ကွီးတို့ ခန္ဓာကိုယ်မှာ သံဓာတ် လုံလုံလောက်လောက် မရဘူးဆိုရင် မောပန်းနွမ်းနယ်ခြင်း ၊ အသားအရေ ဖြူဖတ်ဖြူရော်ဖြစ်ခြင်း ၊ မူးဝေခြင်း ၊ ခေါင်းကိုက်ခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါတွေဟာ သံဓာတ်လုံလောက်မှုမရခြင်း တစ်နည်းအားဖြင့် သွေးအားနည်းခြင်းကြောင့် ဖြစ်ပေါ်လာရတာပါ။ ဒီဆောင်းပါးမှာတော့ ခန္ဓာကိုယ်အတွက် သံဓာတ်ဖြည့်တင်းပေးမယ့် အစားအစာတွေကို ပြောပြပေးချင်ပါတယ်။

(၁) အစေ့အဆံ

sunflower seeds

Photo : Health

အဆာပြေ ၊ အပျင်းပြေ အနေနဲ့  လူအများစု စားလေ့ရှိတဲ့ နေကြာစေ့ ၊ ဖရုံစေ့ တွေဟာ သံဓာတ်ဖြည့် အစားအစာတွေ ဖြစ်ပါတယ်။ နေကြာစေ့ ၊ ဖရုံစေ့ တစ်အောင်စမှာ သံဓာတ် ၃.၅ မီလီဂရမ်ပါဝင်ပါတယ်။

(၂) အစိမ်းရောင် ဟင်းသီးဟင်းရွက်များ

green vegetables

Photo : Viva!

ဟင်းနုနွယ်ရွက်နဲ့ ကိုက်လန်လို အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေမှာ သံဓာတ်များစွာ ပါဝင်ပါတယ်။ တခြားသော အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ ပန်းပွင့်စိမ်းနဲ့ ပဲစိမ်းတွေမှာလည်း သံဓာတ်ကြွယ်ဝစွာ ပါဝင်တာကြောင့် ကွီးတို့ ရွေးချယ်စားသုံးပေးသင့်တဲ့ အစားအစာတွေ ဖြစ်ပါတယ်။

(၃) ပဲအမျိုးမျိုး

beans

Photo : UCLA Health

ပဲအမျိုးမျိုး စားပေးတာက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သံဓာတ်ကို ထောက်ပံ့ပေးနိုင်ပါတယ်။ ပဲတောင့်ရှည် ၊ ပဲနီလေး ၊ မြေပဲ ၊ ကုလားပဲ ၊ ပဲပိစပ် ၊ ပဲစေ့နက် ၊ ရွှေပဲသီး ၊ ပဲဝါလေး စတဲ့ ပဲအမျိုးအစား တော်တော်များများမှာ အာဟာရဓာတ် များစွာပါဝင်ပြီး သံဓာတ်အားဖြည့်ပေးနိုင်တဲ့ သဘာဝ ဖြည့်စွတ်စာတွေပဲ ဖြစ်ပါတယ်။

(၄) အခွံမာသီး

Nuts

Photo : World Atlas

အထူးသဖြင့် သီဟိုစေ့ နှင့် ဗာဒံသီးတွေလို အခွံမာသီးတွေမှာ ကွီးတို့ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ သံဓာတ်နဲ့ သတ္တုများစွာ ပါဝင်ပါတယ်။

(၅) တို့ဟူး

ToFu

Photo : South China Morning Post

ပဲပုပ်ကို အခြေခံထုတ်လုပ်ထားတဲ့ အစားအစာ တို့ဟူးဟာ သံဓာတ်ကြွယ်တဲ့ အစားအစားတစ်မျိုးပါ။ တို့ဟူးဟာ အရသာလည်းရှိသလို ကျန်းမာရေးနဲ့လည်း ညီညွတ်ပြီး တို့ဟူး ၁၂၆ ဂရမ်မှာ သံဓာတ် ၃.၄ မီလီဂရမ် ပါဝင်ပါတယ်။

Source : Healthline

Featured Photo : WebMD