ဖွားဖက်တော် တစ်ကိုယ်ရည် သန့်ရှင်းမှုဟာ အမျိုးသားတိုင်းအတွက် အရေးကြီးပါတယ်။ အများစုကတော့ ချစ်တင်းမနှောခင်မှာ လိင်တံကို သေချာသန့်ရှင်းရေး လုပ်ကြပေမယ့် ကိစ္စပြီးချိန်မှာ သန့်ရှင်းရေးလုပ်ဖို့ မေ့နေတာ ၊ ပျင်းနေတာတွေ ရှိတက်ပါတယ်။ အတူနေချိန်မှာ လိင်အင်္ဂါတွေကနေ ထွက်ရှိတဲ့ အရည်တွေနဲ့ အညစ်အကြေးတွေ ကနေတဆင့် ဘက်တီးရီးယားနဲ့ ရောဂါပိုးမွှားတွေ အလွယ်တကူ ကူးစက်ခံရနိုင်တာကြောင့် ဆက်ဆံပြီးချိန်မှာ မဖြစ်မနေ သန့်ရှင်းရေး ပြုလုပ်ဖို့ လိုအပ်တာပါ။ ဒီဆောင်းပါးမှာတော့ ချစ်တင်းနှောပြီးနောက်မှာ ကွီးတို့ရဲ့ လက်နက်ကြီး ကို ဘာကြောင့် သန့်ရှင်းရေး လုပ်ပေးသင့်လဲဆိုတဲ့ အကြောင်းအရင်းတွေကို ပြောပြပေးပါမယ်။
(၁) လိင်တံထိပ် အဖြူဖတ်တွေ မတွယ်စေဖို့
Photo : MedicalNewsToday
တစ်ခါတစ်ရံ အမျိုးသားတွေရဲ့ လိင်တံထိပ် အရေပြားအောက်မှာ Smegma လို့ခေါ်တဲ့ အဖြူရောင် အရိအချွဲအဖတ်တွေ မြင်တွေ့ရတက်ပါတယ်။ ဒါဟာ တစ်ကိုယ်ရည် သန့်ရှင်းမှု အားနည်းတဲ့ လက္ခဏာတစ်ခု ဖြစ်ပြီး အရေပြားဆဲလ်သေတွေ ၊ အဆီတွေနဲ့ လိင်အင်္ဂါက ထွက်ရှိတဲ့ အရည်တွေကနေတဆင့် ဖြစ်ပေါ်လာတာပါ။ Smegma တွေ မတွယ်အောင် ကွီးတို့ရဲ့ လိင်တံကို နေ့စဉ်ပုံမှန် သန့်ရှင်းရေး လုပ်ပေးဖို့ လိုအပ်သလို ချစ်တင်းနှောပြီး နောက်မှာလည်း လိင်တံကို သေချာဆေးကြော သန့်စင်ပေးသင့်ပါတယ်။
(၂) ရောဂါပိုး ကူးစက်မှု မရှိစေဖို့
Photo : Dr Ben Medical
အတူနေပြီးနောက်မှာ သုတ်ရည် ဒါမှမဟုတ် လိင်အင်္ဂါကနေ ထွက်ရှိတဲ့ အရည်တွေဟာ လိင်တံထိပ် အရေပြားအောက်နဲ့ လိင်တံ ဧရိယာတဝိုက်မှာ ခိုအောင်းတွယ်ကပ် နေတက်ပါတယ်။ ဒါဟာ ရောဂါပိုးမွှား ကူးစက်မှုဆီ ဦးတည်နေတဲ့ အချက်တစ်ခုဖြစ်ပြီး လိင်အင်္ဂါ အညစ်အကြေးတွေ ကနေတဆင့် Infections ဝင်နိုင်ပါတယ်။ ကွီးတို့ရဲ့ လက်နက်ကြီး မှာ Infections ဝင်ပြီဆိုရင် မခံမရက်နိုင်အောင် ယားယံခြင်း ၊ နာကျင်ခြင်းစတဲ့ မသက်မသာ ဝေဒနာတွေကို ခံစားရနိုင်သလို ပြင်းထန်တဲ့ အနံ့ဆိုးတွေလည်း ထွက်နိုင်ပါတယ်။
(၃) လိင်အင်္ဂါ အနံ့ဆိုးတွေ မထွက်စေဖို့
Photo : Healthline
ချစ်တင်းနှောပြီးနောက်မှာ လိင်တံကို သေချာသန့်ရှင်းရေး မလုပ်ဘူးဆိုရင် ပြင်းထန်တဲ့ အနံ့ဆိုးတွေ ထွက်တက်ပါတယ်။ လိင်ဆက်ဆံစဉ်မှာ ထွက်ရှိတဲ့ ချွေးနဲ့ လိင်အင်္ဂါအရည်တွေကနေတဆင့် ကွီးတို့ရဲ့ လက်နက်ကြီး မှာ ဆိုးရွားတဲ့ အနံ့အသက်တွေ ထွက်ပေါ်စေတက်တာပါ။ ဒါကြောင့် ကိစ္စပြီးတဲ့အခါ ချက်ချင်းဆိုသလို သေချာလေး သန့်ရှင်းဆေးကြောဖို့ လိုပါတယ်။ လိင်အင်္ဂါ အနံ့ဆိုးတွေကို သက်သာစေဖို့ နောက်ထပ်နည်းလမ်း တစ်ခုကတော့ Cranberry ဖျော်ရည်သောက်ပေးဖို့ပါ။ Cranberry မှာ ဘက်တီးရီးယားတွေ ပေါက်ဖွားမှုကို ဟန့်တားပေးနိုင်တဲ့ Antioxidant တွေ ပါဝင်တာကြောင့် လိင်အင်္ဂါ အနံ့အသက်ဆိုး ထွက်ခြင်းကို လျှော့ချကာကွယ်ပေးနိုင်ပါတယ်။
Source : Thehealthsite
Featured Photo : MedicalNewsToday