ကွီးတို့ အိပ်မက်ထဲမှာ အသက်အန္တရာယ် ကြုံရတဲ့ အခြေအနေတွေ ၊ ထိတ်လန့်စရာ အဖြစ်အပျက်တွေ ကြုံဖူးမက်ဖူး ကြပါမယ် ထင်ပါတယ်။ ဒါဟာ ကွီးတို့ တစ်ယောက်တည်း မဟုတ်ပါဘူး။ တကယ်တော့ အိပ်မက်ဆိုး တွေဟာ ကွီးတို့ရဲ့ မသိစိတ် ၊ အတွေးနဲ့ ခံစားချက်တွေအပေါ် လွှမ်းမိုးထားတဲ့ အရာတွေကနေတဆင့် ဖြစ်တည်လာရတာ ဖြစ်ပြီး စိတ်ဝင်စားဖို့ကောင်းတာ တစ်ခုက အိပ်မက်တွေဟာ လူတစ်ယောက်ရဲ့ အတွင်းစိတ် ၊ ကိုယ်ရည်ကိုယ်သွေး အကြောင်းတွေကိုလည်း အများကြီး အဓိပ္ပာယ်ဖွင့်ဆိုပေး နိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ ကွီးတို့ အိပ်မက်ဆိုးတွေ ဘာကြောင့်မက်ရသလဲ ? အိပ်မက်ဆိုးတွေရဲ့ နောက်ကွယ်က နက်နဲတဲ့ အဓိပ္ပာယ်တွေအကြောင်းကို ပြောပြပါမယ်။
(၁) တစ်နေရာရာမှာ ပိတ်မိနေတဲ့ အိပ်မက်
Photo : MensXP
ကွီးတို့ နေရာတစ်ခုခုမှာ ပိတ်မိနေတာ ၊ ရုန်းထွက်ရခက် / လွှတ်မြောက်ဖို့ လမ်းမမြင်ပဲ မွန်းကြပ်ပိတ်လောင်နေတဲ့ ဆိုးရွားတဲ့ အခြေအနေတစ်ခုမှာ လှောင်ပိတ်မိနေတဲ့ အိပ်မက်မျိုး မက်နေတယ်ဆိုရင်တော့ ဒါဟာ ကွီးတို့ လက်တွေ့ဘဝထဲမှာ ဆက်ဆံရေး ပြဿနာတစ်ခုခု ကြုံနေရတာကြောင့် ဖြစ်နိုင်ပါတယ်။ လုပ်ငန်းခွင်မှာဖြစ်စေ ၊ ချစ်သူရည်းစားနဲ့ ဖြစ်စေ ဖိအားများတဲ့ ဆက်ဆံရေး အခြေအနေတစ်ခုကို ဖြတ်သန်းနေရတဲ့အခါ ဒီလို အိပ်မက်မျိုး မက်တက်ပါတယ်။
(၂) တစ်စုံတစ်ခုရဲ့ တိုက်ခိုက်ခြင်းကို ခံရတဲ့ အိပ်မက်
Photo : MensXP
သေနတ်သမားတစ်ယောက်က ကွီးတို့ကို လိုက်သတ်နေတာ ဒါမှမဟုတ် တိရိစ္ဆာန်တစ်ကောင်ကောင်ရဲ့ တိုက်ခိုက်ခြင်းကို ခံရတာ စတဲ့ အိပ်မက်မျိုး တော်တော်များများ မက်ဖူးကြပါလိမ့်မယ်။ ဒီအိပ်မက်က ကွီးတို့ဘဝမှာ တစ်ခုခုကို ရင်ဆိုင်ဖို့ အခက်တွေ့နေပြီး အဲဒါကို ရှောင်ပြေးဖို့ ကြိုးစားနေမိဆိုတဲ့ အချက်ကို ညွှန်ပြနေတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။
(၃) အမြင့်တစ်နေရာကနေ ပြုတ်ကျတဲ့ အိပ်မက်
Photo : MensXP
အိပ်မက်ထဲမှာ အမြင့်တစ်နေရာကနေ ပြုတ်ကျတာ ၊ ကွီးတို့ကို တစ်စုံတစ်ယောက်က အောက်ကို ဆွဲချသွားတဲ့ အိပ်မက်မျိုး ကြုံဖူးပါသလား ? ဒီလို အမြင့်ကနေ ပြုတ်ကျတဲ့ အိပ်မက်ဆိုး ဟာ ယေဘုယျအားဖြင့် ကွီးတို့ဘဝမှာ လွတ်လပ်မှုတွေ ပျောက်ဆုံးနေတဲ့အခါ ၊ လုပ်ပိုင်ခွင့်တွေ ပျောက်ရှနေတာ ၊ ကိုယ့်ဘဝကိုယ် သီးခြားအခြေအနေတစ်ခုမှာ ရပ်တည်ဖို့ထိန်းချုပ်နိုင်စွမ်းမရှိဘူး ဆိုတာတွေကို ဖော်ပြနေတဲ့ သင်္ကေတ ဖြစ်ပါတယ်။
(၄) မတော်တဆ ဖြစ်ပျက် အိပ်မက်
Photo : MensXP
ယာဉ်တိုက်မှု ဖြစ်တာ ဒါမှမဟုတ် ကြီးကြီးမားမား ဒဏ်ရာရပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့ မတော်တဆ အခြေအနေမျိုး ကြုံရတဲ့ အိပ်မက်တွေ မက်နေပြီဆိုရင်တော့ ကွီးတို့ရဲ့ ကိုယ်ပိုင်ဘဝမှာ အားနည်းနေတယ်ဆိုတာ ဖော်ပြနေတာပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကျဆင်းပြီး ၊ မိမိကိုယ်ကို ချစ်ခင်လေးစားမှုတွေ လျော့ကျနေတဲ့ အချိန်မျိုးမှာ ဒီလို မတော်တဆ ဖြစ်ပျက် အိပ်မက်ဆိုး တွေ မက်တက်ပါတယ်။
Source : MensXP
Featured Photo : Study Finds