လိင်မှုကိစ္စဟာ ထိုးသွင်းဆက်ဆံမှု တစ်ခုတည်း မဟုတ်ပါဘူး။ ပွေ့ဖက်နမ်းရှု့တာ ၊ လက်နဲ့ ပွတ်သပ်နှိုးဆွတာ ၊ ပါးစပ်နဲ့ လျှာကို အသုံးပြုပြီး နှိုးဆွပေးတာ စတဲ့ အရာတွေ အားလုံး ပါပါတယ်။ ကွီးတို့က ကိုယ့်ချစ်သူ ပါတနာကို ထိုးသွင်းဆက်ဆံမှုမပါပဲ အထွတ်အထိပ် ခံစားမှု ပေးစွမ်းချင်တယ် ဆိုရင်တော့ အခုပြောပြမယ့် နည်းလမ်းတွေ အသုံးပြုနိုင်ပါတယ်။
(၁) နမ်းရှု့နည်း
Photo : Vista
နမ်းရှု့တာဟာ Foreplay အဆင့်မှာ အရေးပါဆုံးဖြစ်ပြီး လိင်စိတ်ခံစားမှုကို နှိုးဆွပေးနိုင်မယ့် အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။ နမ်းရှု့ခြင်းကနေလည်း အထွတ်အထိပ် ခံစားချက် အော်ဂဇင်ရအောင် စွမ်းဆောင်ပေးလို့ ရနိုင်ပါတယ်။ နှုတ်ခမ်းချင်း အနမ်းပေးလို့သလို ခံစားမှုအာရုံ အမြင့်ဆုံးဖြစ်တဲ့ လည်တိုင် ၊ နားရွက် အနောက်ဘက် ၊ လက်ကောက်ဝတ် ၊ ဝမ်းဗိုက်နေရာတွေကို နမ်းရှု့ပေးလို့ ရပါတယ်။
(၂) ရင်သားလှုံ့ဆော်နည်း
Photo : Vista
ရင်သားဟာ အမျိုးသမီးတွေအတွက် လိင်စိတ်ခံစားမှု နှိုးဆွလို့အကောင်းဆုံး နေရာတစ်ခုပါ။ ရင်သားကို ပွတ်သပ်နှိုးဆွပေးတာဟာ အထွတ်အထိပ် ရောက်စေမယ့် နည်းလမ်းတွေထဲကတစ်ခု ဖြစ်ပါတယ်။ ထိုးသွင်းဆက်ဆံမှုမပါပဲ ခံစားမှုကောင်းကောင်း ပေးစွမ်းချင်တယ် ဆိုရင်တော့ ကွီးတို့ ပါတနာရဲ့ ရင်သားတွေကို နှိုးဆွမှုကောင်းကောင်း ပေးကြည့်ပါ။
(၃) အပြန်အလှန် တစ်ကိုယ်ရည် အာသာဖြေပေးနည်း
Photo : Vista
ထိုးသွင်းဆက်ဆံမှုမပါပဲ သာယာပျော်ရွှင်ဖွယ် လိင်စိတ်ခံစားမှု အတွေ့အကြုံကို လိုချင်တယ်ဆိုရင် ကွီးတို့ ပါတနာနဲ့ အပြန်အလှန် တစ်ကိုယ်ရည် အာသာဖြေပေးတဲ့ နည်းလမ်းကို သုံးလို့ရပါတယ်။ ဒါဟာ ရင်ခုန်စရာကောင်းသလို ကိုယ့်ပါတနာရဲ့ နှစ်သက်မှုတွေ ၊ အကြိုက်တွေကို လေ့လာသိရှိနိုင်မယ့် အကောင်းဆုံး နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။
(၄) ပါးစပ်နဲ့ ချစ်တင်းနှောနည်း
Photo : Vista
ပါးစပ်နဲ့ ချစ်တင်းနှောခြင်းကတော့ အထွတ်အထိပ် ခံစားမှုကောင်းကောင်း ပေးနိုင်မယ့် Powerful အဖြစ်ဆုံး နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ကောင်းမွန်တဲ့ ခံစားမှုအတွေ့အကြုံတွေကို အပြန်အလှန်ပေးနိုင်ဖို့ 69 သိုင်းကွက်ကို သုံးလို့ရပါတယ်။ ဒါပေမယ့် သတိထားရမှာတစ်ခုက ပါးစပ်နဲ့ ချစ်တင်းနှောခြင်းတာဟာ လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါအန္တရာယ်ရှိတာကြောင့် ပါးစပ်အကာ ၊ ကွန်ဒုံးတို့လို အကာအကွယ်တွေကို မဖြစ်မနေ အသုံးပြုရပါမယ်။
Source : Thehealthsite
Featured Photo : Vista