အရွယ်ရောက်ပြီးသား အမျိုးသားတစ်ယောက်နဲ့ တစ်ရည်ကိုယ် အာသာဖြေခြင်းဟာ ခွဲခြားလို့ မရပါဘူး။ ဒါဟာ လိင်မှုဘဝထဲက ပုံမှန်လှုပ်ရှားမှုတစ်ခု ဖြစ်ပါတယ်။ တစ်ရည်ကိုယ် အာသာဖြေခြင်းကနေ စာရေးသူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာအပေါ် ကောင်းကျိုးတွေ ရရှိခံစားနိုင်ပေမယ့် အလွန်အကျွံ လုပ်မိနေရင်တော့ ဘေးထွက်ဆိုးကျိုးတွေ ရှိနေတယ် ဆိုတာလည်း သတိပြုမိဖို့ လိုပါမယ်။ ဒီတစ်ခေါက်မှာတော့ ကွီးတို့ တစ်ရည်ကိုယ် အာသာဖြေခြင်းကို ရပ်နားလိုက်မယ် ၊ လုံးဝ ငရုပ်သီး မထောင်းပဲ နေမယ်ဆိုရင် ခန္ဓာကိုယ်မှာ ဘာတွေပြောင်းလဲလာမလဲဆိုတာ ပြောပြပေးပါမယ်။

(၁) စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို မြှင့်တင်ပေးနိုင်တယ်

handsome happy man

Photo : The Man Shake

တစ်ကိုယ်ရည် အာသာဖြေခြင်းကို ရပ်တန့်လိုက်တာနဲ့ ကွီးတို့ စိတ်ခံစားမှုတွေ ပိုကောင်းလာပြီး စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေ ပိုတက်ကြွလန်းဆန်းလာတာကို ခံစားမိပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိနေတဲ့စိတ်တွေ ၊ အားမလိုအားမရ အလိုမကျဖြစ်တဲ့ ခံစားချက်တွေ လျော့နည်းပြီး ပိုမိုပျော်ရွှင်ကျန်းမာတဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတစ်ခုကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

(၂) စွမ်းအင်တိုးလာတယ်

Fitness

Photo : Men’s Journal

မကြာခဏ တစ်ကိုယ်ရည် အာသာဖြေနေတာက ကွီးတို့ ခန္ဓာကိုယ်မှာရှိတဲ့ စွမ်းအင်ပမာဏကို ကျဆင်းစေပြီး ပင်ပန်းနွမ်းနယ်မှုတွေကို ခံစားရစေနိုင်ပါတယ်။ တစ်ကိုယ်ရည် အာသာမဖြေတော့ဘူးဆိုရင် ခန္ဓာကိုယ်ရဲ့ ဟော်မုန်းပမာဏဟာ ညီမျှနေမှာ ဖြစ်ပြီး ပင်ပန်းနွမ်းနယ်မှု ကင်းကင်းနဲ့ တစ်နေ့တာလုပ်ငန်းဆောင်တာတွေကို အေးအေးဆေးဆေး ကိုင်တွယ်ဖြေရှင်း ကျော်လွှားနိုင်စေမှာ ဖြစ်ပါတယ်။

(၃) လိင်စိတ်ကျေနပ်မှု ပိုရလာနိုင်တယ်

Couple

Photo : MattressNextDay

တစ်ကိုယ်ရည် အာသာဖြေခြင်း မလုပ်တော့ရင် ကွီးတို့ ခံစားရမယ့် နောက်ထပ်ကောင်းကျိုးတစ်ခုကတော့ ပါတနာနဲ့ လိင်မှုဘဝအပေါ် အပြုသဘောဆောင်တဲ့ သက်ရောက်မှုတွေ ရရှိနိုင်တာပါ။ လိင်အင်္ဂါ သန်စွမ်းမှုပိုင်းမှာ တိုးတက်လာစေနိုင်သလို လိင်မှုဆိုင်ရာ စွမ်းဆောင်ရည်ပိုကောင်းစေပြီး ပါတနာနဲ့ ချစ်တင်းနှော တဲ့အခါ လိင်စိတ်ကျေနပ်မှု ၊ သာယာဖွယ် အထိအတွေ့ ခံစားချက်ကို ပိုမိုခံစားရရှိနိုင်ပါတယ်။

(၄) အာရုံစူးစိုက်မှု ပိုကောင်းစေတယ်

Get Motivated

Photo : Lead Bee Leadership Development

လေ့လာမှုတွေအရ တစ်ကိုယ်ရည် အာသာဖြေခြင်းကို ရပ်နားလိုက်တဲ့အခါ ဦးနှောက်ဆဲလ်တွေရဲ့ အလုပ်လုပ်နိုင်စွမ်းဟာ ပိုတိုးလာပြီး အာရုံစူးစိုက်မှုအပိုင်းမှာ ပိုမိုအားကောင်းလာစေဖို့ ကူညီပေးတယ်လို့ ဆိုပါတယ်။ အာရုံစူးစိုက်မှု ကောင်းကောင်းနဲ့ နေ့စဉ်လုပ်ငန်းတာဝန်တွေကို Productive ဖြစ်ဖြစ်လုပ်ကိုင်နိုင်မယ့် ကောင်းကျိုးတွေကို ကွီးတို့ ခံစားနိုင်ပါလိမ့်မယ်။

(၅) ညစ်ညမ်းရုပ်ရှင် စွဲလမ်းမှု လျော့ကျလာမယ်

Porn Addiction

Photo : Addiction Center

တစ်ကိုယ်ရည် အာသာဖြေခြင်း ၊ ညစ်ညမ်းရုပ်ရှင် ကြည့်ရှုခြင်း ဒါတွေဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေတာပါ။ ပြောရရင် အလေ့အကျင့် တစ်ခုလို ဖြစ်လာတဲ့ စွဲလမ်းမှုပါ။ တစ်ကိုယ်ရည် အာသာဖြေခြင်းကို တက်နိုင်သမျှ ထိန်းချုပ်ပြီး ရှောင်ရှားလိုက်တဲ့အခါ ညစ်ညမ်းရုပ်ရှင် စွဲလမ်းမှု ပြဿနာလည်း လျှော့ပါးလာပါလိမ့်မယ်။ တစ်ကိုယ်ရည် အာသာဖြေခြင်း ၊ ညစ်ညမ်းရုပ်ရှင် ကြည့်ရှုမှုအပေါ် စွဲလမ်းခြင်းစတဲ့ အလေ့အကျင့်တွေကို ပြောင်းလဲလိုက်တာနဲ့ ကွီးတို့ရော ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာမှာပါ အပြုသဘောဆောင်တဲ့ အကျိုးကျေးဇူးတွေကို ခံစားရရလာမှာ ဖြစ်ပါတယ်။

Source : My Fit Brain

Featured Photo : New York Post