ဆီးခုံ အမွှေးအမျှင်တွေ ရိတ်မရိတ်ဆိုတာဟာ လူတစ်ဦး တစ်ယောက်ချင်းစီရဲ့ ကိုယ်ပိုင်ရွေးချယ်မှုပါပဲ။ အချို့ကတော့ တစ်ကိုယ်ရေသန့်ရှင်းမှု ကောင်းကောင်းရှိဖို့နဲ့ အနံ့အသက်ဆိုးတွေ ကင်းစင်ဖို့ ဆီးခုံ အမွှေးအမျှင်တွေကို ဖယ်ရှားကြပါတယ်။ ဆီးခုံ အမွှေးအမျှင်တွေကို ဖယ်ရှားနိုင်တဲ့ နည်းလမ်းတွေကတော့ အများကြီး ရှိပါတယ်။ ဒီထဲကမှ အသုံးအများဆုံး တောရှင်း နည်းအချို့ကို ပြောပြပေးပါမယ်။

(၁) ညှပ်ခြင်း

Trim Pubic Hair
Photo : The Beard Club

ဒါက တောရှင်း တဲ့အခါ အသုံးအများဆုံး နည်းလမ်းတွေထဲက တစ်ခုပါပဲ။ အမွေးအမျှင်တွေကို အပြောင်ရိတ်တာ မဟုတ်ပဲ ကတ်ကြေးတာ ညှပ်/တိ လုပ်ခြင်းကို ခေါ်ပါတယ်။ ဒီနည်းလမ်းက မတော်တဆ ပွန်းပဲ့ဒဏ်ရာရတာ ၊ ရောဂါပိုးကူးစက်ခံရတာ စတဲ့ အခြေအနေတွေ ဖြစ်နိုင်ခြေနည်းစေပြီး အမွေးအမျှင်တွေကို ဘေးကင်းကင်းနဲ့ ရှင်းလင်းနိုင်မှာ ဖြစ်ပါတယ်။

(၂) Waxing လုပ်ခြင်း

Waxing

Photo : Ulike UK Shop

ဖယောင်း သို့မဟုတ် သကြားအပူကို အသုံးပြုပြီး အမွှေးအမျှင်တွေ ဖယ်ရှားတဲ့ နည်းလမ်းပါ။ အမွေးအမျှင်တွေကို အမြစ်ကနေ ဖယ်ရှားရှင်းလင်းတဲ့ နည်းလမ်းဖြစ်တာကြောင့် တစ်ကြိမ်ပြုလုပ်ပြီးတာနဲ့ ရက်သတ္တပတ် ၃ ပတ် ကနေ ၄ ပတ်အထိ ခံပါတယ်။ Waxing လုပ်တဲ့အခါ အရေပြား အပူလောင်တာ ၊ ယားယံတာတွေ ဖြစ်နိုင်တာကိုတော့ သတိပြုရပါမယ်။

(၃) ရိတ်ခြင်း

Shaving
Photo : The Beard Club

သင်တုန်းဓား သို့မဟုတ် ဂျုတ်ကို အသုံးပြုပြီး တောရှင်း နိုင်ပါတယ်။ ဒီနည်းလမ်းကတော့ လွယ်ကူပြီး အိမ်မှာကိုယ်တိုင် ပြုလုပ်နိုင်ပေမယ့် ရိတ်ပြီး ရက်အနည်းငယ်အတွင်းမှာ အမွှေးအမျှင်တွေ ပြန်ထွက်နိုင်သလို မတော်တဆ ဓားရှတာ ၊အရေပြား ပိုးဝင်တာ ၊ အဖုအပိန့်တွေ ထွက်တာ နဲ့ Ingrown Hairs ပြဿနာတွေတော့ ကြုံရနိုင်ခြေ ရှိပါတယ်။

(၄) လေဆာနဲ့ ဖယ်ရှားခြင်း

Laser hair removal
Photo : Athens South

အမွှေးအမျှင်တွေကို လေဆာနဲ့ ဖယ်ရှားတဲ့ နည်းလမ်းကလည်း နောက်ပိုင်းမှာ လူသုံးများလာပါတယ်။ လေဆာနဲ့ ဖယ်ရှားတဲ့ နည်းလမ်းက နာကျင်မှုနည်းပြီး သက်တောင့်သက်သာနဲ့ အချိန်ကုန်သက်သာစွာ အမွှေးအမျှင်တွေကို ဖယ်ရှားနိုင်မှာ ဖြစ်ပေမယ့် ငွေကုန်ကြေးကျများသလို အကြိမ်အရေများစွာ ထပ်ခါထပ်ခါ ပြန်ပြီး ပြုလုပ်ပေးဖို့တော့ လိုပါတယ်။

ကွီးတို့ရော တောရှင်း တဲ့အခါ ဘယ်နည်းတွေ သုံးဖြစ်ပါသလဲ ?

Source : Verywell Health

Featured Photo : Healthline