Mobile ဂိမ်းနဲ့ ပတ်သတ်လာရင် ကိုယ့်ကိုယ်ကိုယ် ဆရာကြီးပဲလို့ သတ်မှတ်ထားတယ် ဆိုရင်တော့ ကွီးတို့ အခုပြောပြမယ့် ဂိမ်းတွေ ဆော့ကြည့်လိုက်ပါ။ ဘာလာလာဒေါင်းတဲ့ Plyaer စစ်စစ်တွေကတော့ ဒီဂိမ်းတွေကို ကြိုက်နှစ်သက်မှာ သေချာပါတယ်။ ဒီဆောင်းပါးမှာတော့ ဂိမ်း Play ပုံစံ ခပ်မိုက်မိုက်နဲ့ Graphic တွေကြမ်း ၊ ဆော့ရလန်းတဲ့ အမိုက်စား Mobile ဂိမ်း အချို့ကို ပြောပြပေးမှာ ဖြစ်ပါတယ်။

(၁) Plague Inc.

 

Source : Ndemic Creations

ဒီဂိမ်းကတော့ ဗျူဟာပိုင်းမှာ ဆရာကျပါတယ်ဆိုတဲ့ Plyaer ကွီးတို့ ဆော့ကိုဆော့ကြည့်သင့်တဲ့ အမိုက်စားဂိမ်းတစ်ခု ဖြစ်ပါတယ်။ Gameplay ပုံစံကိုက တော်တော်လေး ထူးခြားတယ်လို့ ပြောလို့ရပြီး Unique အဖြစ်ဆုံး Gaming Strategy Experience ကို ခံစားနိုင်မှာပါ။ ဂိမ်းရဲ့ Story အကျဉ်းကို ပြောရမယ်ဆိုရင် ကူးစက်ကပ်ရောဂါတစ်ခု လူသားတွေဆီ ပြန့်နှံ့လာချိန်မှာ ရောဂါပိုး ကူးစက်မှုပြန့်ပွားမှုတွေကို ထိန်းချုပ်ဟန့်တားဖို့ ၊ လူသေဆုံးမှုတွေကို လျှော့ချဖို့ အထိရောက်ဆုံး နည်းဗျူဟာတွေကို သုံးပြီး ကြိုးပမ်းသွားရမှာ ဖြစ်ပါတယ်။

(၂) Soul Knight

Source : ChillyRoom

Soul Knight ဂိမ်းလေးကတော့ ချစ်စရာကောင်းတဲ့ ဇာတ်ကောင်လေးတွေနဲ့ ဖန်တီးထားတဲ့ Pixel-style Action ဂိမ်းတစ်ခု ဖြစ်ပါတယ်။ အန္တရာယ်ကြားက ပြေးရင်းလွှားရင်း လက်နက်တွေစု ၊ ရန်သူတွေနဲ့ ယှဉ်ပြိုင်တိုက်ခိုက်ပြီး မြေပုံပါ ပန်းတိုင်ဆီ ရောက်အောင် သွားရမှာ ဖြစ်ပါတယ်။ ဒီဂိမ်းလေးက မြန်ဆန်တဲ့ Moves တွေနဲ့ ဆော့ရတာ Smooth ဖြစ်ပြီး ပေါ့ပေါ့ပါးပါး ဆော့ချင်တဲ့ Plyaer ကွီး အကြိုက်တွေ့စေမှာ ဖြစ်ပါတယ်။

(၃) Badland

Source : BADLAND PARTY

ဒီဂိမ်းလေးက ထွက်ထားတာ ၁၀ စုနှစ် တစ်ခုကျော် ကြာခဲ့ပါပြီ။ ဂိမ်းချစ်သူတွေကြားမှာ မသိတဲ့သူ မရှိသလောက်ကို ရှားနိုင်တဲ့ အထာကျတဲ့ Side-scrolling Action-Adventure ဂိမ်းတစ်ခု ဖြစ်ပါတယ်။ တောအုပ်လေးထဲက ထောင်ချောက်တွေ ၊ အတားအဆီးတွေကို Skill ကျကျ ဖြတ်ကျော်ကစားရမှာ ဖြစ်ပါတယ်။ ထူးခြားတဲ့ Visuals တွေ ၊ ဂိမ်းနောက်ခံ Audio တွေနဲ့အတူ စိတ်ဝင်စားဖို့ကောင်းတဲ့ Physics-Based Gameplay ပုံစံကို ပေါင်းစပ်ထားပါတယ်။ လှည့်ကွက်များစွာနဲ့ ထောင်ချောက်တွေ ၊ ခက်ခဲကြမ်းတမ်းတဲ့ အတားအဆီးတွေကို အေးဆေးကျော်ဖြတ် ပြမယ်ဆိုတဲ့ ဂိမ်းဆရာကြီးတွေကတော့ ဒီဂိမ်းလေးကို ဆော့ကြည့်လိုက်ပါဦး။

Source : Analytics Insight

Featured Photo : Nintendo