အမျိုးသားတို့အတွက် လိင်အင်္ဂါကျန်းမာဖို့က အရေးကြီးပါတယ်။ တစ်ခါတစ်ရံမှာ ကိုယ်သတိမထားလိုက်မိဘဲ လိင်အင်္ဂါမကျန်းမာတာ၊ ထိခိုက်တာမျိုး ဖြစ်နိုင်ပါတယ်။ လိင်အင်္ဂါမကျန်းမာရင် ကွီးတို့ရဲ့ လိင်ပိုင်းဆိုင်ရာ စွမ်း‌ဆောင်ရည်ကို ထိခိုက်စေပြီး လိင်မှုဘဝပေါ်မှာ သက်ရောက်နိုင်သည်သာမက အလုံးစုံသော ကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။ ဒီနေ့မှာတော့ ကွီးတို့အတွက် ဘယ်လို အခြေအနေမျိုးမှဆို ကွီးတို့ ညီလေး ကျန်းမာတယ်ဆိုတာ သိရအောင် အချက်အလက်အချို့ကို မျှဝေပေးမှာ ဖြစ်ပါတယ်။

လိင်တံရဲ့ အရောင်ကို သတိပြုပါ

Photo : The Sun

ကွီးတို့ရဲ့ လိင်တံ ကျန်းမာခြင်းရှိ၊ မရှိကို ပြောပြနိုင်တဲ့ နည်းလမ်းများထဲက တစ်ခုကတော့ လိင်တံအရောင်ကို စစ်ဆေးခြင်းပါပဲ။ Medical News Today မှ သုတေသနပြုချက်တွင် လိင်တံသသည် အနည်းငယ် ပိုမဲတာ၊ ဒါမှမဟုတ် အနည်းငယ် ပိုဖြူတာ ဖြစ်နိုင်သော်လည်း ပတ်ဝန်းကျင်အရေပြားအရောင်နှင့် အကြမ်းဖျင်းတူညီသင့်တယ်လို့ဆိုထားပါတယ်။ ဒါ့အပြင် ဆီးသွားတဲ့ အခါ၊ လိင်ဆက်ဆံတဲ့ အခါ နာကျင်မှု မခံစားရရင် လိင်တံကျန်းမာပါတယ်။ အကယ်၍ လိင်တံ အရေပြား အရောင်ပြောင်းတာ၊ မူမမှန်တာ တစ်ခုခု တွေ့ရရင် အမြန်ဆုံး ဆရာဝန်နဲ့ ပြသပါ။

အဖုအကြိတ်များ သတိပြုပါ

ကွီးတို့ ညီလေး

Photo : Netdoctor

လိင်တံမှာ သေးငယ်တဲ့ အဖုလေး အမျိုးအစားများစွာ ရှိနိုင်ပါတယ်။ အများစုက အန္တရာယ်ကင်းတယ်လို့ ယူဆနိုင်ပါတယ်။ ဒီလို မဟုတ်ဘဲ လိင်တံမှာ သိသာတဲ့ အဖုအကြိတ်တွေ ဖြစ်တာကလည်း သတိပြုရမယ့် အချက်တစ်ခုပါ။ အကြောင်းရင်းများထဲမှတစ်ခုမှာ အဆီအိတ်ဂလင်းတွင် ပိတ်ဆို့ခြင်းဖြစ်နိုင်ပြီး အလုံးများ၊ အရည်များပြည့်နေသော တစ်သျှူးအိတ်များ ဖြစ်ပေါ်လာနိုင်တာပဲ ဖြစ်ပါတယ်။ ဒီလို ဖြစ်လာရင် အများစုက သူ့ဘာသူ ပျောက်သွားနိုင်သော်လည်း အချို့မှာ ပိုဆိုပြီး နာကျင်လာနိုင်တဲ့အတွက် စျေးခန်းပြပါ။

မူမမှန်မူများ မရှိခြင်း

ကွီးတို့ ညီလေး

Photo : Men’s Health

ကျန်းမာသောလိင်တံက အနာများ၊ ကြွက်နို့များနှင့် ပုံမှန်မဟုတ်သော အရည်ထွက်ခြင်း ကင်းစင်ကြောင်း သုတေသနပြုချက်များအရ ဆိုပါတယ်။ Peary penile papules လို့လည်း ခေါ်တဲ့ အဆီအိတ် ဒါမှမဟုတ် ဝက်ခြံကြောင့် ဖြစ်ရတဲ့ အဖုအထစ်တွေ မရှိဘူးဆိုရင်လည်း ကျန်းမာတဲ့ လိင်တံလို့ ယူဆနိုင်ပါတယ်။ လိင်တံရဲ့ ဦးခေါင်းပေါ်ရှိ သေးငယ်သော အဖုအပိန့်များ ရှိမရှိစစ်ဆေးပါ။ မရှိဘူးဆိုရင် ကျန်းမာသော လိင်တံလို့ သတ်မှတ်နိုင်ပြီး မူမမှန်တာ ရှိခဲ့ရင် အမြန်ဆုံး ဆရာဝန်နဲ့ ပြသပါ။

အနာများ သို့မဟုတ် ရောင်ရမ်းမှု မရှိခြင်း

Photo : Hone Health

လိင်တံက ယားယံနေတယ်ဆိုရင်လည်း မကျန်းမာဘူးလို့ ပြောလို့ရပါတယ်။ Balanitis ဆိုတာကတော့  လိင်တံရဲ့ ထိပ်ဖျား ရောင်ရမ်းခြင်း သွင်ပြင်လက္ခဏာ ဖြစ်ပါတယ်။ အဆိုပါအခြေအနေက ဘက်တီးရီးယားများ ၊ မှိုပိုးကူးစက်မှုများ ၊ သို့မဟုတ် ဓာတုပစ္စည်းများ ၊ ဗိုင်းရပ်စ် သို့မဟုတ် ဓာတ်မတည့်မှုများကြောင့် ဖြစ်ပွားနိုင်ပါတယ်။ ဒါ့ကြောင့် တစ်ကိုယ်ရည် သန့်ရှင်းရေးနဲ့ လိင်အင်္ဂါနဲ့ လိင်အင်္ဂါတစ်ဝိုက် သန့်ရှင်းရေးကို အလေးထား ဆောင်ရွက်ပါ။

ကွီးတို့ရဲ့ ညီလေး ရဲ့ ကျန်းမာရေးကို ဒီလို အခြေအနေတွေ ကိုက်မကို စစ်ဆေးပါ။ တစ်ခုခု မူမှန်တာ တွေ့ရှိရတာနဲ့ အမြန်ဆုံး ဆရာဝန်နဲ့ ပြသဖို့ မမေ့ပါနဲ့။

Source : Pulse.com.gh

Featured Photo : Tiege