ဖွားဖက်တော် အမွှေးအမျှင်တွေ ဖယ်ရှားနဲ့ ပတ်သတ်ပြီး ကွီးတို့ သိကိုသိထားသင့်တဲ့ အချက်တွေ ရှိပါတယ်။ အမွှေးရိတ်တာ ဘာခက်သလဲ မေးရင်တော့ ထွေထွေထူးထူး သိပ်မခက်ဘူးပဲ ဖြေရမှာပါ။ ဒါပေမယ့်လည်း စနစ်တကျ ၊ နည်းလမ်းမှန်မှန် မဟုတ်ဘူးဆိုရင်တော့ ကွီးတို့ ဖွားဖက်တော် အရေပြား တဝိုက်မှာ နီးမြန်းယားယံတာ ၊ အရေပြား ပူစပ်ပူလောင်ဖြစ်တာနဲ့ အခြား နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ကွီးတို့ ညီလေး ကို ကေရွှိုင်းပေးတော့မယ်ဆိုရင် လိုက်နာရမယ့် အဆင့်လေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) မရိတ်ခင် ရေနွေးနဲ့ ရေချိုးပေးပါ

A Man Taking a Shower

Photo : The Guardian

ဖွားဖက်တော် အမွှေးအမျှင်တွေ မဖယ်ရှားခင် ခပ်နွေးနွေးရေနဲ့ ရေချိုးပေးတာဟာ ချွေးပေါက်တွေကို ပွင့်စေပြီး အသားအရေကို နူးညံ့ချောမွေ့စေပါတယ်။ ဒါဟာ အမွှေးရိတ်တဲ့အခါမှာ ပိုမိုလွယ်ကူချောမွေ့စေမှာဖြစ်ပြီး အမွှေးအမျှင်တွေ အားလုံး ဖယ်ရှားပြီးနောက်မှာလည်း အသားအရေ ကြမ်းတမ်းပျက်စီးမှုကို နည်းစေမှာ ဖြစ်ပါတယ်။

(၂) လက်နက်ကိရိယာတွေကို မသုံးခင် ဆေးကြောသန့်စင်ပါ

Pubic Hair

Photo : Salt Grooming

အမွှေးရိတ်ရာမှာ သုံးမယ့် ဘလိတ်ဓား ၊ ဂျုတ်နဲ့ ဓါးသွားတွေ အားလုံးကို အသုံးမပြုခင်မှာ အရင်ဆုံး ဆေးကြောသန့်စင်ဖို့ လိုပါမယ်။ လက်နက်ကိရိယာတွေမှာ ကပ်တွယ်နေနိုင်တဲ့ ကွီးတို့ မျက်စိနဲ့ မမြင်နိုင်တဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားဖို့အတွက်ပါ။ Alcohol သို့မဟုတ် Hydrogen Peroxide ပါတဲ့ သန့်စင်ဆေးရည်တွေနဲ့ လက်နက်ကိရိယာတွေကို ပွတ်တိုက်သန့်စင်လို့ ရပါတယ်။

(၃) ကပ်ကြေး အရင်ဆုံးပါ

Pubic Hair

Photo : Hair Care Lab

အမွှေးအမျှင်တွေကို ရိတ်ရပိုလွယ်ကူ စေဖို့အတွက် အရင်ဆုံး ကပ်ကြေးနဲ့ Trimming လုပ်သင့်ပါတယ်။ အမွှေးအမျှင်တွေကို ခပ်တိုတို ၊ ခပ်ပါးပါး အနေအထား ရအောင် တိ/ညှပ် လိုက်မယ်ဆိုရင် ဘလိတ်ဓား သို့မဟုတ် ဂျုတ်သုံးပြီး ရိတ်တဲ့အချိန်မှာ အလုပ်ရှုပ်သက်သာ သွားစေမှာဖြစ်သလို လွယ်လွယ်ကူကူ ချောချောမွေ့မွေ့နဲ့ နေရာလပ်မကျန် အမွှေးအမျှင်အားလုံးကို ဖယ်ရှားရှင်းလင်းနိုင်မှာ ဖြစ်ပါတယ်။

(၄) Shaving Cream သုံးပါ

pubic hair

Photo : Dr. Ben Medical Clinic

မုတ်ဆိတ်ရိတ် သလိုပါပဲ ညီလေး အမွှေးအမျှင်တွေ ရိတ်တဲ့အချိန်မှာလည်း Shaving Cream သုံးလို့ ရပါတယ်။ Shaving Cream သုံးပေးတာက အမွှေးရိတ်တဲ့အခါ ပိုပြီးချောချောမွေ့မွေ့နဲ့ ရိတ်ရလွယ်ကူစေမှာ ဖြစ်သလို ဓားသွားကြောင့် ဖြစ်တက်တဲ့ အရေပြားနီမြန်းယားယံတာ ၊ စပ်ဖျင်းဖျင်း ပွန်းပဲ့ဒဏ်ရာတွေရတာ စတဲ့ အခြေအနေတွေကို ကာကွယ်ပေးနိုင်ပါတယ်။

Source : Mensxp

Featured Photo : The Beard Club