သူငယ်ချင်းဆိုတာ ဒုတိယမိသားစုဝင်ပဲ မဟုတ်လား ? ကွီးတို့ ငယ်ရွယ်စဉ်က စလို့ အရွယ်ရောက်တဲ့အထိ ဘဝမှာ ပုံစံစရိုက် အမျိုးမျိုးသော သူငယ်ချင်းတွေကို ကြုံဆုံခဲ့ကြရမှာပါ။ ကောင်းတဲ့ သူငယ်ချင်းတွေရှိသလို သူငယ်ချင်းအတုအယောင်တွေလည်း အများကြီး ရှိတာ သဘာဝပါပဲ။ ကိုယ့်အပေါ်တကယ် စစ်မှန်တဲ့ သူငယ်ချင်းကောင်း ဆိုရင်တော့ ကွီးတို့လုံးဝ ဆုံးရှုံးမခံသင့်ပါဘူး။ ဒီဆောင်းပါးမှာတော့ သူငယ်ချင်းကောင်းတွေကို မဆုံးရှုံးချင်ဘူးဆိုရင် ကွီးတို့ အခုပြောပြမယ့် အချက်တွေကို ရှောင်ရပါမယ်။

(၁) ဦးစားပေး စာရင်းထဲမှာ ထည့်ထားပါ

 Friendship

Photo : Mindful Browsing

အသက်တွေကြီးလာရင် ကွီးတို့ ဘဝထဲမှာ ဦးစားပေးရတဲ့ အရာတွေ ပြောင်းလာပါတယ်။ အလုပ် ၊ မိသားစု ၊ ကိုယ်ရေးကိုယ်တာ စသည်ဖြင့်ပေါ့။ ဒါပေမယ့်လည်း ကိုယ်ချစ်ရတဲ့ သူငယ်ချင်းတွေကတော့ Priority List ထဲမှာ နေရာတစ်ခုအနေနဲ့ ထည့်ထားသင့်ပါတယ်။ သူငယ်ချင်းတွေအတွက် အချိန်မပေးနိုင်ဘူး ၊ တွေ့ဖို့ချိန်းလိုက်တိုင်းမှာ အခြားအရေးကိစ္စတွေနဲ့ ငြင်းပယ်ရှောင်လွဲနေမယ်ဆိုရင်တော့ တဖြည်းဖြည်း သူငယ်ချင်းတွေနဲ့ အနေဝေးပြီး ဝေးကွာသွားပါလိမ့်မယ်။

(၂) သူငယ်ချင်း သံယောဇဉ်ကို ဆက်ထိန်းထားပါ

Friendship

Photo : Michele Mendoza

လူနှစ်ဦးကြားမှာ ခင်မင်ရင်းနှီးမှု သံယောဇဉ်ဟာ ထိန်းသိမ်းထားရတာပါ။ တစ်ယောက်နဲ့တစ်ယောက် အခက်အခဲလိုအပ်လာချိန် ၊ အကူညီတောင်းခံလာချိန်တွေမှာ တက်နိုင်တဲ့ဘက်က ကူညီပေးတာမျိုး ၊ အောင်မြင်မှု/ကျရှုံးမှုတွေကို အတူတူ မျှဝေခံစားပေးနိုင်တာမျိုး ဒီလို နှလုံးသားထဲက ခံစားချက်တွေနဲ့ အပြန်အလှန် ဖေးမကူညီရင်း သူငယ်ချင်း သံယောဇဉ်ကို ထိန်းထားနိုင်ရပါမယ်။ သူငယ်ချင်း သံယောဇဉ်အတွက် အားစိုက်ထုတ်စရာ မရှိဘူးလို့ သတ်မှတ်ထားရင်တော့ ကွီးတို့ အချစ်ရဆုံး မိတ်ဆွေသူငယ်ချင်းတွေကို ဆုံးရှုံးရပါလိမ့်မယ်။

(၃) အစစ်မှန်ဆုံးနဲ့ အကောင်းဆုံးတွေကိုသာ ပေးပါ

Friendship
Photo : Boundless.org

ခိုင်မာမြဲမြံတဲ့ သူငယ်ချင်း ဆက်ဆံရေးတစ်ခုကို ထိန်းသိမ်းထားချင်တယ်ဆို ကွီးတို့ဘက်ကနေ စစ်မှန်တဲ့ အရာတွေကို ပေးရပါမယ်။ ကိုယ့်အကျိုးကိစ္စ ၊ ကိုယ့်အတွက်ကိုယ်ပဲ ကြည့်ပြီး ပေါင်းသင်းဆက်ဆံမယ် ဆိုရင်တော့ ဘယ်ဆက်ဆံရေးမဆို အနှေးအနဲ့အမြန် ရပ်တန့်သွားပါလိမ့်မယ်။ အကျိုးအမြတ် / အနိုင်အရှုံးတွေမပဲ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတရားသည်သာ သူငယ်ချင်း ခင်မင်မှု သံယောဇဉ်ကို ရေရှည်ဆက်ထိန်းထားနိုင်မှာ ဖြစ်ပါတယ်။

Source : MensXP

Featured Photo : Medium