အထိုင်များတဲ့ ပြဿနာဟာ ဒီဘက်ခေတ် လူတွေကြားမှာ အဖြစ်များတဲ့ ကိစ္စတစ်ခုပါပဲ။ အထိုင်များတာကို ပေါ့ပေါ့လေး တွေးမိရင်တော့ ကွီးတို့ မှားသွားပါလိမ့်မယ်။ တစ်နေ့ကုန် လှုပ်ရှားမှုသိပ်မရှိဘဲ ထိုင်ခုံမှာ ထိုင်ပြီး အလုပ်လုပ်ရတာဟာ ရေရှည်မှာ ခန္ဓာကိုယ် ကျန်းမာရေးအတွက် များစွာဆိုးကျိုးတွေ သက်ရောက်မှု ရှိစေပါတယ်။ ဒီတစ်ခေါက်မှာတော့ တစ်နေ့တာမှာ အထိုင်များ ခြင်းကြောင့် ကြုံလာနိုင်တဲ့ ကျန်းမာရေး အန္တရာယ်တွေ အကြောင်း ဆွေးနွေးသွားချင်ပါတယ်။

(၁) ခါးနာခြင်းဝေဒနာ ခံစားလာရမယ်

Lower Back Pain

Photo : Oak Brook Medical Group

ခါးနာခြင်းကို ဖြစ်စေတဲ့ အဓိက အကြောင်းအရင်း တစ်ခုကတော့ အထိုင်များ တာပါပဲ။ တစ်နေ့ကုန် အထိုင်များတာက ခါးနဲ့ ကျောရိုးနေရာတွေမှာ နာကျင်ကိုက်ခဲမှု ဝေဒနာတွေ ဖြစ်လာစေနိုင်ပါတယ်။ အဓိကအားဖြင့် အထိုင်များတဲ့အခါ ခါးရိုးမှာရှိတဲ့ အရိုးဆက်လေးတွေ လှုပ်ရှားမှုနည်းလာတာကြောင့် ခါးနာခြင်း ၊ ကျောနာခြင်းစတဲ့ ဝေဒနာတွေ ဖြစ်လာစေတာ ဖြစ်ပါတယ်။

(၂) ကိုယ်အလေးချိန် တက်လာမယ်

obese adults

Photo : Sky News

နေ့စဉ်စားနေတဲ့ အစားအစာတွေထဲမှာ အဆီနဲ့ သကြားဓာတ်တွေ များစွာပါပါတယ်။ အဆီနဲ့ သကြားဓာတ်တွေကို ခြေဖြတ်နိုင်ဖို့အတွက် ခန္ဓာကိုယ်က လှုပ်လှုပ်ရှားရှားရှိနေဖို့ လိုအပ်ပါတယ်။ လှုပ်ရှားမှုမရှိဘဲ တစ်နေကုန် ထိုင်နေတာက ခန္ဓာကိုယ်မှာ အဆီတွေပိုစုလာပြီး ကိုယ်အလေးချိန် တက်လာစေမှာ ဖြစ်ပါတယ်။ လေ့လာမှုတွေအရ အချိန်အကြာကြီး အထိုင်များ တဲ့ အမျိုးသားတွေမှာ ပုံမှန်ထက် အဝလွန်နိုင်ခြေများပြီး ဝမ်းဗိုက်အဆီစုတဲ့ ပြဿနာတွေ ကြုံတွေ့ခံစားရနိုင်ပါတယ်။

(၃) ကြွက်သားတွေ  နာကျင်ကိုက်ခဲလာမယ်

Muscle Pain

Photo : USA Sports Therapy

တစ်နေ့ကုန် အထိုင်ချည်းသက်သက်ပဲဆိုရင် ကြွက်သားတွေ လေးလံထိုင်းမှိုင်းပြီး လှုပ်ရှားရခက်စေသလို ကြွက်သားနာကျင်မှုတွေလည်း ဖြစ်လာစေ နိုင်ပါတယ်။ အချိန်တော်တော်များများကို ထိုင်ခုံပေါ်မှာပဲ ကုန်ဆုံးနေခြင်းက လှုပ်ရှားမှုကို ကန့်သတ်ထိန်းချုပ် ထားတာကြောင့် ခါးနဲ့ကျောရိုး ကြွက်သားတွေ နာကျင်လာစေမှာ ဖြစ်ပါတယ်။

(၄) ဦးနှောက်စွမ်းရည် လျော့ကျလာမယ်

Brain Health
Photo : NDTV

စာရေးသူတို့ရဲ့ ခန္ဓာကိုယ်တွေကို လှုပ်ရှားတယ်ဆိုတာ ဦးနှောက်ထဲကို သွေးနဲ့ အောက်ဆီဂျင်တွေကောင်းကောင်း လည်ပတ်နိုင်အောင်လို့ပါပဲ။ အထိုင်များတဲ့ လူတွေအနေနဲ့တော့ ဦးနှောက်ထဲကို သွေးနဲ့ အောက်ဆီဂျင်ရောက်အောင် မပို့နိုင်တာကြောင့် ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကျဆင်းလာပြီး တွေးခေါ်နိုင်စွမ်းတွေ ၊ ဦးနှောက်နဲ့ မှတ်ဉာဏ်ရဲ့ စွမ်းအားတွေ ကျဆင်းလာစေမှာ ဖြစ်ပါတယ်။

Featured Photo : Mac’s Pharmacy