Anal Sex သို့မဟုတ် အနောက်ရပ် ကို ခရီးသွားတော့မယ်ဆိုရင် သေချာပေါက် မဖြစ်မနေ ဆောင်သွားရမှာက ကွိုင် ပါပဲ။ အတူနေချိန်မှာ ကြိုတင် မျှော်လင့်မထားတဲ့ ကိုယ်ဝန်ရသွားခြင်းကို ရှောင်ရှားဖို့နဲ့ လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါပိုးတွေကို ကာကွယ်ဖို့ ကွန်ဒုံး အသုံးပြုကြပါတယ်။ ဒါပေမယ့် စအိုနဲ့ဆက်ဆံတာဟာ ကိုယ်ဝန်မရနိုင်တဲ့အတွက် ကွိုင်မပါပဲ Try ကြည့်မယ်လို့တော့ လုံးဝစိတ်မကူး လိုက်ပါနဲ့။ လိင်တူချင်းဖြစ်‌စေ ၊ ဆန့်ကျင်ဘက် လိင်နဲ့ဖြစ်စေ အကာကွယ်မပါပဲ စအိုနဲ့ဆက်ဆံတာဟာ ကျန်းမာရေးအတွက် အန္တရာယ်အလွန်များတဲ့ လိင်မှုဆိုင်ရာ လှုပ်ရှားမှုတစ်ခု ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အကာအကွယ်မပါပဲ အနောက်ရပ်ကို ခရီးသွားတာဟာ ဘယ်လိုဆိုးကျိုးတွေ ရှိနိုင်လဲဆိုတာ ပြောပြပေးချင်ပါတယ်။

(၁) လိင်မှတစ်ဆင့် ကူးစက်တက်တဲ့ ရောဂါတွေ (STIs) ကူးစက်နိုင်တယ်

 Condom

Photo : Durex India

ကွိုင် မပါပဲ အနောက်ရပ်ကို စူးစမ်းမယ်ဆိုရင်တော့ ဆီးပူညောင်းကျ (ဂနို) ရောဂါ (Gonorrhea) ၊ ကလက်မိုင်ဒီးယား (Chlamydia) အပါအဝင် လိင်မှတစ်ဆင့် ကူးစက်တက်တဲ့ ရောဂါတွေ (STIs) ကူးစက်ခံရ နိုင်ပါတယ်။ စအိုနဲ့ ဆက်ဆံတဲ့အခါမှာ ကွန်ဒုံးအသုံးပြုမှသာ လိင်တံနဲ့ စအိုတစ်ရှူးတွေကြား တိုက်ရိုက်ထိတွေ့မှုကို တားဆီးကာကွယ်ပေးမှာဖြစ်ပြီး လိင်အင်္ဂါအရည်တွေကတဆင့် ရောဂါပိုး ကူးစက်နိုင်ခြေကို လျှော့ချပေးမှာ ဖြစ်ပါတယ်။ အကယ်၍ ကွန်ဒုံးအသုံးမပြုဘူး ဆိုရင်တော့ ရောဂါပိုး အလွယ်တကူ ကူးစက်ခံရနိုင်ခြေ များပါတယ်။

(၂) HIV ကူးစက်ခံရနိုင်ခြေ များတယ်

 Condom

Photo : POPSUGAR UK

အတူနေချိန်မှာ အကာကွယ်မသုံးမပြုတာဟာ လိင်မှတဆင့် ကူးစက်တက်တဲ့ရောဂါ (STD) နဲ့ Human Immunodeficiency Virus (HIV) ကူးစက်ခံရနိုင်ခြေကို တိုးစေပါတယ်။ ဒီထဲမှာ အဆိုးဆုံးကတော့ အနောက်ရပ် ကို ကွိုင်မပါပဲ ခရီးသွားတာပါပဲ။ HIV ပိုးဟာ သုတ်ရည်နဲ့ စအိုကထွက်ရှိတဲ့ အရည်တွေမှာ အများဆုံး ရှိနေနိုင်တဲ့အတွက် အကာကွယ်မပါပဲ စအိုနဲ့ လိင်ဆက်ဆံမယ်ဆိုရင် HIV ပိုး ကူးစက်ခံရနိုင်ခြေ အန္တရာယ် အများကြီးရှိနေတာ ဖြစ်ပါတယ်။

(၃) ဘက်တီးရီးယားပိုးမွှား အန္တရာယ်ရှိတယ်

Condom

Photo : www.elevate.in

ကွိုင် မပါပဲ စအိုနဲ့ လိင်ဆက်ဆံခြင်းဟာ လိင်မှတဆင့် ရောဂါပိုးတွေ ကူးစက်နိုင်ရုံမကပဲ ဘက်တီးရီးယားပိုးမွှားနဲ့ ဗိုင်းရပ်စ်ပိုးတွေလည်း ကူးစက်ခံရနိုင်ခြေ ရှိနေပါတယ်။ စအိုဧရိယာတဝိုက်မှာ ဘက်တီးရီးယားပိုးမွှားတွေ အများကြီး ခိုအောင်းရှိနေနိုင်တာကြောင့် အကာကွယ်မသုံးပဲ တိုက်ရိုက်ထိတွေ့ဆက်ဆံမယ်ဆိုရင် ဘက်တီးရီးယားပိုးမွှားနဲ့ ရောဂါပိုးမွှားတွေ အလွယ်တကူ ကူးစက်ခံရနိုင်တဲ့ အန္တရာယ်ရှိပါတယ်။

(၄) သက်တောင့်သက်သာရှိမှု နည်းစေတယ်

 Condom

Photo : New York Post

စအိုရဲ့ အတွင်းသားနံရံနဲ့ တစ်ရှုးတွေဟာ နူးညံ့ပြီး စုတ်ပြဲလွယ်ပါတယ်။ ဒါကြောင့် စအိုနဲ့ လိင်ဆက်ဆံတော့မယ်ဆိုရင် စုတ်ပြဲမှုတွေကို လျော့နည်းစေဖို့ ကွန်ဒုံးကို အသုံးပြုပေးဖို့ လိုအပ်ပြီး ချောဆီကိုလည်း မဖြစ်မနေ သုံးပေးရမှာ ဖြစ်ပါတယ်။ စအိုနဲ့ လိင်ဆက်ဆံချိန်မှာ ကွန်ဒုံးနဲ့ ချောဆီကို တွဲဖက်အသုံးပြုတာဟာ ပိုမိုသက်တောင့်သက်သာ ဖြစ်စေရုံမက အရေပြား စုတ်ပြဲမှုကိုလည်း သက်သာစေတဲ့အတွက် ရောဂါပိုးကူးစက်နိုင်ခြေကိုလည်း လျော့ကျစေမှာ ဖြစ်ပါတယ်။

Featured Photo : Healthline