ပန်းသေပန်းညိုး ဖြစ်မှာ မကြောက်တဲ့ ယောကျာ်း မရှိဘူးထင်ပါတယ်။ ဒါပေမယ့် ကွီးတို့ နေ့စဉ်ဘဝထဲက အချို့သော အရာတွေဟာ ပန်းသေပန်းညိုး ပြဿနာဆီ ဦးတည်နေတယ်ဆိုတာတော့ သတိထားမိဖို့ လိုမှာပါ။ ဒီဆောင်းပါးမှာတော့ ကွီးတို့ လူဆိုးလေး နိုးမလာတော့မှာ စိုးရိမ်တယ်ဆိုရင် အခုပြောပြမယ့် အချက်တွေကို သတိထား ရှောင်ကြဉ်ဖို့ သတိပေးချင်ပါတယ်။

(၁) စိတ်ဖိစီးမှုတွေကို မထိန်းဘူးဆိုရင်

Stress

Photo : Suicide Call Back Service

စိတ်ဖိစီးမှုတွေဟာ ကွီးတို့ အိပ်ခန်းအတွင်းက ကျားဆောင်ရည်ကို ထိစေတဲ့ အကြောင်းအရင်းတစ်ခုပါပဲ။ နေ့စဉ်ဘဝထဲက စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို တက်နိုင်သမျှ မလျှော့ချဘူးဆိုရင် လိင်စိတ်ကျဆင်းမှု ပြဿနာ ၊ လိင်တံထောင်မှု အားနည်းတဲ့ ပြဿနာတွေနဲ့ ပန်းသေပန်းညိုး ပြဿနာတွေအထိ ဆက်စပ်ဖြစ်ပွားနိုင်ခြေ ရှိပါတယ်။

(၂) မီးခိုးခေါင်းတိုင်လို ဆေးလိပ်သောက်နေရင်

Smoking

Photo : UnityPoint Health

ဆေးလိပ်သောက်တာဟာ ကွီးတို့ရဲ့ လူဆိုးလေး ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်တယ်ဆိုတာ သိပါသလား ? ဆေးလိပ်ဟာ သွေးစီးဆင်းမှုကို ဟန့်တားပေးပြီး သွေးကြောတွေကို ကျဉ်းစေတဲ့အတွက် လိင်တံစီ သွေးကောင်းကောင်း မပို့ဆောင်နိုင်တော့ပဲ လိင်တံထောင်မတ်မှုလျော့ကျတာ ၊ ထောင်မတ်သည်တိုင်အောင် အချိန်ခဏလေးအတွင်းမှာ လိင်တံပြန်ပျော့သွားတဲ့ ပြဿနာတွေ ကြုံရနိုင်ပါတယ်။

(၃) စားချင်တာစား နေချင်သလို နေနေရင်

unhealthy lifestyle

Photo : Southern Alberta Institute of Urology

ကျန်းမာခြင်းဟာ ပါးစပ်က စတယ်လို့ ပြောရမှာပါပဲ။ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ အစားအစာတွေကို စိတ်ရှိတိုင်းစားမယ် ၊ Lifestyle အမှားကြီးတွေနဲ့ ကိုယ်လက်လှုပ်ရှားမှုမရှိ ၊ လေ့ကျင့်ခန်းမလုပ်ပဲ ရှိသင့်ရှိထိုက်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းမထားဘူးဆိုရင် ကွီးတို့အနေနဲ့ အဝလွန် ၊ သွေးတိုး ၊ ဆီးချို ရောဂါတွေ ဝင်လာနိုင်ပြီး သွေးတိုးနဲ့ ကိုလက်စထရော ပြဿနာကြောင့် နောက်ဆက်တွဲ ဖြစ်ပွားနိုင်တဲ့ ပန်းသေပန်းညို ရောဂါအခြေအနေအထိ ဦးတည်သွားနိုင်ပါတယ်။

(၄) အရက်အလွန်အကျွံ သောက်မယ်ဆိုရင်

alcohol
Photo : FamilyDoctor.org

အရက်ကို ဆေးဖြစ်ဝါးဖြစ်မဟုတ်ပဲ အလွန်အကျွံ သောက်မယ်ဆိုရင်တော့ ကွီးတို့ရဲ့ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေမယ်ဆိုတာ သိပြီးသား ဖြစ်ပါလိမ့်မယ်။ အရက်အလွန်အကျွံသောက်တာဟာ အမျိုးသားတွေရဲ့ လိင်မှုဟော်မုန်းကို ကျဆင်းစေပြီး လိင်ဆက်ဆံစဉ်အတွင်းမှာ လူဆိုးလေး ရဲ့ ထောင်မတ်မှုကို ကျဆင်းစေသလို အရက်အလွန်အကျွံသောက်ခြင်းနဲ့ ဆက်စပ်ပြီး ဖြစ်ပွားတက်တဲ့ စိတ်ကျရောဂါ ၊ အိပ်မပျော်တာ ၊ သွေးပေါင်ချိန် မြင့်တက်တာ ဒါတွေဟာလည်း ပန်းသေပန်းညိုး ပြဿနာဆီ ဦးတည်နေတာ ဖြစ်ပါတယ်။

Source : Boldsky

Featured Photo : One Accord Physical Therapy