ကွီးတို့ ဘဝမှာ အနည်းဆုံး တစ်ခေါက်တော့ တစ်ကိုယ်တော် ခရီးသွား ကြည့်သင့်ပါတယ်။ ခရီးတစ်ခုကို အစကနေအဆုံးအထိ တစ်ယောက် တည်း အစီအစဉ်ချ ၊ ကိုယ်ထူကိုယ်ထ သွားရတာဟာ ကွီးတို့အတွက် မတူညီတဲ့ အတွေ့အကြုံအသစ်တွေ ရရှိနိုင်မှာ ဖြစ်သလို စွန့်စားလိုစိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် အားကိုးတက်တဲ့ ကောင်းတဲ့ အကျင့်စရိုက်တွေ များစွာ ရရှိစေနိုင်မှာ ဖြစ်ပါတယ်။ အခုဖော်ပြပေးမှာကတော့ ကွီးတို့ တစ်ကိုယ်တော် ခရီးသွားသင့်တဲ့ အကောင်းဆုံး နေရာတွေ အကြောင်းပါ။

(၁) ဂျပန်

Japan
Photo : Time Out

ဂျပန်နိုင်ငံကတော့ တစ်ကိုယ်တော် ခရီးသွားတွေအတွက် သက်တောင့်သက်သာအရှိဆုံးနဲ့ အလုံခြုံဆုံး နေရာတစ်ခု ဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ လှပတဲ့ နေရာဒေသတွေ များစွာရှိသလို ဂျပန်လူမျိုးဒေသခံတွေရဲ့ နှစ်လိုဖွယ် ဖော်ရွေပြုငှာမှုတွေဟာ ခရီးသွား တွေအတွက်တော့ တကယ်ပဲ စိတ်ရောကိုယ်ပါ အနားယူအပန်းဖြေမှုကောင်းကောင်း ရစေမှာပါ။

(၂) အိုင်ယာလန်

Ireland
Photo : Time Out

သာယာလှပတဲ့ သဘာဝတောတောင် ရှုခင်းတွေအဆီ အလည်အပတ် သွားချင်တယ်ဆိုရင်တော့ အိုင်ယာလန်နိုင်ငံဟာ ရွေးချယ်စရာ နေရာတစ်ခုပါပဲ။ တစ်နေရာနဲ့တစ်နေရာ သွားရေးလာရေး လွယ်ကူချောမွေ့သလို မျက်စိတစ်ဆုံး ငေးမောကြည့်စရာ သဘာဝ အလှတရားတွေနဲ့ ပြည့်နှက်နေတဲ့ ချစ်စရာနိုင်ငံ ဖြစ်ပါတယ်။

(၃) ကနေဒါ

Canada
Photo : Time Out

တစ်ကိုယ်တော် ခရီးသွား ဖို့အတွက် အကောင်းဆုံး နေရာတွေထဲမှာ ကနေဒါနိုင်ငံကို မပါမဖြစ် ထည့်သွင်းရပါလိမ့်မယ်။ အံ့ဩစရာကောင်းလောက်အောင် ခေတ်မှီတိုးတက်မှုတွေနဲ့ စည်ကားနေတဲ့ မြို့ကြီးတွေ ၊ ကမ္ဘာ့ယဉ်ကျေးမှု အရှိဆုံးနိုင်ငံတစ်ခုလို့ သတ်မှတ်ခံထားရတဲ့အထိ ဒေသခံတွေရဲ့ ဖော်ရွေမှုတွေ ၊ ရင်သပ်ရှုမောဖွယ် သဘာဝအလှတရားတွေဟာ ကနေဒါနိုင်ငံကို ခရီးသွားတွေ လာရောက်လည်ပတ်ဖို့အတွက် စိတ်ဝင်စားစေတဲ့ အချက်တွေလို့ ပြောရင် မမှားနိုင်ပါဘူး။

(၄) ဗီယက်နမ်

Vietnam
Photo : Time Out

သမိုင်းဝင် ရှေးဟောင်း အမွေအနှစ် နေရာတွေ ၊ ထူးခြားလှပလွန်းတဲ့ ခရီးသွား နေရာတွေနဲ့ နိုင်ငံခြား ခရီးသွားတွေကို ဆွဲဆောင်နေတာက‌တော့ ဗီယက်နမ်နိုင်ငံပဲ ဖြစ်ပါတယ်။ Ha Long Bay ၊ Hanoi နဲ့ Ha Giang Loop တို့ဟာ နိုင်ငံအတွင်းက အထင်ကရ ခရီးသွားနေရာတွေပါ။ အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်ကောင်းကောင်းနဲ့ ဘတ်ဂျက်ဖြစ်တဲ့ တည်းခိုစရာ နေရာတွေ ပေါများလွန်းတာကြောင့် တစ်ယောက်တည်း ခရီးသွားမယ့်သူတွေအတွက် လုံးဝကို အဆင်ပြေပါတယ်။

ကွီးတို့ရော ဘဝမှာ တစ်ယောက်တည်း ခရီးသွား ဖူးပြီးလား ???

တစ်ကိုယ်တော် ခရီးသွားရတဲ့ အတွေ့အကြုံတွေကို ကွန်းမန့်မှာ မျှဝေခဲ့ပါဦးနော်။

Source : Time Out

Featured Photo : Time Out