လူတစ်ယောက်အတွက် တစ်ရက်တာမှာ အိပ်စက်ချိန်က အနည်းဆုံး ၇ နာရီနဲ့ ၉ နာရီကြား ရှိသင့်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ အိပ်ရေးပျက် တဲ့ရက်တွေ များလာမယ်ဆိုရင်တော့ အခုပြောပြမယ့် ဆိုးကျိုးတွေ ကြုံတွေ့ ခံစားရနိုင်ပါတယ်။

(၁) မှတ်ဉာဏ် တစထက်တစ ပျက်စီးလာမယ်

Memory Loss

Photo : BetterHelp

အိပ်ရေးပျက် တဲ့ရက်တွေ များလာတာနဲ့ အမျှ ဦးနှောက်ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေလည်း တဖြည်းဖြည်း ကျဆင်းလာပြီး မှတ်ဉာဏ်စွမ်းရည်ကို ဆိုးဆိုးရွှားရွှား ထိခိုက်ပျက်စီး စေနိုင်ပါတယ်။ ဒါ့အပြင် စဉ်းစားတွေးခေါ်နိုင်စွမ်းတွေလည်း လျော့ကျလာပြီး အလွယ်တကူ စိတ်ရှုပ်ထွေးခြင်း ၊ စိတ်ဓာတ်ကျခြင်းစတဲ့ အခြေအနေတွေအထိ ဖြစ်လာနိုင်ပါတယ်။

(၂) ကိုယ်အားနည်းလာမယ်

Man Lying In Bed

Photo : The Guardian

အိပ်ရေးပျက်ခြင်းက ကိုယ်ခံအားစနစ်ကို ထိခိုက်စေတဲ့ အကြီးမားဆုံး ဖြစ်ရပ်တစ်ခုပါ။ ခန္ဓာကိုယ်မှာ ကိုယ်ခံအားနည်းလာပြီဆိုရင် ဖျားနာခြင်းနဲ့ ကူးစက်ရောဂါတွေ အလွယ်တကူ ဝင်ရောက်လာနိုင်ဖို့ အခွင့်အရေး ပိုများသွားပါပြီ။ ဒါတင်မက သေးပါဘူး။ နှလုံး ၊ဆီးချို နဲ့ လေဖြတ်ခြင်းကဲ့သို့ နာတာရှည် ရောဂါတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။

(၃) အိုမင်းရင့်ရော်လာမယ်

aging

Photo : Front Range Dermatology

လေ့လာမှုတွေအရ အိပ်ရေးပျက် များတဲ့သူတွေဟာ ပုံမှန်အိပ်ချိန်ရှိသူတွေထက် အိုမင်းရင့်ရော်မှု မြန်ဆန်တယ်လို့ ဆိုပါတယ်။ အိပ်ရေးပျက်ခြင်းက ခန္ဓာကိုယ်အသားအရေ ခြောက်သွေ့ပျက်စီးခြင်း ၊ မျက်နှာပေါ်မှာ အရေးအကြောင်း တင်းတိတ်နဲ့ ဝက်ခြံတွေ ဖြစ်စေခြင်း ၊ အသားအရေ တင်းရင်းမှု လျော့ကျစေခြင်းစတဲ့ အရာတွေ ဖြစ်စေပြီး အရွှယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို ဖြစ်စေနိုင်ပါတယ်။

(၄) ကိုယ်အလေးချိန် တိုးလာမယ်

Weight gain
Photo : HealthHub

အဝလွန်ခြင်းကို ဖြစ်စေတဲ့ အဓိက တရားခံတွေထဲမှာ အိပ်ရေးပျက်ခြင်းကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ အိပ်ရေးပျက်တဲ့အခါ ခန္ဓာကိုယ်က ဟော်မုန်းပြောင်းလဲမှုတွေကြောင့် ပုံမှန်မဟုတ်တဲ့ အစားစားချင်စိတ်ကို ဖြစ်စေနိုင်ပြီး အထိန်းအကွပ်မဲ့ စားသုံးမှုတွေ ဖြစ်လာနိုင်ပါတယ်။ အကျိုးဆက် အနေနဲ့ကတော့ ကိုယ်အလေးချိန် အဆမတန်တက်လာပြီး အဝလွန်ခြင်းကို ဖြစ်စေမှာ ဖြစ်ပါတယ်။

Source : Cleveland Clinic Health Essentials

Featured Photo : Peloton