အိမ်တွင်းအလှဆင်ခြင်းဟာ အနုပညာတစ်ခုပါ။ ဒီဘက်ခေတ်မှာ မော်ဒန်ဆန်တဲ့ အိမ်ထောင်ပရိဘောဂတွေနဲ့ အိမ်တွင်းအလှမှုကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာကြတာ တွေ့ရပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာတော့ အိမ်တွင်းအလှဆင်ခြင်းကို စိတ်ဝင်စားတဲ့ ကွီးတို့အတွက် Budget နည်းနည်းနဲ့ ကွီးတို့ ရဲ့ နေအိမ် ဧည့်ခန်းကို ခေတ်ဆန်ဆန် မော်ဒန်ဒီဇိုင်း ပြောင်းလဲပေးနိုင်မယ့် DIY မျက်နှာကျက် ချိတ်ဆွဲသစ်သား အပင်စင် ပြုလုပ်နည်းကို ပြောပြပေးပါမယ်။
Photo : Charleston Crafted
လိုအပ်သည့် ပစ္စည်းများ
- ၁ လက်မခွဲ အထူရှိတဲ့ သစ်သားပြား
- နံရံကပ်ချိတ်
- ကြိုး
တို့နဲ့အတူ ဖောက်စက် ၊ ကော်ကပ် ၊ စကူ စတဲ့ ပစ္စည်းအနည်းငယ်သာ လိုအပ်ပါတယ်။
Photo : Charleston Crafted
အဆင့် (၁) – ၁ လက်မခွဲ အထူရှိတဲ့ သစ်သားပြားကို အလျား ၂ ပေ ၊ အနံ ၁ ပေခွဲခန့် ဖြတ်တောက်ပါ။
Photo : Charleston Crafted
အဆင့် (၂) – ဖြတ်တောက်ထားတဲ့ သစ်သားပြားကို ကော်ပတ်နဲ့ ချောမွေ့အောင် ပွတ်တိုက်ပေးပါ။
Photo : Charleston Crafted
အဆင့် (၃) – သစ်သားပြားရဲ့ ထောင့် ၄ ထောင့်မှာ အပေါက် ၄ ပေါက် ဖောက်ပေးပါ။
Photo : Charleston Crafted
အဆင့် (၄) – ထို့နောက် အဖောက်ထဲကို ကြိုးထည့်ပြီး သစ်သားပြားရဲ့ အောက်ခြေမှာ ကြိုးပြန်ထွက်မသွားစေဖို့ ထုံးပေးပါ။
Photo : Charleston Crafted
အဆင့် (၅) – ကွီးတို့ ချိတ်ဆွဲမယ့် ဧည့်ခန်းနေရာရဲ့ မျက်နှာကျက်မှာ အပေါက်ဖက်ပြီး ချိတ်တပ်ဆင်ပါ။
Photo : Charleston Crafted
အဆင့် (၆) – ကြိုးတပ်ဆင်ထားတဲ့ ချိတ်ဆွဲသစ်သား အပင်စင်ကို ချိတ်မှာ တပ်ဆင်ပါ။
နောက်ဆုံးအဆင့်အနေနဲ့ ပန်းအိုးကို စင်ပေါ်တင်ပြီး ကွီးတို့ ဧည့်ခန်းမှာ မော်ဒန်ဆန်ဆန် ၊ အမြင်လှတဲ့ အပင်စင်လေးတစ်ခု ဖန်တီးလို့ ပြီးပါပြီ။
Source : Charleston Crafted
Featured Photo : House Digest