အမျိုးသား အားလုံးနီးပါး သိကြတဲ့ မေးခွန်းတစ်ခုက အိပ်ရာထဲ မှာ အချိန်ကြာကြာ စွမ်းဆောင်နိုင်တဲ့ ကျားတစ်ကောင် ဖြစ်ဖို့နဲ့ ပိုကောင်းတဲ့ လိင်မှုဘဝကို ပိုင်ဆိုင်နိုင်ဖို့ ဘာတွေလုပ်ဆောင်ရမလဲဆိုတာပါ။ သာယာပျော်ရွှင်ရတဲ့ ကျေနပ်စရာ လိင်မှုဘဝကို ပိုင်ဆိုင်ထားသူတိုင်းရဲ့ နောက်ကွယ်မှာ လျှို့ဝှက်ချက် အချို့တော့ ရှိပါတယ်။ ဒီ လျှို့ဝှက်ချက်တွေက ကွီးတို့ ထင်မှတ်မထားလောက်အောင် ရိုးရှင်းပြီး လွယ်ကူပါတယ်။ ဘာတွေဖြစ်မလဲဆိုတာ လေ့လာကြည့်လိုက်ပါဦး။

(၁) ညစ်ညမ်းရုပ်ရှင် ကြည့်တာ ကန့်သတ်လိုက်ပါ

Porn
Photo : Universal Life Church

ညစ်ညမ်းရုပ်ရှင်တွေနဲ့ ပတ်သတ်ပြီး ပြောစရာရှိတာ တစ်ခုကတော့ ဖျော်ဖြေရေး သပ်သပ်ထက်ပိုပြီး ကွီးတို့ ဖီလင်မထားဖို့ပါပဲ။ ညစ်ညမ်းရုပ်ရှင်တွေကို စွဲစွဲလမ်းလမ်း ကြည့်ဖြစ်နေမယ် ၊ ညစ်ညမ်းရုပ်ရှင်တွေထဲကလို လက်တွေ့မကျတဲ့ ပြကွက်တွေကို ကွီးတို့ရဲ့ ပြင်ပလိင်မှုဘဝမှာ လိုချင်တောင့်တနေမယ် ဆိုရင်တော့ ကွီးတို့ရဲ့ ပါတနာနဲ့ ဆက်ဆံရေးမှာ အများကြီး ထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့် Porn လုံးဝမကြည့်နဲ့လို့တော့ မပြောချင်ပါဘူး။ ကြည့်မယ်ဆိုရင်လည်း ဖျော်ဖြေရေး တစ်ခုထက်ပိုပြီး စွဲလမ်းတာ ၊ ဖီလင်ထည့်တာတွေ မဖြစ်စေဖို့ သတိပြုရပါမယ်။

(၂) အိပ်ရေးဝအောင် အိပ်စက်အနားယူပါ

man sleeping
Photo : My Vanderbilt Health

လူတစ်ယောက်ရဲ့ တစ်နေ့တာ အိပ်ချိန်ဟာ အနည်းဆုံး ၇ – ၉ နာရီကြား ရှိဖို့ လိုပါတယ်။ ပြည့်ပြည့်ဝဝ အိပ်စက်အနားယူမှလည်း စိတ်ရောကိုယ်ပါ ကြည်လင်လန်းဆန်းပြီး ခန္ဓာကိုယ်မှာ စွမ်းအင်ပြည့်ဝနေမှာဖြစ်သလို လိင်မှုဘဝဟာလည်း သာယာကျေနပ်ဖွယ် ဖြစ်နေမှာ ဖြစ်ပါတယ်။ အိပ်ရေးမဝတာ ၊ အိပ်ချိန်မမှန်တဲ့ သူတွေဟာ စိတ်ပိုင်းဆိုင်ရာရော ၊ ရုပ်ပိုင်းဆိုင်ရာမှာပါ ပင်ပန်းနွမ်းနယ်မှုတွေ ဖြစ်တတ်တာကြောင့် ကောင်းမွန်တဲ့ လိင်မှုဘဝကို ပိုင်ဆိုင်ချင်တယ်ဆိုရင် ညစဉ်ညတိုင်း အိပ်ရေးဝဝ အိပ်စက်အနားယူဖို့ မဖြစ်မနေ လိုအပ်ပါတယ်။

(၃) Weights မ,ပါ

Lifting Weights

Photo : Livestrong.com

ကွီးတို့ကို ဘာကြောင့် Weight Training လုပ်ဖို့ ပြောနေရလဲ ဆိုရင်တော့ ဝိတ်,မတာ ၊ လေ့ကျင့်ခန်း ပုံမှန်ကစားတာရဲ့ Results က ခန္ဓာကိုယ်မှာရှိတဲ့ အဆီရာခိုင်နှုန်းကို လျှော့ချပေးပြီး ကြွက်သားတစ်သျှူးအသစ်တွေကို တည်ဆောက်ပေးတာကြောင့် ဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်ပြီဆိုတာနဲ့ ကွီးတို့ ခန္ဓာကိုယ်မှာ တက်စတိုစတီရုန်း (Testosterone) လို့ခေါ်တဲ့ ကျားဟော်မုန်း ထုတ်လုပ်မှုဟာလည်း မြင့်မားလာပြီး လိင်မှုခွန်အား ၊ လိင်စိတ်တက်ကြွမှုနဲ့ လိင်မှုစွမ်းဆောင်ရည်ကို ပိုကောင်းလာစေဖို့ ပံ့ပိုးပေးနေမှာ ဖြစ်ပါတယ်။ ကျန်းမာကြံ့ခိုင်မှုတွေနဲ့အတူ အိပ်ရာထဲ မှာ လိင်မှုစွမ်းဆောင်ရည် ပိုကောင်းချင်တယ်ဆိုရင်တော့ ကွီးတို့ ၁ ပတ်မှာ ၄ – ၅ ရက်ခန့် Weight Training ကစားသင့်ပါတယ်။

Source : MensXP

Featured Photo : REFOCUS Rehab Melbourne