တစ်ခါတလေမှာ ကွီးတို့ရဲ့ ဖွားဖက်တော်ဟာ အရာအားလုံး ပုံမှန်ရှိမြဲအတိုင်း ရှိနေတယ်လို့ ထင်ကောင်းထင်ရ နိုင်ပါတယ်။ ဒါပေမယ့် သေချာအသေးစစ် စစ်ဆေးကြည့်ချိန်မှာတော့ ပုံမှန်မဟုတ်တဲ့အရာတွေ အများကြီး တွေ့ရနိုင်ပါတယ်။ တချို့လက္ခဏာတွေက အသေးအမွှားဆိုပေမယ့် တချို့လက္ခဏာတွေကတော့ ဂရုမစိုက်ပဲ မေ့မေ့ပျောက်ပျောက်နေလိုက်ရင် ကွီးတို့ ဘေးထွက်ဆိုးကျိုး ကြီးကြီးမားမား ရင်ဆိုင်ရနိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ ကွီးတို့ မြွေကြီး မှာ တစ်ခုခု ဖြစ်နေပြီဆိုတာကို ဖော်ပြနေတဲ့ လက္ခဏာတွေအကြောင်း ပြောပြပေးချင်ပါတယ်။
(၁) အဖြူ ၊ အဝါရောင် သို့မဟုတ် နီမြန်းတဲ့ အဖုအပိန့်များ
Photo : OneWelbeck
လိင်တံနဲ့ လိင်တံအရေပြား တဝိုက်မှာ အဖြူ ၊ အဝါရောင် သို့မဟုတ် နီမြန်းတဲ့ အဖုအပိန့်တွေ ထွက်ပေါ်နေပြီလား ? ဒါဟာ လိင်အင်္ဂါ ရေယုန်ရဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်သလို လိင်တံအရေပြားပေါ်က အဆီဂလင်းတွေ ကြီးလာတာကြောင့်လည်း ဖြစ်တတ်ပါတယ်။ လိင်အင်္ဂါ ရေယုန်ဆိုရင် အဖုအပိန့်တွေက ယားယံခြင်း သို့မဟုတ် နာကျင်ခြင်းကို ခံစားရနိုင်ပြီး အဆီဂလင်းတွေ ကြီးလာတာကြောင့် ဆိုရင်တော့ သူ့အလိုလို ပျောက်ကင်းသက်သာသွားနိုင်ပါတယ်။
(၂) ခရမ်းရောင် မြွေကြီး
Photo : Comprehensive Urology
လိင်တံရဲ့ အရေပြားအရောင်ဟာ ခရမ်းရောင် သို့မဟုတ် အညိုပုပ်ရောင် ပြောင်းလဲလာနေတယ်ဆိုရင်တော့ သတိထားပါ။ တစ်ခါတစ်လေမှာ လိင်တံထောင်မတ်စဉ် သွေးစီးဆင်းမှု တိုးလာခြင်းကြောင့် သွေးကြောတွေရဲ့ တုံ့ပြန်မှုအရ ခရမ်းရောင် ပြောင်းနိုင်ပေမယ့် ပြင်းထန်တဲ့ လိင်ဆက်ဆံမှု ပုံစံတွေကြောင့် သွေးကြောငယ်လေးတွေ ပေါက်ပြဲခြင်းကနေတဆင့်လည်း ခရမ်းရောင် ပြောင်းလဲနိုင်ပါတယ်။
(၃) အသားစိုင် မှိုပွင့်များ
Photo : Paul H. Chung, MD, FACS
လိင်တံအရေပြားပေါ်မှာ ပန်းဂေါ်ဖီပုံ ဒါမှမဟုတ် မှိုပွင့်ပုံ အသားစိုင်လေးတွေ ထွက်ပေါ်နေရင်တော့ ဒါဟာ လိင်အင်္ဂါကြွက်နို့ရဲ့ လက္ခဏာတစ်ရပ် ဖြစ်နိုင်ပါတယ်။ အသားစိုင်တွေဟာ နာကျင်ခြင်း သို့မဟုတ် ယားယံခြင်း မရှိပါဘူး။ လေ့လာမှုတွေအရ လူတစ်ယောက်ဟာ လူ့သက်တမ်းတစ်လျှောက်မှာ ၈၀ ရာခိုင်နှုန်းခန့် လိင်အင်္ဂါကြွက်နို့ ဖြစ်ပွားနိုင်ခြေရှိပြီး Human papillomavirus (HPV) ဗိုင်းရပ်စ်ပိုးကနေတဆင့် ကူးစက်တာ ဖြစ်ပါတယ်။
(၄) ကွေးညွှတ်လိင်တံ
Photo : RevitalWave
လိင်တံ ထောင်မတ်စဉ်မှာ ပုံမှန်မဟုတ်တဲ့ ကွေးညွှတ်မှု ၊ ဘေးဘယ်/ညာသို့ သိသာထင်ရှားတဲ့ ကွေးကောက်မှု အခြေအနေကို တွေ့မြင်ရတယ်ဆိုရင် ဒါကို Peyronie’s Disease လို့ခေါ်ပါတယ်။ ပုံမှန်မဟုတ်တဲ့ လိင်တံကွေးကောက်မှု ရောဂါပါ။ ဒါဟာ လိင်တံမှာရှိတဲ့ အမာရွတ်တစ်သျှူးတွေ စုတ်ပြဲ ဖြစ်ပေါ်လာရတဲ့ ရောဂါအခြေအနေတစ်ခု ဖြစ်ပါတယ်။
Source : Men’s Health
Featured Photo : UPGUYS