ချစ်တင်းနှောချိန်မှာ ကွန်ဒုံးကို စနစ်တကျမှန်ကန်စွာ အသုံးပြုမယ်ဆိုပါက မရည်ရွယ်ပဲ ကိုယ်ဝန်ရခြင်းနဲ့ လိင်မှတဆင့်ကူးစက်တက်တဲ့ ကူးစက်ရောဂါတွေ (STIs) ကို အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်ပါတယ်။ သို့သော်လည်း အတူနေစဉ်အတွင်းမှာ ကွန်ဒုံးတွေ ပေါက်ပြဲကွဲထွက်တာမျိုး ဖြစ်နိုင်တယ်ဆိုတာကိုလည်း သတိပြုရပါမယ်။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့သတိထား ရှောင်ကြဉ်နိုင်ဖို့ ကွိုင် ပေါက်စေနိုင်တဲ့ အကြောင်းအရင်းတွေကို မျှဝေပေးချင်ပါတယ်။
(၁) ချောဆီမလုံလောက်ခြင်း
Photo : The New Humanitarian
အတူနေချိန်အတွင်းမှာ ချောဆီမလုံလောက်ပါက ပွတ်တိုက်မှုဖြစ်စေပြီး ကွိုင် ကွဲသွားနိုင်ပါတယ်။ ကွန်ဒုံးမှာ ချောဆီအချို့ ပါလာပေမယ့် အချိန်ကြာကြာ ပွတ်တိုက်ဆက်ဆံမယ်ဆိုရင်တော့ မလုံလောက်နိုင်ပါဘူး။ တစ်ခါတစ်လေမှာ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကြောင့်လည်း အမျိုးသမီးတွေအနေနဲ့ မိန်းမကိုယ်ကနေ သဘာဝချောဆီကို မထုတ်နိုင်တဲ့ အခြေအနေတွေ ဖြစ်တက်ပါတယ်။ ဒီလိုအခြေအနေတွေအတွက် ရေအခြေခံ ချောဆီတွေကို သုံးပေးတာ အကောင်းဆုံးပါ။ မဟုတ်ပါက ခြောက်သွေ့တဲ့အခြေအနေဟာ ပွတ်တိုက်မှုကြောင့် ကွန်ဒုံးပေါက်ပြဲထွက်သွားနိုင်ပါတယ်။
(၂) ဆိုဒ်သေးခြင်း
Photo : Inverse
မှန်ကန်တဲ့ ကွိုင် ဆိုဒ်အနေအထားကို ရွေးချယ်အသုံးပြုဖို့ အရေးကြီးပါတယ်။ ကွန်ဒုံးဟာ သင့်ရဲ့လိင်တံအတွက် အလွန်သေးပြီး တင်းကျပ်နေပါက ဖိအားဖြစ်စေပြီး ပေါက်ပြဲကွဲထွက်တာမျိုး ဖြစ်တက်ပါတယ်။ ဒါကြောင့် သင့်ရဲ့ ညီလေးအရွယ်အစားနဲ့ ကိုက်ညီတဲ့ ကွန်ဒုံးဆိုဒ်ကို သေချာတိုင်းတာအသုံးအပြုဖို့ အကြံပေးချင်ပါတယ်။
(၃) ဘော်ဒီလိုးရှင်း ဒါမဟုတ် ဆီတွေ အသုံးပြုခြင်း
Photo : LEAFtv
ချောဆီအလွယ်တကူမရှိတဲ့ အခြေအနေမှာ ဘော်ဒီလိုးရှင်း ဒါမဟုတ် ဆီတွေကို အစားထိုးအသုံးပြုတက်ကြပါတယ်။ တကယ်တော့ ဒါဟာအမှားတစ်ခုပါ။ ချောဆီအစား Vaseline ၊ အုန်းဆီ ၊ Baby Oil နဲ့ ဘော်ဒီလိုးရှင်းတွေကို အသုံးပြုမယ်ဆိုရင် ကွန်ဒုံးကို ပေါက်ပြဲစေနိုင်တဲ့ အန္တရာယ်ရှိပါတယ်။
(၄) အထားအသို မှားယွင်းခြင်း
Photo : News18
ကွိုင် တွေကို နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့တဲ့ နေရာ ၊ ဓာတုပစ္စည်းတွေ ရှိတဲ့နေရာနဲ့ အပူချိန်ပြင်းတဲ့ နေရာတွေမှာ မထားသင့်ပါဘူး။ ဒီလိုနေရာတွေမှာ ထားမယ်ဆိုရင် ကွန်ဒုံးကို အားပျော့သွားတာ သို့မဟုတ် ပျက်စီးသွားစေတာတွေ ဖြစ်နိုင်ပါတယ်။ တကယ်တော့ ကွန်ဒုံးတွေဟာ အေးမြပြီး ခြောက်သွေ့တဲ့နေရာတွေမှာပဲ သိမ်းဆည်းထားသင့်တာ ဖြစ်ပါတယ်။
(၅) သက်တမ်းကုန်ခြင်း
Photo : Forbes
ကွိုင် သုံးတော့မယ်ဆိုရင် သက်တမ်းကုန်မကုန် အမြဲစစ်ဆေးဖို့ လိုပါတယ်။ သက်တမ်းကုန်နေတဲ့ ကွန်ဒုံးတွေဟာ အလွယ်တကူ ပေါက်ပြဲပျက်စီးနိုင်လို့ပါ။
(၆) တစ်ခုထက်ပိုပြီး အသုံးပြုခြင်း
Photo : Healthline
ကွန်ဒုံးကို တစ်ချိန်တည်းမှာပင် တစ်ခုထက်ပိုပြီး အသုံးပြုတာဟာ မှားယွင်းတဲ့ နည်းလမ်းပါ။ ကွန်ဒုံး ၂ ခု ဒါမှမဟုတ် ၂ခုထက်ပိုပြီး တစ်ချိန်တည်းမှာအသုံးပြုတာဟာ ရောဂါပိုးမွှားတွေကို ၂ ဆ ပိုမိုကာကွယ်ရာ မရောက်စေပါဘူး။ ရော်ဘာအချင်းချင်း ပွတ်တိုက်မှုကြောင့် ကွိုင် ပေါက်ပြဲနိုင်ခြေ ပိုများတာ ဖြစ်ပါတယ်။
Featured Photo : Business Insider