နေလောင်ကာခရင်မ် Sunscreen တွေက ကွီးတို့အရေပြားကို ခရမ်းလွန်ရောင်ခြည် တိုက်ရိုက်ထိတွေ့ခြင်းကနေ ရှောင်ရှားဖို့ ကာကွယ်ပေးတဲ့ အခြေခံအကျဆုံး Skincare ထုတ်ကုန်တစ်ခု ဖြစ်ပေမယ့် အန္တရာယ်ကင်းမှု ရှိဖို့ကလည်း နံပါတ်တစ် အရေးကြီးပါတယ်။ အချို့ Sunscreen က ဓာတ်မတည့်ခြင်း ၊ ယားယံခြင်း ၊ အရေပြား နီမြန်းရောင်ရမ်းခြင်း စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်တတ်တာကြောင့် ကွီးတို့ လက်ရှိသုံးနေတဲ့ Sunscreen က Safe ဖြစ်ရဲ့လားဆိုတာ ဆန်းစစ်ဖို့ လိုပါမယ်။ ဒီဆောင်းပါးမှာတော့ ကွီးတို့အသုံးပြုနေတဲ့ နေရောင်ကာခရင်မ်တွေက ကွီးတို့နဲ့ တည့်မတည်ဆိုတာကို သိနိုင်မယ့် အချက်လေးတွေ ပြောပြပေးပါမယ်။
(၁) အရေပြားယားယံမှု ခံစားရတယ်ဆိုရင်
Photo : Dermeleve®
အထူးသဖြင့် ဓာတုပစ္စည်းတွေ သို့မဟုတ် အမွှေးရနံ့တွေ ပါဝင်တဲ့ Sunscreen တွေက အသားအရေ နီမြန်းခြင်း ၊ ယားယံခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ Sunscreen လိမ်းပြီးပြီးချင်းမှာ အဆိုပါ တုံ့ပြန်မှုတွေကို ချက်ချင်းခံစားရတယ် ဆိုရင်တော့ အဲ့ဒီ နေရောင်ကာခရင်မ်ကို ကွီးတို့ ဆက်မသုံးသင့်တော့ပါဘူး။
(၂) ဓာတ်မတည့်မှု ဖြစ်တယ်ဆိုရင်
Photo : Flora’s Vanity
ကွီးတို့ သုံးနေတဲ့ နေလောင်ကာခရင်မ်မှာ Oxybenzone သို့မဟုတ် ကြာရှည်ခံ ပစ္စည်းတွေ ပါဝင်နေလား စစ်ဆေးဖို့လိုပါမယ်။ အဆိုပါ ဓာတုပစ္စည်းတွေ ပါဝင်နေတဲ့ နေရောင်ကာခရင်မ်တွေဟာ အရေပြား ဓာတ်မတည့်မှုကို ဖြစ်စေနိုင်ပြီး ကွီးတို့ရဲ့ အရေပြားပေါ်မှာ အနီကွက်တွေ ၊ အင်ပျဉ်လို လက္ခဏာတွေကို ကြုံတွေ့ခံစား ရနိုင်ပါတယ်။
(၃) ဝက်ခြံတွေ တပြုံကြီး ထွက်ပေါ်လာတယ်ဆိုရင်
Photo : Cleveland Clinic Health Essentials
နေလောင်ကာခရင်မ် လိမ်းပြီးနောက် ဝက်ခြံတွေ တပြုံကြီး ထွက်ပေါ်လာတယ်ဆိုရင်တော့ သေချာပါတယ် ကွီးတို့ အသားအရေနဲ့ မတည့်ပါဘူး။ အဓိက Oil-based နေလောင်ကာခရင်မ်တွေဟာ ချွေးပေါက်တွေကို ပိတ်ဆို့စေတာကြောင့် ဝက်ခြံနဲ့ အမည်းစက်တွေ ဖြစ်ပေါ်စေတတ်တာ ဖြစ်ပါတယ်။ အဆီပြန်တတ်တဲ့ Oily Skin သမားတွေနဲ့ Acne-prone Skin အသားအရေ ပိုင်ရှင်တွေမှာ အဖြစ်များပါတယ်။
(၄) အရေပြားပြဿနာတွေ ပိုဆိုးလာတယ်ဆိုရင်
Photo : The Well by Northwell – Northwell Health
နေလောင်ကာခရင်မ် သုံးပြီးနောက်မှာ လက်ရှိ ရှိရင်းစွဲ ဝက်ခြံ ၊ အမည်းစက်နဲ့ အသားအရေ ပြဿနာတွေ ပိုဆိုးလာတယ်ဆိုရင် ဆက်မသုံးသင့်ပါဘူး။ Alcohol နဲ့ အမွှေးရနံ့ပါဝင်တဲ့ နေလောင်ကာခရင်မ်တွေဟာ အဆိုပါ ပြဿနာတွေ အဖြစ်များပါတယ်။ နေလောင်ကာခရင်မ် လိမ်းပြီးနောက်မှာ ယားယံမှုမရှိ ၊ အသားအရေပြဿနာတွေ ပိုဆိုးလာခြင်းမရှိတဲ့ နေလောင်ကာခရင်မ်တွေကို ရွေးချယ်အသုံးပြုဖို့ အကြံပေးချင်ပါတယ်။
Source : Healthshots
Featured Photo : DermaSkinShop