝကို ပိုင်ဆိုင်ချင်တယ်ဆိုရင် ကွန်ဒုံး တွေကို အသုံးမပြုခင်မှာ ကွီးတို့ အမြဲတမ်း စစ်ဆေးရမယ့် အချက်တွေ ရှိပါတယ်။ ဘာတွေဖြစ်မလဲဆိုတာ လေ့လာကြည့်ရအောင်ပါ။

(၁) ထုပ်ပိုးမှု ပုံစံပျက်မပျက် စစ်ဆေးပါ

Condoms

Photo : Gizmodo

ကွန်ဒုံးသုံးတော့မယ်ဆိုရင် ပထမဆုံးအနေနဲ့ ထုတ်ပိုးမှု ပုံစံအနေအထား ယို့ယွင်းမှု ရှိမရှိကို စစ်ရပါမယ်။ အထုပ်မှာ ပေါက်ရာပြဲရာ ရှိနေလား ၊ ဖောက်ထားတဲ့ အရာရှိလား ၊ ကွန်ဒုံးအိတ်က အရောင်မှိန်ဖျော့နေလား စတဲ့ အချက်တွေကို စစ်ဆေးကြည့်ပါ။ ဒီလို ချို့ယွင်းချက် တစ်စုံတစ်ရာ ရှိနေတယ်ဆိုရင် အဲ့ဒီကွန်ဒုံးကို လုံးဝအသုံးမပြု သင့်ပါဘူး။

(၂) သက်တမ်း ကုန်ဆုံးရက်ကို စစ်ပါ

Condoms

Photo : myDr.com.au

ကွန်ဒုံး အထုပ်မှာ မြင်သာတဲ့ ချို့ယွင်းချက်ရှိမရှိကို စစ်ဆေးပြီးရင်တော့ သက်တမ်းကုန်ဆုံးရက်ကို ထပ်စစ်ရပါမယ်။ ပုံမှန်အားဖြင့် ကွန်ဒုံးတွေဟာ နှစ်နဲ့ချီပြီး အထားခံအောင် အထူးပြု ထုတ်ထားပါ။ ဒါပေမယ့် သက်တမ်းကုန်ဆုံးရက်နဲ့ နီးကပ်နေပြီ သို့မဟုတ် သက်တမ်းကုန်ဆုံးရက်ထပ် ကျော်လွန်နေပြီ ဆိုရင်တော့ မသုံးသင့်တော့ပါဘူး။ ကွန်ဒုံးရဲ့ အာနိသင်ဟာ လျော့ကျနေပြီ ဖြစ်တဲ့အတွက် အန္တရာယ်ရှိပါတယ်။

(၃) Latex ကွန်ဒုံး ဟုတ်မဟုတ် စစ်ပါ

Condoms

Photo : Verywell Health

အခြေခံအားဖြင့် အသုံးအများဆုံး ကွန်ဒုံးအမျိုးအစားကတော့ Latex ကွန်ဒုံးတွေပါပဲ။ Latex ကွန်ဒုံးတွေက လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါပိုးတွေနဲ့ ကြိုတင်မျှော်လင့်မထားတဲ့ ကိုယ်ဝန်ရနိုင်ခြေကို အထိရောက်ဆုံး ကာကွယ်ပေးပါတယ်။ နေရာမရွေး အလွယ်တကူ ဝယ်ယူရလွယ်ပြီး ဈေးနှုန်းသက်သာတဲ့ ကွန်ဒုံးအမျိုးအစား တစ်ခုဆိုလည်း မမှားပါဘူး။ ဖြစ်တောင့်ဖြစ်ခဲ Latex နဲ့ ဓာတ်မတည့်သူတွေကတော့ Polyurethane ကွန်ဒုံး ၊ Lambskin ကွန်ဒုံးနဲ့ သိုးအူကနေ ထုတ်ထားတဲ့ ကွန်ဒုံးအမျိုးအစားတွေကို‌ ရွေးချယ်သုံးနိုင်ပါတယ်။

(၄) အသုံးပြုမှု လမ်းညွှန်ချက်ကို စစ်ပါ

Condoms
Photo : South China Morning Post

ကွန်ဒုံးအမျိုးအစားတွေက အများကြီး ရှိပါတယ်။ ပုံမှန် ဆက်ဆံမှုအတွက် သုံးတဲ့ ကွန်ဒုံးတွေ ရှိသလို ၊ ပါးစပ်နဲ့ ဆက်ဆံတဲ့အခါ အသုံးပြုတဲ့ အရသာသွင်း ကွန်ဒုံးတွေလည်း ရှိပါတယ်။ အရသာ ပါဝင်တဲ့ ကွန်ဒုံးတွေဟာ ပါးစပ်နဲ့ ဆက်ဆံချိန်မှာပဲ အသုံးပြုဖို့ ထုတ်လုပ်ထားတာပါ။ အကယ်၍ အတူနေချိန်မှာ အရသာ ပါဝင်တဲ့ ကွန်ဒုံးတွေကို သုံးမယ်ဆိုရင် သင့်ပါတနာမှာ ဓာတ်မတည့်မှု ပြဿနာ ဖြစ်နိုင်တယ်ဆိုတာကို သတိပြုပါ။

Source : Healthshots

Featured Photo : SBS