လူနှစ်ယောက်ကြားက အချစ်တွေ ဒိတ်လွန်သွားရင် ပေါ့ပျက်ပျက်နဲ့ မလေးနက်တော့ သလိုပါပဲ။ ကွန်ဒုံးတွေ သက်တမ်းကုန် သွားရင်လည်း အာနိသင် လျော့သွားပြီး ကြိုတင်မျှော်လင့်မထားတဲ့ ကိုယ်ဝန်နဲ့ ရောဂါပိုးမွှား ကူးစက်မှုတွေကို ကောင်းကောင်း ကာကွယ်မှု မပေးနိုင်တော့ပါဘူး။ ကွန်ဒုံး တစ်ခု သက်တမ်းကုန်/မကုန် ဆိုတာကို ကွီးတို့ ဘယ်လိုသိနိုင်မလဲ ? အခုပြောပြမယ့် အချက်တွေကို လေ့လာကြည့်လိုက်ပါ။

Condom

Photo : Women’s Health

ကွန်ဒုံးတွေမှာ ပုံမှန်အားဖြင့် ထုတ်လုပ်တဲ့ ရက်စွဲနဲ့ သက်တမ်းကုန် ဆုံးရက်ကို ဖော်ပြထားလေ့ ရှိပါတယ်။ အဆိုပါ ရက်စွဲကိန်းဂဏန်းတွေကို ကွန်ဒုံးရဲ့ အိတ်ခွံမှာပေါ်မှာ မြင်သာအောင် ရေးထားလေ့ ရှိတဲ့အတွက် အလွယ်တကူ ရှာဖွေကြည့်လို့ ရနိုင်ပါတယ်။ ဒိတ်လွန်နေတဲ့ ကွန်ဒုံးတွေကိုတော့ လုံးဝ(လုံးဝ) အသုံးမပြုသင့်ပါဘူး။ နောက်တစ်ချက်က သက်တမ်းကုန်ဆုံးရက် မဟုတ်ပဲ ကွန်ဒုံးမှာ မြင်သာတဲ့ Error တစ်ခု ၊ ယို့ယွင်းမှု တစ်ခုခုကို တွေ့ခဲ့တယ် ဆိုရင်လည်း အဆိုပါ ကွန်ဒုံးကို အသုံးမပြုတာ ကောင်းပါတယ်။

ယို့ယွင်းပျက်စီးနေတဲ့ ကွန်ဒုံးတွေ သို့မဟုတ် သက်တမ်းကုန်ဆုံးရက်ကို ကျော်လွန်နေတဲ့ ကွန်ဒုံးတွေမှာ အောက်ပါ လက္ခဏာတွေကို ကွီးတို့ မြင်တွေ့ရနိုင်ပါတယ်…………

Condom
Photo : Verywell Health

  • ကွန်ဒုံး အိတ်ခွံဟာ စုတ်ပြဲ / ပျက်စီးနေမယ်
  • ကွန်ဒုံး အိတ်ခွံဟာ အရောင်မှိန် / အရောင်လွင့်ပြယ်နေမယ်
  • ကွန်ဒုံး အိတ်ခွံအတွင်းကနေ ချောဆီ အချို့ ယိုစိမ့်နေမယ်
  • ကွန်ဒုံးမှာ သေးငယ်တဲ့ အပေါက် သို့မဟုတ် မြင်သာတဲ့ ပေါက်ပြဲရာ တစ်ခုခု မြင်ရမယ်
  • ကွန်ဒုံးဟာ ခြောက်သွေ့နေမယ် သို့မဟုတ် စေးကပ်နေမယ်
  • ကွန်ဒုံးကနေ ဆိုးရွားတဲ့ အနံ့အသက်ဆိုးတွေ ထွက်ပေါ်နေမယ်

ဒီလက္ခဏာတွေ ပြနေရင်တော့ ကွီးတို့ အဆိုပါ ကွန်ဒုံးကို လုံးဝမသုံးသင့် တော့ပါဘူး။

ကွန်ဒုံး တွေကို ဝယ်ယူတဲ့အခါ သက်တမ်းကုန် ဆုံးရက်ကို အမြဲတမ်း စစ်ဆေးရမှာ ဖြစ်သလို ပြင်ပယို့ယွင်းပျက်စီးမှု အခြေအနေတွေ ရှိမရှိကိုလည်း စစ်ဆေးသင့်ပါတယ်။ ဒါမှသာ လုံခြုံစိတ်ချရတဲ့ လိင်မှုဘဝကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

Source : Durex USA

Featured Photo : X