ကွိုင် လို့ ယောကျာ်းလေးတွေကြားမှာ ဘန်းစကားတစ်ခု အနေနဲ့ သုံးကြတဲ့ ကွန်ဒုံးတွေဟာ ပုံသဏ္ဍာန် မျိုးစုံ ၊ အရွယ်အစား မျိုးစုံ ရှိပါတယ်။ ကွန်ဒုံး အသုံးပြုတဲ့အခါမှာ ကိုယ့်ရဲ့ ဖွားဖက်တော်ဆိုဒ်နဲ့ မှန်ကန်တိကျမှုရှိတဲ့ အရွယ်အစားကို ရွေးချယ်အသုံးပြုတက်ဖို့ လိုမှာပါ။ ဒါဟာလွယ်တော့မလွယ်ပေမယ့် ကွန်ဒုံးဆိုဒ် မှန်မှန်ကန်ကန် အသုံးပြုခြင်းဟာ ဘေးကင်းလုံခြုံမှုရှိတဲ့ လိင်မှုဘဝကို ရရှိစေဖို့ အထောက်အကူ ဖြစ်စေပါတယ်။

Condom Size

Photo : Pexels

ကွန်ဒုံး အရွယ်အစား မှန်ကန်စွာ ရွေးချယ် အသုံးပြုတာဟာ ချစ်တင်းနှောချိန်မှာ လိင်မှတဆင့် ကူးစက်တက်တဲ့ ကူးစက်ရောဂါများ (STIs) နဲ့ ကြိုတင်မျှော်လင့်မထားတဲ့ ကိုယ်ဝန်ရနိုင်ခြေကို ကာကွယ်ရာမှာ ထိရောက်မှု ပိုရှိစေရန်အတွက် အရေးပါပါတယ်။ အကယ်၍ ကွန်ဒုံးဆိုဒ် မမှန်ဘူးဆိုရင် ဆိုဒ်သေးနေတဲ့အခါ ကွန်ဒုံးကွဲထွက်ပေါက်ပြဲတာ ၊ ဆိုဒ်ကြီးလွန်းတဲ့အခါ ချော်ထွက်တာတွေ ဖြစ်တက်ပြီး ချစ်တင်းနှော ချိန်မှာ အဆင်မပြေ ဖြစ်စေနိုင်ပါတယ်။

သင့်တော်တဲ့ ကွိုင် ဆိုဒ်အရွယ်အစား ဘယ်လိုရွေးချယ်ရမလဲ ?

eggplant
Photo : Slate

မှန်ကန်တဲ့ ကွန်ဒုံး အရွယ်အစားကို ရွေးချယ်နိုင်ဖို့ ပထမဆုံးအဆင့်မှာ ကွီးတို့ရဲ့ လိင်တံဆိုဒ်ကို တိုင်းတာရမှာ ဖြစ်ပါတယ်။ လိင်တံရဲ့ လုံးပတ် ၊ အရှည်တို့ကို ပေတံ သို့မဟုတ် ပေကြိုးတွေကို အသုံးပြုပြီး တိုင်းတာနိုင်ပါတယ်။ အတိကျဆုံးရလဒ် ရရှိဖို့ လိင်တံထောင်မတ်နေချိန်မှာ တိုင်းတာတာဟာ အကောင်းဆုံး ဖြစ်ပါတယ်။

လိင်တံ အလျား တစ်နည်းအားဖြင့် အရှည်ကို တိုင်းတာတဲ့အခါ ထောင်မတ်နေချိန် ဆီးခုံအောက် လိင်တံအရင်းကနေ ထိပ်ဖျားအထိ အလျားကို တိုင်းတာ ရပါမယ်။ လုံးပတ်အရွယ်အစားကို တိုင်းတာဖို့အတွက်ဆိုရင်တော့ ပေကြိုးကို အသုံးပြုတာဟာ အသင့်တော်ဆုံး ဖြစ်ပါတယ်။ လိင်တံရဲ့ လုံးပတ်အရွယ်အစား အထူဆုံးဖြစ်တဲ့ အရင်း သို့မဟုတ် အလယ်လောက်ကို ပေကြိုးနဲ့ တိုင်းတာ နိုင်ပါတယ်။

လိင်တံ အရွယ်အစားကို တိုင်းတာသိရှိပြီ ဆိုရင်တော့ ကွီးတို့ရဲ့ ဖွားဖက်တော် ညီလေးနဲ့ ကိုက်ညီတဲ့ ကွိုင် ဆိုဒ်ကို ဆက်လက် ရွေးချယ်ရပါမယ်။ ကွန်ဒုံးတွေကိုလည်း အခြေခံအားဖြင့် အလျားနဲ့ အနံ တိုင်းတာမှုကို အခြေခံပြီး ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ကွန်ဒုံး အများစုဟာ လိုအပ်တာထက်ပိုရှည်အောင် ထုတ်လုပ်ထားလေ့ ရှိပါတယ်။ လိင်တံမှာ ဝတ်ဆင်လိုက်တဲ့အခါ အောက်ခြေလိပ်ပြီး ကျန်မနေအောင် လိင်တံအရင်းအထိ ဖြည်ချပေးရပါမယ်။ အရှည်ထက်ပိုပြီး အရေးကြီးတာက လုံးပတ်အရွယ်အစား မှန်ကန်မှု ရှိဖို့ပါ။ လိင်တံထောင်မတ်နေချိန်မှာ ကွန်ဒုံးအရွယ်အစားဟာ ကွီးတို့ရဲ့ လိင်တံမှာ အံဝင်ခွင်ဖြစ်နေဖို့ လိုအပ်ပါတယ်။ ဒါမှသာ ကျွတ်ထွက် ၊ ချော်ထွက်တာတွေ ဖြစ်မှာမဟုတ်တော့သလို ဆိုဒ်သေးလွန်းတာကြောင့် ကွဲထွက်တာ ၊ ပေါက်ပြဲတာတွေလည်း မရှိတော့မှာ ဖြစ်ပါတယ်။

Condom Size
Photo : Greatist

ယေဘူယျအားဖြင့် အမျိုးသားသုံး ကွန်ဒုံးတွေရဲ့ ဆိုဒ်ဟာ အလျား ၁၇၀ – ၂၂၀ မီလီမီတာ သို့မဟုတ် ၆.၇ – ၈.၇ လက်မခန့် နဲ့ အနံကိုတော့ ၄၀ – ၆၀ မီလီမီတာ သို့မဟုတ် ၁.၆ လက်မ – ၂.၄ လက်မ ကြား ထုတ်လုပ်လေ့ ရှိပါတယ်။

ယေဘူယျအားဖြင့် အမျိုးသားသုံး ကွန်ဒုံးတွေရဲ့ ဆိုဒ်ဟာ အလျား ၁၇၀ – ၂၂၀ မီလီမီတာ သို့မဟုတ် ၆.၇ – ၈.၇ လက်မခန့် နဲ့ အနံကိုတော့ ၄၀ – ၆၀ မီလီမီတာ သို့မဟုတ် ၁.၆ လက်မ – ၂.၄ လက်မ ကြား ထုတ်လုပ်လေ့ ရှိပါတယ်။ ကွန်ဒုံးတွေရဲ့ အရွယ်အစားကိုတော့ Snug Fit ၊ Regular Fit နဲ့ Large Fit ဆိုပြီး အခြေခံ ၃ မျိုး ထုတ်ထားပါတယ်။ Snug Fit အမျိုးအစားဟာ လိင်တံ အရွယ်အစား ပျှမ်းမျှ ၄.၇ လက်မ ရှိတဲ့ အမျိုးသားတွေအတွက် သင့်တော်ပြီး Regular Fit အမျိုးအစားအတွက်ဆိုရင် လိင်တံ အရွယ်အစား ပျှမ်းမျှ ၄.၇ လက်မ ကနေ ၅.၁ လက်မကြား ရှိတဲ့ အမျိုးသားတွေအတွက် အဆင်ပြေပါတယ်။ Large Fit ကတော့ အရွယ်အစား နည်းနည်း ကြီးတဲ့ အမျိုးသားတွေ သုံးသင့်ပြီး ပျှမ်းမျှ လိင်တံ အရွယ်အစား ၅.၁ လက်မ ကနေ ၆ လက်မနဲ့ အထက် ရှိသူတွေ သုံးရမှာ ဖြစ်ပါတယ်။ ကွန်ဒုံးတွေဟာ ထုတ်လုပ်တဲ့ နိုင်ငံ ၊ ကုမ္ပဏီနဲ့ အသုံးပြုထားတဲ့ Material တွေဖြစ်တဲ့ Latex ၊ Polyurethane ၊ Polyisoprene ၊ Lambskin စတဲ့ ကုန်ကြမ်းတွေအပေါ်မူတည်ပြီးလည်း အရွယ်အစား အနည်းငယ် ပြောင်းလဲမှု ရှိနိုင်ပါတယ်။

ဒီလောက်ဆိုရင်တော့ အခြေခံအားဖြင့် ကွိုင် ဆိုဒ်မှန်မှန် ဘယ်လို ရွေးချယ်ရမလဲဆိုတာ ကွီးတို့ သိသွားလောက်ပြီ ထင်ပါတယ်။

Source : MedicalNewsToday 

Featured Photo : jdvbellasartes.cl