ဧည့်ခန်းဆိုတာ အိမ်တစ်အိမ်ရဲ့ ဗဟိုချက်တစ်ခုပါ။ ဒီလို ဧည့်ခန်းလေးက နေချင့်စဖွယ်ဖြစ်နေရင် စိတ်ချမ်းသာဖွယ် အတိပါပဲ။ ကွီးတို့ရဲ့ ဧည့်ခန်းကို ပိုမိုကြည့်ကောင်းစေဖို့ အဆင့်မြှင့်တဲ့နေရာမှာ ပိုက်ဆံအများကြီး သုံးစရာမလိုဘဲ ကိုယ်တိုင် ပြင်ဆင်လို့ရပါတယ်။ ကိုယ်တိုင်ဖန်တီး ပြုလုပ်ရတာ ကြိုက်တဲ့ကွီးတို့အတွက် အံ့သြစရာကောင်းလောက်အောင် ခေတ်မီဆန်းပြားတဲ့ ဧည့်ခန်းအတွက် DIY ပရောဂျက်ပေါင်း များစွာရှိပါတယ်။ ဒီနေ့မှာတော့ ကွီးတို့ရဲ့ ဧည့်ခန်းကို အပ်ဒိတ်လုပ်နိုင်အောင် ကူညီပေးနိုင်မယ့် DIY အိုင်ဒီယာတွေကို ဝေမျှပေးမှာ ဖြစ်ပါတယ်။
အိုင်ဒီယာ (၁)
Photo : Love Grows Wild
ဒီအိုင်ဒီယာလေးကတော့ ကွီးတို့အတွက် အရင်ကလည်း ဖော်ပြခဲ့ဖူးပါတယ်။ ဒါကတော့ ကွီးတို့ရဲ့ ဧည့်ခန်းကို အလှဆင်ဖို့အတွက် နံရံမှာ စိတ်ဝင်စားဖွယ် ပြခန်းနံရံ တစ်ခု ဖန်တီးခြင်းပါပဲ။ ကိုယ်ပိုင်လက်ရာ ဓာတ်ပုံများကို ဖြစ်စေ၊ အမှတ်တရများကို ဖြစ်စေ၊ လှပတဲ့ ပန်းချီကားများကို ဖြစ်စေ၊ အချို့သောလက်မှုလက်ရာများကို ဖြစ်စေ ကိုယ်ပိုင်စိတ်ကူးဉာဏ်နဲ့ ရောနှောကာ ကိုယ်ရည်ကိုယ်သွေးကို ထင်ဟက်စေတဲ့ ဖန်တီးမှုတစ်ဖု ပြုလုပ်ခြင်းပါပဲ။ ဒီအိုင်ဒီယာလေးကို အသုံးချပြီး ကွီးတို့ရဲ့ ဧည့်ခန်းမှာ အလှဆင်ခြင်းက ကိုယ်ပိုင်စတိုင်လ်ကို ပြသနိုင်တဲ့ အကောင်းဆုံးနည်းလမ်း တစ်ခုပါပဲ။
အိုင်ဒီယာ (၂)
Photo : The Beauty Revival
နောက်ထပ် အိုင်ဒီယာလေးတစ်ခုကတော့ မသုံးတော့တဲ့ သစ်သားပြားတွေ၊ တံခါးဟောင်းတွေကို ပြန်လည်အသုံးချပြီး ဧည့်ခန်းမှာ အလှထားနိုင်တဲ့စင်လေး ပြုလုပ်ခြင်းပါပဲ။ ဒါ့ကြောင့် ကွီးတို့မှာ မသုံးတော့တဲ့ သစ်သားအဟောင်းတွေရှိရင် လွှင့်မပစ်ပါနဲ့။ ဒီအိုင်ဒီယာလေးအတိုင်း အသုံးချလိုက်ပါ။ ကွီးတို့မှာ ရှိတဲ့ သစ်သားအရွယ်အစားပေါ်လိုက်ပြီး စင်ကို အကြီးအသေးကိုယ့် စိတ်ကြိုက်ပြုလုပ်နိုင်ပါတယ်။
Photo : Love Renovations
သစ်သား တစ်ပြားပဲ ရှိတယ်ဆိုရင်လည်း ကွီးတို့ဆိုဖာရဲ့ အရှည်အလိုက် တစ်တန်းတည်း ထားလည်း အဆင်ပြေပါတယ်။ ဒါ့အပြင် ကွီးတို့ ဧည့်ခန်းနံရံနဲ့ အလိုက် စင်ကို ဆေးသုတ်နိုင်ပါတယ်။ ပုံစံမျိုးစုံ ကွီးတို့စိတ်ကြိုက် ဖန်တီးပြုလုပ်နိုင်ပါတယ်။ ဒီအိုင်ဒီယာလေးက ဆန်းလည်းဆန်းပြီး ကွီးတို့ ဧည့်ခန်းကို ပိုပြီး နှစ်လွယ်ဖွယ် ဖြစ်စေပါလိမ့်မယ်။
အိုင်ဒီယာ (၃)
Photo : Wayfair
ကွီးတို့အိမ်မှာ အသုံးမပြုတော့တဲ့ မှန်တွေ၊ ဒါမှမဟုတ် ဟောင်းနေတဲ့မှန်တွေ ရှိရင် ဒီအိုင်ဒီယာလေးကို အသုံးချနိုင်ပါတယ်။ ချိတ်ဆွဲလို့မရတော့တဲ့ မှန်တွေဆိုရင်တော့ လွှင့်မပစ်ချင်ရင် ဒီအိုင်ဒီယာလေးက အကောင်းဆုံး ရွေးချယ်မှုပါပဲ။ မှန်ရဲ့ ဘောင်ကို ကွီးတို့ဧည့်ခန်း နံရံအလိုက် ဆေးသုတ်ပြီး အသုံးပြုနိုင်ပါတယ်။ ဒါမှမဟုတ် ဘောင်ကို ကွီးတို့စိတ်ကြိုက် ဆေးရောင်ဖြင့် ပုံဖော်တာ၊ စတေကာကပ်တာ စတဲ့ စိတ်ကူးတွေနဲ့ ပေါင်းစပ်ပြီး ကိုယ်တိုင် အပြီးသတ်နိုင်သောကြောင့် တကယ်ကို အမိုက်စား ရရှိမှာ ဖြစ်ပါတယ်။ ကွီးတို့ ဧည့်ခန်းရဲ့ အလိုက်ဖက်ဆုံးနေရာမှာ ထားပြီး အလှဆင်နိုင်ပါတယ်။
ကွီးတို့ရဲ့ ဧည့်ခန်းက ရိုးရှင်းနေတယ်လို့ ခံစားနေရရင် ဒီအိုင်ဒီယာကောင်းလေးတွေ အသုံးပြုပြီး စိတ်ကြိုက်ဖန်တီးကြည့်လိုက်ကပါ။
Source : HomeBnc
Featured Photo : The Spurce Crafts