ကွိုင်ရှာတဲ့လူကို လူတွေ ဝေါင်ဝေါင်ရှေးကြပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကွိုင်ရှာတဲ့သူတွေအနားမှာ နေရတာ ခေါင်းခဲရလို့ပါ။ ဒါဆိုရင် ကွိုင်ရှာမယ့်အစား ကွိုင် တွေ စု ရင်ရော။ ပျော်ဖို့ကောင်းပြီး ရင်ခုန် စိတ်လှုပ်ရှားဖို့ ကောင်းတာ မယုံမရှိပါနဲ့။
ကွီးတို့ မယုံဘူးဆိုရင်တော့ ဒီဂိမ်းတွေကို ဆော့ကစားကြည့်ရင်းက ကွိုင် တွေ စု ကြည့်လိုက်ပါ။ အပျင်းလည်းပြေပြီး နေ့ချင်းညချင်း သန်းကြွယ်သူဌေး ဖြစ်သွားမှာပါ။
(၁) Pet Master
ကွီးတို့က တိရစ္ဆာန်လေးတွေ ချစ်တယ်ဆိုရင်တော့ ဒီဂိမ်းက ကွီးတို့အတွက်ပါပဲ။ ဒီဂိမ်း ဆော့တဲ့အခါ ကွီးတို့သည် အခြားသော ပြိုင်ဖက်တွေနဲ့ ယှဥ်ပြိုင် ဆော့ကစားရမှာဖြစ်ပြီး သူတို့ကို အနိုင်တိုက်ရမှာဖြစ်ပါတယ်။ လိုအပ်ပါက တိုက်ခိုက်ဖို့လည်း လိုအပ်ပါတယ်။ ပြီးရင်တော့ ကိုယ့်ရဲ့ ရွာကို ကြီးမားလာအောင် ချဲ့ထွင်ရမှာပဲဖြစ်ပါတယ်။ ဒင်္ဂါးပြားတွေလည်း လိုက်စုရင်း ကိုယ့်ရဲ့ ရွာကိုလည်း ကြီးအောင် တည်ဆောက်ရမှာဖြစ်ပါတယ်။ Android ရော iOS ဖုန်းတွေမှာပါ ဆော့ကစားနိုင်ပါတယ်။
(၂) Pirate Kings
ပင်လယ်ထဲမှာ ရွက်လွှင့်ရင်း ပိုက်ဆံတွေ စုဆောင်းရတဲ့ ဂိမ်းမျိုး ဆော့ကစားချင်ပါသလား။ ဒါဆိုရင်တော့ ကွီးတို့အတွက် Pirate Kings ဂိမ်းက ကွက်တိပါပဲ။ ဒီဂိမ်းကတော့ ကိုယ့်ရဲ့ အင်ပါယာကို ပင်လယ်ပြင်မှာ ချဲ့ထွင်ရမှာဖြစ်ပါတယ်။ ကွီးတို့ ရန်သူတော်က ထိုသင်္ဘောပေါ်မှာရှိတဲ့ နောက်ထပ် ကစားသမားတစ်ယောက်ပဲဖြစ်ပါတယ်။ သူ့ကို အနိုင်တိုက်ရင်း ဒင်္ဂါးပြားတွေစုကာ ဆော့ကစားရမယ့် ဂိမ်းမျိုးပါ။ Android ရော iOS ဖုန်းတွေမှာပါ ဆော့ကစားနိုင်ပါတယ်။
(၃) Coin Kingdom
ဒီဂိမ်းကလည်း စောစောက ဖော်ပြခဲ့တဲ့ ဂိမ်းတွေနဲ့ ဆင်တူပါတယ်။ ကွီးတို့သည် ရွာတွေသို့ စီးနင်းဝင်ရောက်ပြီး ကိုယ့်ရဲ့ ရွာကို ကြီးမားကျယ်ပြန့်လာအောင် ဖန်တီးရမှာဖြစ်ပါတယ်။ တစ်ဖက်က ရန်သူကို တိုက်ခိုက်ချေမှုန်းနိုင်ဖို့အတွက် လက်နက်တွေကို အဆင့်မြှင့်ဖို့လည်း လိုအပ်ပါတယ်။ ဒီဂိမ်းကိုလည်း Android ရော iOS ဖုန်းတွေမှာပါ ဆော့ကစားနိုင်ပါတယ်။
(၄) Island King
ဒီဂိမ်းကတော့ စွန့်စား Adventure ဂိမ်းအမျိုးအစားတစ်ခုပဲဖြစ်ပါတယ်။ ကျွန်းငယ်များကို ဝင်ရောက်စီးနင်းရမယ်၊ ပြီးရင် အခြားသော ကစားသမားများကို တိုက်ခိုက်ပြီး ကိုယ့်ရဲ့ အင်ပါယာ ကြီးမားလာအောင် ကြိုးစားရမယ်။ ပြီးတော့ စုဆောင်းထားတဲ့ ကတ်တွေကို အသုံးပြုကာ ရောင်းဝယ်ဖောက်ကားနိုင်ပါသေးတယ်။ ဒီဂိမ်းကိုလည်း Android ရော iOS ဖုန်းတွေမှာပါ ဆော့ကစားနိုင်ပါတယ်။
(၅) Cuisine Master – Coin Journey
ဒီဂိမ်းကတော့ အချက်အပြုတ်နဲ့ ပတ်သက်တဲ့ ဂိမ်းအမျိုးအစားတစ်မျိုးပါ။ ကွိုင် တွေ စု ရင်း စားသောက်ဆိုင် အကြီးကြီးတစ်ဆိုင် ဖွင့်ရမှာပဲဖြစ်ပါတယ်။ ကွီးတို့ စိတ်ပါတယ်ဆိုရင်တော့ အခြား စားသောက်ဆိုင်တွေဆီကနေလည်း ကွိုင်တွေ စုဆောင်းလို့ရပါသေးတယ်။ တစ်နည်းပြောရရင်တော့ တခြားဆိုင်တွေကို ဝင်ဖောက်ပြီး ဒင်္ဂါးတွေ ထပ်စုရတာမျိုးပေါ့။
ကွီးတို့ရော ကွိုင်ရှာမယ့်အစား ကွိုင်တွေ မစုချင်ဘူးလား။
Source: Pocketgamer
Featured Image: Akash.gg