ကိုယ်တိုင် ဖန်တီးတီထွင်ရတာကို သဘောကျတဲ့ ကွီးတို့ရှိပါသလား။ အိမ်အလှဆင်တာပဲ ဖြစ်ဖြစ်၊ လက်မှုပစ္စည်းတွေကို ပြုလုပ်တာပဲ ဖြစ်ဖြစ်၊ ဒီလို ကိုယ်တိုင်ပြုလုပ်ခြင်းက ကွီးတို့ရဲ့ တီထွင်ဖန်တီးနိုင်စွမ်းကို မြှင့်တင်ပေးနိုင်ပါတယ်။ ဒါ့အပြင် စိတ်ဖိစီးများကိုလည်း လျော့ချပေးနိုင်ပါတယ်။ ဒီနေ့မှာတော့ ကွီးတို့ရဲ့ ဧည့်ခန်းကို အမိုက်စား ပြင်ဆင်လိုက်နိုင်ဖို့ DIY အိုင်ဒီယာကောင်းလေးတွေကို မျှဝေပေးမှာ ဖြစ်ပါတယ်။ ပိတ်ရက်ကို ကောင်းကောင်းအသုံးချချင်တဲ့ ကွီးတို့အတွက် ဒီအိုင်ဒီယာလေးတွေကို အသုံးချပြီး ကွီးတို့ရဲ့ ဧည့်ခန်းကို ပြောင်းလဲပစ်လိုက်ပါ။

သစ်သား စာလုံး အက္ခရာပြုလုပ်ခြင်း

ကွီးတို့ရဲ့ ဧည့်ခန်းကို

Photo : Dream Design DIY

ကွီးတို့အိမ်မှာ ပိုနေတဲ့ သစ်သားအတိုအစတွေ ရှိပါသလား။ ဒါဆိုရင်တော့ လုံးဝမလွှတ်ပစ်ပါနဲ့။ သစ်သားအပိုင်းအစတွေနဲ့ ကွီးတို့ ပြုလုပ်နိုင်တဲ့ အရာလေးတွေ အများကြီးရှိပါတယ်။ သစ်သားအပိုင်းစတွေကို စင်လေးတွေ မပြုလုပ်ပဲ ပိုမိုဆန်းသစ်သွားအောင် ကိုယ့်ရဲ့ နာမည်အစပဲဖြစ်ဖြစ်၊ ကိုယ့်အတွက် ထူးခြားတဲ့ အင်္ဂလိပ်စာလုံး ပြုလုပ်နိုင်ပါတယ်။ ကွီးတို့အနေနဲ့ သစ်သားအနည်းအများပေါ်လိုက်ပြီး ကွီးတို့လိုချင်တဲ့ အက္ခရာ အကြီးအသေးကို ဆုံးဖြတ်နိုင်ပါတယ်။ သစ်သားများကို အတိုင်းအတာအညီအမျှ သေးငယ်သော အပိုင်းလေးများ ဖြတ်လိုက်ပါ။ ပြီးလျှင် သံကို အသုံးပြုပြီးသော်လည်းကောင်း သစ်သားကပ်ကော်ကို အသုံးပြုပြီးတော့ ကိုယ်လိုချင်တဲ့ အက္ခရာရအောင် ပြုလုပ်နိုင်ပါတယ်။ ထိုအက္ခရာကို ကွီးတို့ နံရံပေါ်မှာ ကပ်ပြီးတော့ ဖြစ်ဖြစ်၊ စင်တစ်ခုခု‌ ပေါ်တင်ပြီးတော့ ဖြစ်ဖြစ်အလှဆင်နိုင်ပါတယ်။ ပိုပြီး အသက်ဝင်ချင်ရင်တော့ ကိုယ်ကြိုက်တဲ့အရောင်ကို ဆေးသုတ်နိုင်ပါတယ်။

ကိုယ်တိုင် ရေးဆွဲထားသော ပန်းချီကားဖြင့် အလှဆင်ခြင်း

Photo : Pinterest

ကွီးတို့ရေ ကိုယ့်ရဲ့ ဧည့်ခန်းနဲ့ လိုက်ဖက်တဲ့ ပန်းချီကား အကြီးကြီးတစ်ချက်လောက်ရှိရုံနဲ့တင် ဧည့်ခန်းကို ပြောင်းလဲဖို့ လုံလောက်ပါတယ်။ ဒါ့အပြင် ပန်းချီကားကို ကိုယ်တိုင်ဖန်တီးထားတယ်ဆိုရင်တော့ လုံးဝကို အမိုက်စားပဲပေါ့။ ကွီးတို့က ပန်းချီ သေချာမဆွဲတတ်ဘူးဆိုလည်း မပူပါနဲ့။ လုံးဝကို ရိုးရိုးရှင်းရှင်းနဲ့ ကိုယ်တိုင်ဖန်တီးချင်တာလေးကို ရေးဆွဲလိုက်ပါ။ ပေါ့ပေါးရိုးရှင်းမှုက ကွီးတို့ ဧည့်ခန်းကို အမြင်ဆန်းစေမှာ အသေအချာပါပဲ။ သတိပြုရမှာကတော့ ကွီးတို့ ဧည့်ခန်းရဲ့ နံရံအရောင်၊ ကွီးတို့ ချိတ်ဆွဲမယ့်နေရာနဲ့ ချိန်ဆပြီးမှ ကိုယ်ပိုင် စိတ်ကူးနဲ့ ရေးဆွဲပေါင်းစပ်ပါ။

ကွီးတို့ရဲ့ ဧည့်ခန်းကို

Photo :Teen Crafts

ဒါမှမဟုတ် ကွီးတို့ရဲ့ လွတ်နေတဲ့ နံရံတစ်ခုလုံးကို ဆေးရောင်တွေနဲ့ စိတ်ကြိုက် ဒီဇိုင်းပုံဖော်လို့လည်း ရပါတယ်။  ဒီအိုင်ဒီယာလေးက ကိုယ့်ရဲ့ စိတ်ကူးတွေကို ကွန့်မြူးနိုင်ဖို့ စမ်းကြည့်သင့်တဲ့ အိုင်ဒီယာလေးပါပဲ။

နံရံပေါ်မှာ ပြခန်းတစ်ခုဖန်တီးခြင်း

ကွီးတို့ရဲ့ ဧည့်ခန်းကို

Photo : Homebnc

ကွီးတို့ရဲ့ ဧည့်ခန်းကို အမိုက်စားအလှဆင်ဖို့ နောက်ထပ် အိုင်ဒီယာကောင်းလေးတစ်ခုကတော့ နံရံပေါ်မှာ ဓာတ်ပုံလေးတွေဖြစ်စေ၊ အခြားသော လက်မှုပစ္စည်းလေးတွေ ဖြစ်စေ ချိတ်ဆွဲပြီး အလှဆင်လို့ရပါတယ်။ ဒီလို နံရံပေါ်မှာ ပြခန်းလေးတစ်ခု ဖန်တီးရတာက တကယ်ကို ရိုးရှင်းလွယ်ကူပြီး ကွီးတို့ရဲ့ ဧည့်ခန်းကို အမှတ်တရတွေနဲ့ ပိုမို အသက်ဝင်နေစေမှာပါ။ ရိုးရှင်းနေတဲ့ နံရံကို ပြောင်းလဲပစ်ချင်တယ်ဆိုရင် ဒီအိုင်ဒီယာလေးကို စမ်းကြည့်ဖို့ မမေ့နဲ့နော်။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တဲ့ အိုင်ဒီယာလေးတွေကို ကွီးတို့ရဲ့ ကွန့်မြူးတဲ့ စိတ်ကူးစိတ်သန်းနဲ့ ပေါင်းစပ်ပြီး ဧည့်ခန်းကို အမိုက်စား ဖန်တီး ပြင်ဆင်လိုက်ပါ။

Source : HomeBNC

Featured Photo : Pinterest