လူတိုင်းကတော့ ငယ်ရွယ်နုပျို ချင်ကြတာပါပဲ။ လက်ရှိ အသက်အရွယ်ထက် ပိုနုတယ်ဆိုတဲ့ ချီးကျူးသံတွေကို နှစ်သက်ကြတဲ့ သူတွေချည်းပါ။ ဒါပေမယ့် တစ်ခါတစ်လေမှာ ကွီးတို့ရဲ့ Grooming အမှားတွေကြောင့် ရှိရင်းစွဲအသက်ထက် ပိုရင့်တဲ့ ပုံပေါက်စေနိုင်တယ်ဆိုတာကိုလည်း သတိပြုရပါမယ်။ ဒီတစ်ခေါက်မှာတော့ ကွီးတို့ လက်ရှိ ရှိရင်းစွဲ အသက်ထက်ပိုပြီး ရင့်တဲ့ပုံမပေါက်အောင် ဘာတွေလိုက်နာရမလဲဆိုတာ ပြောပြပေးပါမယ်။

(၁) ဆံပင်စတိုင် သေချာရွေးညှပ်ပါ

Get A Classy Haircut

Photo : Mensxp

ဆံပင်ပုံဟာ လူတစ်ယောက်ရဲ့ ရုပ်အသွင်အပြင်ကို အများကြီး ပြောင်းလဲသွား စေနိုင်ပါတယ်။ ဆံပင်စတိုင် အပေါ် မူတည်ပြီး ရှိရင်းစွဲ အသက်ထက် ပိုငယ်ရွယ်တဲ့ ပုံပေါက်နိုင်သလို ပိုပြီး အသက်ကြီးတဲ့ ပုံလည်းပေါက်နိုင်ပါတယ်။ အဓိကကတော့ သပ်သပ်ရပ်ရပ်နဲ့ ကိုယ့်မျက်နှာကျနဲ့ လိုက်ဖက်တဲ့ ဆံပင်စတိုင်ကို သေချာလေး ရွေးညှပ်ပါ။ ဆံပင်ကေ ရွေးချယ်မှု မှန်ကန်ရင် ကွီးတို့လက်ရှိ အသက်ထက် ပိုနုပျိုတဲ့ Look ကို ရစေမှာ ဖြစ်ပါတယ်။

(၂) အသားအရေ ပုံမှန်ထိန်းသိမ်းပါ

Deal With Adult Acne

Photo : Mensxp

အမျိုးသားတွေအနေနဲ့ အသက် ၂၀ နောက်ပိုင်းက စပြီး အသားအရေ ထိန်းသိမ်းမှုကို သေချာလေး ပုံမှန်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ အမျိုးသားတွေမှာ အသက်ကြီး လာတာနဲ့အမျှ အသားအရေ ပျက်စီးမှုပိုပြီး အဖြစ်များလာသလို အိုမင်းရင့်ရော်တဲ့ ရုပ်ရည်အသွင်အပြင်ကို ပေါက်စေတဲ့ အရေးအကြောင်းတွေ ၊ အမဲစက်ပြဿနာတွေ ကြုံရတက်ပါတယ်။ ဒါကြောင့် အသက် ၂၀ နောက်ပိုင်းမှာ အခြေခံကျတဲ့ အသားအရေ ထိန်းသိမ်းမှု အဆင့်တွေကို နေ့စဉ်မပျက် မပျင်းမရိနဲ့ ပုံမှန်လေး လုပ်ဆောင်ပြီး ငယ်ရွယ်နုပျိုမှုကို ထိန်းသိမ်းထားရမှာ ဖြစ်ပါတယ်။

(၃) မုတ်ဆိတ်မွေး သပ်သပ်ရပ်ရပ် ထားပါ

Keep A Uniform Beard

Photo : Mensxp

ပုံမှန်အားဖြင့်တော့ မုတ်ဆိတ်မွေး ထားတာဟာ ရုပ်ပိုရင့်စေတဲ့ ပုံပေါက်ပါတယ်။ ဒါပေမယ့် မုတ်ဆိတ်ကြိုက်တဲ့ ကွီးတို့အနေနဲ့ မုတ်ဆိတ်မွေး ထားမယ်ဆိုရင်လည်း ခပ်ရှည်ရှည်/ ခပ်ထူထူ ၊ မသပ်မရပ်ပုံ မထားပါနဲ့။ မုတ်ဆိတ်မွေးကို ခပ်ပါးပါးလေးသာ ထားသင့်ပြီး အမြဲပုံမှန် ထိန်းသိမ်းမှု လုပ်ပေးဖို့ လိုပါတယ်။ ဒါမှသာ သပ်ရပ်ပြီး ကြည့်ကောင်းတဲ့ မုတ်ဆိတ်ပုံစံကို ရမှာဖြစ်သလို အသက်ကြီးကြီး ရုပ်ရင့်ရင့်ပုံလည်း မပေါက်မှာပါ။

(၄) ဝတ်ပုံစားပုံ ဂရုစိုက်ပါ

Keep Yourself Neat
Photo : Mensxp

အဝတ်အစားကို ဘယ်တော့မှ ဖြစ်သလို မဝတ်သင့်ပါဘူး။ နာမည်ကြီး ဘရန်းဒက်တွေ ဝတ်မှ ကြည့်ကောင်းတာ မဟုတ်ဘူးဆိုတာကိုတော့ ကွီးတို့ နားလည်ထားရပါမယ်။ သေချာတာတစ်ခုကတော့ ကိုယ်နဲ့ကိုက်ညီတဲ့ ၊ လိုက်ဖက်တဲ့ အဝတ်အစားတွေကို သေချာလေး ရွေးချယ်ဝတ်ဆင်ပြီး အမြဲသပ်သပ်ရပ်ရပ်နဲ့ စမတ်ကျကျ ဝတ်စားတက်မယ်ဆိုရင်ပဲ ပြည့်စုံပါပြီ။

Source : Mensxp 

Featured Photo : Brickell Men’s Products