လိင်မှုစွမ်းဆောင်ရည် ပြည့်ဝတဲ့ သူတစ်ယောက် မဖြစ်ချင်သူ မရှိဘူး ထင်ပါတယ်။ အရင်ကထက်ပိုပြီး အိပ်ရာပေါ်မှာ အစွမ်းပြ နိုင်ချင်တယ်ဆိုရင် ကွီးတို့အတွက် ထိရောက်တဲ့ လျို့ဝှက်ချက် အချို့ကို ပြောပြပါမယ်။
(၁) Foreplay ရဲ့ အရေးပါပုံကို နားလည်ထားပါ
Photo : MensXP
လိင်မှုကိစ္စမှာ Foreplay ဟာ ဘယ်လောက်ထိ အရေးပါတယ်လို့ ကွီးတို့ ထင်ပါသလဲ ? ကွီးနဲ့ ကွီးတို့ ပါတနာ ၂ ဦးလုံးရဲ့ လိင်စိတ် တက်ကြွမှုတွေ ၊ လိင်မှုဆိုင်ရာ စိတ်လှုပ်ရှားမှု ခံစားချက်တွေ မြင့်မားပြီး အိပ်ရာထက်မှာ ကျေနပ်စရာကောင်းတဲ့ လိင်မှု စွမ်းဆောင်ရည်ကို ပြသနိုင်ဖို့ဆိုရင် Foreplay အဆင့်ဟာ အဓိက အကျဆုံးပါပဲ။ Foreplay ကို သေချာလေး အချိန်ပေးလုပ်ဆောင်တာဟာ လိင်စိတ်တက်ကြွမှု အရှိန်ကို မြှင့်တင်ပေးသလို နှစ်ဦးသား စိတ်ပါလက်ပါနဲ့ ကျေနပ်စရာကောင်းတဲ့ လိင်မှုဘဝကို ရရှိပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
(၂) သူ့အကြိုက် ကိုယ့်အကြိုက်တွေကို လေ့လာထားပါ
Photo : MensXP
လူတစ်ယောက်နဲ့ တစ်ယောက် လိင်စိတ်တက်ကြွမှု ၊ စိတ်ပါဝင်စားမှုတွေက မတူနိုင်ပါဘူး။ လိင်မှုကိစ္စဟာ အပေးအယူ မျှမျှနဲ့ ခရီးဆက်ရတာ ဖြစ်တာကြောင့် ကွီးတို့အနေနဲ့ ကိုယ်ပါတနာရဲ့ အကြိုက်တွေ ၊ နှစ်သက်မှုတွေကို လေ့လာသိရှိထားဖို့ လိုပါတယ်။ ပျော်ရွှင်ကျေနပ်စရာ လိင်မှုရေးရာ ခံစားချက်တွေဟာ စိတ်ဆန္ဒတွေ ပြည့်ဝမှုကနေ လာတာကြောင့် ကွီးတို့ တစ်ယောက်အကြိုက်ကို တစ်ယောက်က သေချာလေ့လာထားမယ်ဆိုရင် သေချာပေါက် ထိရောက်တဲ့ စွမ်းဆောင်ရည်ကောင်း ပြနိုင်မှာဖြစ်ပြီး အပြန်အလှန် စိတ်ကျေနပ်မှု ကောင်းကောင်း ပေးစွမ်းနိုင်မှာပါ။
(၃) Kegel လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ
Photo : MensXP
ကွီးတို့ အိပ်ရာထဲမှာ အရင်ထက်ပိုပြီး အစွမ်းပြ ချင်တယ်ဆိုရင် Kegel လေ့ကျင့်ခန်းတွေကိုတော့ ပုံမှန်လုပ်ပေး သင့်ပါတယ်။ Kegel လေ့ကျင့်ခန်းဟာ အမျိုးသားတွေမှ မဟုတ်ပါဘူး။ အမျိုးသမီးတွေအတွက်လည်း အကျိုးထူးပါတယ်။ အဓိကအားဖြင့် တင်ပါးဆုံ ကြွက်သားတွေကို အားကောင်းအောင် လေ့ကျင့်ကစားပေးရတာ ဖြစ်တာကြောင့် လိင်မှုဆိုင်ရာ စွမ်းဆောင်ရည်ကို တိုးမြင့်လာစေဖို့ ကူညီပေးပါတယ်။ အချိန်အများကြီး ပေးစရာမလိုပါဘူး။ တစ်ရက်ကို ၁၀ မိနစ်ခန့် ၅ ကြိမ်လောက် ပြုလုပ်ပေးမယ်ဆို လုံလောက်ပါတယ်။
(၄) စိတ်လှုပ်ရှားစေမယ့် စကားလေးတွေနဲ့ နှိုးဆွပါ
Photo : MensXP
လိင်မှုကိစ္စမှာ အရေးပါဆုံး အပိုင်းကတော့ စာရေးသူတို့ရဲ့ ဦးနှောက် ဖြစ်ပါတယ်။ ဦးနှောက်ရဲ့ ညွှန်ကြားချက်တွေကနေတဆင့် လိင်စိတ်နိုးကြားမှု ၊ စိတ်လှုပ်ရှားမှုတွေဟာ ဖြစ်ပေါ်လာရတာပါ။ ဒါကြောင့် ဦးနှောက်ကို လှုံ့ဆော်ပြီး လိင်စိတ်တက်ကြွမှုကို ဖြစ်ပေါ်စေမယ့် ညစ်ညမ်းစကားလေးတွေ ၊ လိင်ကိစ္စနဲ့ ဆိုင်တဲ့ စိတ်လှုပ်ရှားစရာ စကားလေးတွေကို ကွီးတို့ပါတနာနဲ့အတူ အပြန်အလှန် ပြောဆိုပေးသင့်ပါတယ်။ ဒါဟာ ကွီးတို့ရဲ့ လိင်စိတ်ကို ပိုမိုနိုးကြားစေမယ့် အကောင်းဆုံး သဘာဝနည်းလမ်းတစ်ခုဖြစ်ပြီး မြင့်မားတဲ့ လိင်စိတ်တက်ကြွမှုနဲ့အတူ အိပ်ရာထက်မှာ အကောင်းဆုံး အစွမ်းပြ နိုင်ဖို့ အထောက်အကူ ဖြစ်စေမှာ ဖြစ်ပါတယ်။
Source : MensXP
Featured Photo : GAINSWave