ကွန်ဒုံးတွေဟာ ကြိုတင်မျှော်လင့်မထားတဲ့ ကိုယ်ဝန်နဲ့ လိင်မှတဆင့် ကူးစက်တဲ့ ရောဂါပိုးမွှားတွေကို ကာကွယ်ပေးနိုင်ဖို့အတွက် သေချာ ဒီဇိုင်းထုတ်ထားတဲ့ ကျန်းမာရေးဆိုင်ရာ ပစ္စည်းတစ်ခုပါ။ ဈေးကွက်ထဲမှာ ရွေးချယ်ဝယ်ယူနိုင်မယ့် ကွိုင် အမှတ်တံဆိပ် အမျိုးမျိုး ၊ ဒီဇိုင်းအမျိုးမျိုးနဲ့ ဆိုဒ် အရွယ်အစား အမျိုးမျိုး ရှိပါတယ်။ ကွန်ဒုံးတွေကို များသောဖြင့် Latex သားရေနဲ့ ထုတ်ထားကြပြီး တချို့ကိုတော့ Polyurethane သို့မဟုတ် တခြားသော ကုန်ကြမ်းတွေကနေ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့အညီ ထုတ်လုပ်ကြပါတယ်။

Condom

Photo : Cosmopolitan

သို့သော်လည်း လေ့လာမှုတွေအရတော့ အမျိုးသားတွေအနေနဲ့ ကွန်ဒုံး ဝတ်ဆင်ရာမှာ ၎င်းတို့ရဲ့ ညီလေးဆိုဒ်နဲ့ အံဝင်ခွင်ကျဖြစ်ဖို့ ခက်ခဲပြီး အဆင်မပြေမှုတွေ အများကြီး ကြုံရတယ်လို့ ဆိုပါတယ်။ အမျိုးသား ၃ ပုံ ၁ ပုံနီးပါးက ကွန်ဒုံးဟာ သူတို့ရဲ့ ညီလေးမှာ အရမ်းကြပ်တယ်လို့ ပြောကြပါတယ်။ အချို့ကတော့ ကွန်ဒုံးတွေဟာ ရှည်လွန်းတယ် ၊ တိုလွန်းတယ် ဒါမှမဟုတ် ချောင်လွန်းတယ် ၊ ကျပ်လွန်းတယ် စသည်ဖြင့် အဆင်မပြေဘူးလို့ ဆိုကြပါတယ်။ ဒါဆို ကွိုင်ဆိုဒ် မှန်ဖို့က တကယ်ပဲ အရေးကြီးပါသလား?

ပျမ်းမျှအားဖြင့် အမျိုးသားတွေရဲ့ လိင်တံအရွယ်အစားဟာ ၅ လက်မကနေ ၇ လက်မအကြား ရှည်ပြီး လုံးပတ်မှာ ၃.၅ လက်မကနေ ၆ လက်မကြား ရှိပါတယ်။ လူတစ်ယောက်ချင်းစီ ပေါ်မူတည်ပြီး ညီလေး အရွယ်အစား ကွဲပြားနိုင်သလို ကိုယ့်ရဲ့ ညီလေးဆိုဒ်နဲ့ မှန်ကန်တဲ့ ကွန်ဒုံး အရွယ်အစားကို ရွေးချယ်အသုံးပြုတက်ဖို့ကလည်း မဖြစ်မနေ လိုအပ်ပါတယ်။

Condom

Photo : Greatist

ဒါမှသာ ကွိုင် ဝတ်ဆင်တဲ့အခါ ညီလေးနဲ့ အံဝင်ခွင်ကျဖြစ်ပြီး ချစ်တင်းနှော စဉ်အတွင်းမှာ ကွန်ဒုံး ကွဲထွက်တာ ၊ ပေါက်ပြဲတာ စတဲ့ ပြဿနာတွေကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ကွန်ဒုံးဆိုဒ် မှန်ကန်မှသာလျှင် ချစ်တင်းနှောရာမှာ အဆင်ပြေချောမွေ့မှု ရှိမှာဖြစ်ပြီး ကြိုတင်မျှော်လင့်မထားတဲ့ ကိုယ်ဝန်နဲ့ လိင်မှတဆင့် ကူးစက်တဲ့ ရောဂါပိုးမွှားတွေကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်မှာ ဖြစ်တာကြောင့် ကွီးတို့ရဲ့ ညီလေးအရွယ်အစားနဲ့ သင့်လျော်မှန်ကန်တဲ့ ကွိုင်ဆိုဒ်ကို သေချာရွေးချယ် အသုံးပြုဖို့ တိုက်တွန်းလိုက်ပါတယ်။

Featured Photo : Trojan UK