နောက်ပိုင်းထွက်တဲ့ မိုလ်ဘိုင်းဂိမ်းတွေက တော်တော်ကြီးကို ကြမ်းလာတယ် ပြောရမှာပါပဲ။ ဂိမ်း Play ပုံစံတွေ သာမက စိတ်ဝင်စားဖို့ကောင်းတဲ့ Storyline တွေ ၊ Graphic နဲ့ နောက်ခံအသံပိုင်းဆိုင်ရာ စနစ်တွေ အားလုံး လုံးဝမိုက်လာတာပါ။ ဒီလို ရှယ်လန်းရှယ်မိုက်တဲ့ Android ဂိမ်းတွေထဲကမှ ကွီးတို့ ဆော့ကိုဆော့ကြည့်သင့်တဲ့ အမိုက်စား ဂိမ်း အချို့ကို ဒီဆောင်းပါးမှာ ညွှန်းပေးချင်ပါတယ်။

(၁) Kentucky Route Zero

 

 

Source : Netflix Games

Netflix Subscribers တွေ Free ဆော့နိုင်မယ့် အမိုက်စား Android ဂိမ်းတွေထဲကတစ်ခု ဖြစ်ပါတယ်။ ဒီဂိမ်းက Classic ဆန်ဆန် ကစားရမယ့် Point & Click Adventure ဂိမ်း အမျိုးအစား ဖြစ်ပြီး ကွီးတို့ Puzzles တွေ ဖြေရှင်းစရာ မလိုပါဘူး။ ဂိမ်း Play ပုံစံကတော့ ဇာတ်ကြောင်းပြောတဲ့ Narrative စတိုင်သွားထားပြီး ပေါ့ပေါ့ပါးပါးနဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ ဂိမ်းလေးပဲ ဖြစ်ပါတယ်။

(၂) Legends of Runeterra

Source : Legends of Runeterra

MOBA ဂိမ်းတွေ ကြိုက်တဲ့ ကွီးတို့ ကတော့ Legends of Runeterra က သေချာပေါက် ဆော့ရမယ့် ဂိမ်းတစ်ခုပါပဲ။ League of Legends ရဲ့ Developer Riot Games ကနေ ဖန်တီးထားတာပါ။ Hearthstone ဂိမ်းလိုပဲ Online Battle တွေ နွဲရမှာဖြစ်ပြီး Players တွေအနေနဲ့ Cards တွေ Heroes တွေကို စုဆောင်းရမှာ ဖြစ်ပါတယ်။

(၃) Coromon

Source : Coromon The Game

Coromon ကတော့ Pokemon တစ်ဆင့်နှိမ့် RPG ဂိမ်းလို့ ပြောရမှာပါ။ ကွီးတို့ ငယ်ငယ်က ဆော့ခဲ့တဲ့ PS2 ဂိမ်းတွေရဲ့ Vibe မျိုးကို ပြန်ရစေမှာ ဖြစ်ပြီး ဂိမ်းထဲမှာ မတူညီတဲ့ Monsters ကောင် ၁၂၀ လောက်ကို အမိဖမ်းရမှာ ဖြစ်ပါတယ်။ Monsters တစ်ကောင်ချင်းစီမှာ မတူတဲ့ အားသာချက် ၊ အားနည်းချက်တွေ ရှိနေတာကြောင့် ကွီးတို့ရဲ့ ဉာဏ်ကို လွှာသုံးပြီး လူဆိုးဖမ်းရမှာ ဖြစ်ပါတယ်။

(၄) Marvel Snap

 

 

Source : Marvel Entertainment

Strategy ကျကျ ဆော့ရတဲ့ ဗျူဟာဂိမ်းတွေ ကြိုက်ရင် Marvel Snap ကို Try ကြည့်ပါ။ ဒီဂိမ်းက Legends of Runeterra နဲ့ Hearthstone တို့နဲ့အပြိုင် နာမည်ကြီးတဲ့ အမိုက်စား Card ဂိမ်းတစ်ခု ဖြစ်ပါတယ်။ ထူးခြားတာကတော့ Marvel ဇာတ်ကောင်တွေ ပါလာတာပါ။ ၂၀၂၂ နှစ်ကုန်ပိုင်းလောက်မှာ ထွက်ခဲ့တာ ဖြစ်ပြီး Marvel ဇာတ်ကောင်တွေနဲ့ မြန်ဆန်တဲ့ Three-Minute Battle Times တိုက်ပွဲတွေကြောင့် နာမည်ကြီး လူကြိုက်များပါတယ်။

Source : Android Authority 

Featured Photo : Legends of Runeterra