လူတော်တော်များများက ကွိုင်တွေ ကို စနစ်တကျ ဘယ်လိုသုံးရမလဲဆိုတာကိုပဲ အလေးထားသိချင်ကြတာပါ။ တကယ်တော့ အသုံးပြုပြီးသား ကွိုင်တွေကို ဘယ်လို စနစ်တကျ စွန့်ပစ်ရမလဲဆိုတာကိုလည်း မဖြစ်မနေ သိထားဖို့ လိုအပ်ပါတယ်။ ကွန်ဒုံးတွေကို အိမ်သာထဲစွန့်ပစ်တာ ၊ အလွယ်တကူ ပစ်လိုက်တာမျိုး လုံးဝမလုပ်သင့်ပါဘူး။ အသုံးပြုပြီးသား ကွန်ဒုံးတွေမှာ ဘက်တီးရီးယားနဲ့ ရောဂါပိုးမွှားတွေ အများကြီး ကပ်တွယ်နေနိုင်ပြီး အလွယ်တကူ ပျက်စီးဖို့လည်း ခက်ခဲတာကြောင့် လူနဲ့ တိရစ္ဆာန်တွေအတွက် အန္တရာယ်ရှိသလို သဘာဝပတ်ဝန်းကျင်ကိုလည်း အများကြီး ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ကွန်ဒုံးတွေကို အသုံးပြုပြီး စနစ်တကျ ဘယ်လိုစွန့်ပစ်ရမလဲဆိုတာ အဆင့်ဆင့် ပြောပြပေးချင်ပါတယ်။

condom

Photo : Insider

ကွိုင်တွေ ကို စနစ်တကျ စွန့်ပစ်ဖို့ အဆင့် ၅ ဆင့်ရှိပြီး အချိန်အားဖြင့် ၁၀ စက္ကန့်လောက်ပဲ လိုအပ်ပါတယ်

အဆင့် (၁) အတူနေပြီးချိန်မှာ ကွန်ဒုံးကို သတိထားပြီး လိင်အင်္ဂါပေါ်ကနေ ဖြည်းဖြည်းချင်း ဖယ်ရှားပါ။

အဆင့် (၂) ကွန်ဒုံးရဲ့ အောက်ခြေကို ဘယ်ဘက်လက်နဲ့ ကိုင်ထားပြီး ညာဘက်လက်ကို အသုံးပြုကာ ဖြည်းဖြည်းချင်း ဂရုတစိုက် လျှောချချွတ်ပေးပါ။ ကွန်ဒုံးအတွင်းက သုတ်ရည်နဲ့ လိင်အင်္ဂါက ထွက်ရှိတဲ့ အရည်တွေ အပြင်ကို ဖိတ်စင်မကျစေဖို့ အရေးကြီးပါယ်။ ဒါမှသာ ကြိုတင်မျှော်လင့်မထားတဲ့ ကိုယ်ဝန်နဲ့ လိင်ကတဆင့် ကူးစက်တက်တဲ့ ရောဂါပိုး ကူးစက်နိုင်ခြေ အန္တရာယ်ကို လျှော့ချကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

အဆင့် (၃) ကွန်ဒုံးကို လိင်အင်္ဂါ ကနေ ဖယ်ရှားပြီးပြီ ဆိုရင်တော့ ကွန်ဒုံးရဲ့ အလယ်လောက်မှာ အထုံးအသေးတစ်ခု ထုံးလိုက်ပါ။ ဒါဟာ ကွန်ဒုံးအတွင်းက အရည်နဲ့ အနံ့အသက်တွေ ပြင်ပသို့ ဖိတ်စင်ထွက်ခြင်းမှ ကာကွယ်ပေးနိုင်ပါလိမ့်မယ်။

အဆင့် (၄) ပြီးရင်တော့ ကွန်ဒုံးကို ဖောက်ထားတဲ့ အိတ်ခွံအတွင်းသို့ဖြစ်စေ ဒါမှမဟုတ် တစ်ရှုး/အိမ်သာသုံးစက္ကူနဲ့ သေချာထုပ်ပိုးပြီး အမှိုက်ပုံးအတွင်းသို့ စနစ်တကျ စွန့်ပစ်ပါ။

အဆင့် (၅) နောက်ဆုံးအနေနဲ့တော့ လက်ကိုသေချာ ဆပ်ပြာနဲ့ ဆေးကြောသန့်ရှင်းရေး လုပ်ပေးရပါမယ်။

condom

Photo : Love Matters

ကွိုင်တွေ ဟာများသောအားဖြင့် Latex သားရေ ဒါမှမဟုတ် တခြားသော ပျက်စီးဖို့ခက်တဲ့ ကုန်ကြမ်းတွေနဲ့ ပြုလုပ်ထားတာ ဖြစ်တာကြောင့် စနစ်တကျ စွန့်ပစ်မှသာ ရောဂါကူးစက်မှု အန္တရာယ်နဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအန္တရာယ်ကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

Featured Photo : The Quint