ရာသီလာစဉ် လိင်ဆက်ဆံလို့ ရမရဆိုတဲ့ မေးခွန်းနဲ့ ပတ်သတ်ပြီး သဘောထား ကွဲလွဲမှုတွေ အများကြီး ရှိနေဆဲပါ။ တကယ်တော့ ရာသီလာနေစဉ်အတွင်းမှာ လိင်မှုကိစ္စ တစ်နည်းအားဖြင့် ချစ်တင်းနှောခြင်းကို လုပ်ဆောင်လို့ ရပါတယ်။ အချို့ကတော့ အညစ်အကြေးတစ်ခုလို့ သတ်မှတ်ထားတဲ့ ရာသီသွေးကြောင့် လိင်ဆက်ဆံဖို့ကို တွန့်ဆုတ်ကြတာ ဖြစ်ပြီး အချို့ကတော့ ရာသီနေစဉ်အတွင်းမှာ လိင်ဆက်ဆံတာဟာ အမျိုးသမီးတွေရဲ့ နာကျင်ကိုက်ခဲမှုဝေဒနာတွေကိုပင် သက်သာစေတဲ့ ကောင်းကျိုးတွေ ရစေတယ်လို့ လက်ခံထားကြပါတယ်။ ဒီဆောင်းပါးမှာတော့ Period Sex လို့ခေါ်တဲ့ ရာသီလာစဉ် လိင်ဆက်ဆံခြင်းနဲ့ ပတ်သတ်ပြီး ကွီးတို့ သိသင့်တဲ့ အကြောင်းအရာလေးတွေကို မျှဝေပေးချင်ပါတယ်။

ဘာကြောင့် ရာသီလာစဉ်မှာ လိင်ဆက်ဆံကြတာလဲ ?

Period Sex

Photo : Verywell Health

Period Sex ကို ကြိုက်တဲ့သူတွေရှိသလို မကြိုက်တဲ့သူတွေလည်း ရှိနိုင်ပါတယ်။ ရာသီလာစဉ်မှာ လိင်ဆက်ဆံရတာကို နှစ်သက်သူတွေကတော့ ရာသီလာချိန်အတွင်းဟာ အမျိုးသမီးတွေအတွက် လိင်စိတ်ဆန္ဒ နှိုးကြားတက်ကြွမှု ပိုမိုပြင်းထန်သလို ရာသီသွေးဟာ သဘာဝချောဆီကဲ့သို့ လုပ်ဆောင်ပေးတာကြောင့် ခံစားမှုကိုပိုကောင်းစေပြီး ရာသီလာချိန်မှာ ခံစားရတဲ့ နာကျင်ကိုက်ခဲမှု ဝေဒနာတွေကိုလည်း သက်သာစေတယ်လို့ ပြောကြပါတယ်။

ပုံမှန်အချိန် ဆက်ဆံတာနဲ့ ရာသီလာနေချိန် ဆက်ဆံတာ ဘာကွဲလဲ ?

Period Sex

Photo : Bristol Live

ပုံမှန်အချိန် လိင်ဆက်ဆံတာနဲ့ ရာသီလာနေချိန် အတူနေတာဟာ အများကြီး ကွာခြားမှုတော့ မရှိပါဘူး။ သို့သော်လည်း တစ်ခါတစ်ရံမှာ အမျိုးသမီးတွေရဲ့ မိန်းမကိုယ်ကနေ ပုံမှန်နဲ့မတူတဲ့ အနံ့အသက်အချို့ ထွက်ပေါ်တာကို ကြုံတွေ့ရနိုင်ပါတယ်။ နောက်တစ်ချက်ကတော့ ရာသီသွေးကြောင့် အိပ်ရာခင်းတွေ စွန်းထင်းညစ်ပေမှု ရှိနိုင်တဲ့အတွက် သန့်ရှင်းမှုရှိစေဖို့ လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ပြီး ချစ်တင်းနှောတာဟာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

ရာသီလာနေချိန် ဆက်ဆံရင် ဘယ်သိုင်းကွက်တွေ သုံးရမလဲ ?

Period Sex

Photo : Cosmopolitan

ရာသီလာနေချိန် လိင်ဆက်ဆံမယ်ဆိုရင် ကွီးတို့ ရော ကွီးတို့ပါတနာ နှစ်ဦးလုံး ခန္ဓာကိုယ်တွေ သက်တောင့်သက်သာဖြစ်တဲ့ အနေအထားမှာ ရှိနေဖို့ လိုအပ်ပါတယ်။ နှစ်ဦးလုံးမှာ စိတ်ပိုင်းဆိုင်ရာ တင်းကြပ်မှုဖိအားတွေကို တက်နိုင်သမျှ လျော့ချထားရမှာ ဖြစ်သလို ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် လှုပ်ရှားမှု အားဖြင့်လည်း သက်တောင့်သက်သာနဲ့ ငြိမ့်ငြိမ့်ညောင်းညောင်း ရှိနေရမှာ ဖြစ်ပါတယ်။ ဒီအတွက် အကောင်းဆုံး Sex Position အနေအထားတွေကတော့ Missionary သိုင်းကွက် ၊ Spooning သိုင်းကွက်နဲ့ Doggy Style သိုင်းကွက် အနေအထားတွေကို သုံးနိုင်ပါတယ်။

ရာသီလာနေစဉ် ပါးစပ်နဲ့ ဆက်ဆံလို့ ရပါသလား ?

Period Sex

Photo : Better Health Channel

ဒီမေးခွန်းကတော့ နည်းနည်းလေးတော့ Weird ဖြစ်စရာပါပဲ။ ဒါပေမယ့် ဖြေပေးရမယ်ဆိုရင် ရာသီလာနေစဉ် ပါးစပ်နဲ့ ဆက်ဆံလို့ ရပါတယ်။ အရေးကြီးဆုံး တစ်ခုသတိထားရမှာကတော့ ကွီးတို့ က သွေးနဲ့ တိုက်ရိုက် ထိတွေ့မှာ ဖြစ်တာကြောင့် ပါးစပ်နဲ့ တဝိုက်မှာ အနာ သို့မဟုတ် ပေါက်ပြဲဒဏ်ရာတွေ မရှိဖို့ အရေးကြီးသလို နှစ်ဦးလုံးမှာ လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါတွေ STIs ကင်းစင်ကြောင်း သေချာဖို့ လိုပါတယ်။ ကွန်ဒုံး သို့မဟုတ် ပါးစပ်အကာလို အကာအကွယ်တစ်ခုခု အသုံးပြုပြီး ပါးစပ်နဲ့ ဆက်ဆံတာကတော့ အကောင်းဆုံးပါပဲ။

Source : Lifehacker

Featured Photo : Aidsmap