လူတစ်ယောက်အတွက် အကြားအာရုံက အင်မတန် အရေးကြီးတယ် မဟုတ်ပါမလား ? အကြားအာရုံကောင်းမွန်စေဖို့ ဖြည့်စွက်စားသုံးပေးသင့်တဲ့ အာဟာရဓာတ်တွေ ရှိပါတယ်။ ဒီဆောင်းပါးမှာတော့ အကြားအာရုံ ကောင်းမွန်စေဖို့အတွက် စားသုံးပေးသင့်တဲ့ အာဟာရဓာတ်တွေအကြောင်း ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
(၁) ပိုတက်ဆီယမ်
Photo : The Nutrition Source – Harvard University
အရွယ်ရလာတာနဲ့အမျှ အကြားအာရုံ အတွက် အရေးပါတဲ့ အစိတ်အပိုင်းဖြစ်တဲ့ အတွင်းနားရဲ့ အရည်ဓာတ် ကျဆင်းလာပြီး အကြားအာရုံချို့တဲ့ လာနိုင်ပါတယ်။ ဒါကြောင့် ပိုတက်ဆီယမ် ကြွယ်ဝစေဖို့ အာလူး ၊ ဟင်းနုနွယ် ၊ ခရမ်းချဉ်သီး ၊ ပဲအမျိုးမျိုး ၊ စပျစ်သီးခြောက် ၊ ငှက်ပျောသီး ၊ လိမ္မော်သီး ၊ ဒိန်ချဉ် ၊ အဆီထုတ်နို့ တို့စားသုံးပေးပါ။
(၂) Omega 3 Fatty Acid
Photo : Health
Omega 3 Fatty Acid က အသက်အရွယ်ကြောင့်ဖြစ်တဲ့ အကြားအာရုံ ဆုံးရှုံးမှုကို (၄၀) ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်တယ်လို့ ကျွမ်းကျင်သူတွေက တွေ့ရှိထားပါတယ်။ ဦးနှောက်နဲ့ အကြားအာရုံတို့ကြားက အချက်ပြစနစ်ကို အကောင်းဆုံး ချိတ်ဆက်နိုင်စေဖို့လည်း အထောက်အပံ့ ပေးပါတယ်။ Omega 3 Fatty Acid ဓာတ်ကို ငါးကြီးဆီ ၊ နှမ်းကြတ်စေ့ဆီ ၊ ဆယ်လ်မွန်ငါး ၊ ပဲပိစပ်ဆီ ၊ ဆာဒင်းငါး တို့ကနေ ရရှိနိုင်ပါတယ်။
(၃) ဇင့်
Photo : The Amino Company
ဇင့်ဟာ ဆဲလ်တွေ ကြီးထွားဖွံ့ဖြိုးစေပြီး အနာကျက်စေနိုင်ပါတယ်။ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေနိုင်ပြီး အနာကျက် မြန်စေနိုင်သလို နားတွင်းပိုးဝင်တာကို ကာကွယ်ပေးနိုင်ပါတယ်။ အမဲသား ၊ ဝက်သား ၊ ကြက်သား ၊ သစ်ကြားသီး ၊ အယ်လ်မွန်စေ့ ၊ မြေပဲ ၊ ပဲအမျိုးမျိုး ၊ ကမာ ၊ အနက်ရောင် ချောကလက်တို့မှာ ဇင့်ဓာတ်ပါဝင်ပါတယ်။
Source : Hoffmann Audiology
Featured Photo : Nathan Gluck Hearing Care