နောက်ပိုင်း နည်းပညာမြင့် Tablet တစ်လုံးရဲ့ အသုံးဝင်မှုက တော်တော်လေး အားကြီးတယ်လို့ ပြောရမှာပါပဲ။ Brand တွေကလည်း တစ်ခုနဲ့တစ်ခု အပြိုင်အဆိုင် နောက်ဆုံးပေါ် နည်းပညာတွေကို သုံးပြီး အသစ်အသစ်တွေ ထုတ်လာကြသလို လူတွေရဲ့ နေ့စဉ်ဘဝ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ့် အမိုက်စား Features တွေကိုလည်း Tablet တွေမှာ ထည့်သွင်းပေးလာတာ တွေ့ရပါတယ်။ အချို့ Tablet တွေမှာ ဆိုရင် Laptop တစ်လုံးကဲ့သို့ အသုံးပြုနိုင်တဲ့ စွမ်းဆောင်ရည်တွေ ပါဝင်သလို ပညာရေး ၊ ဖျော်ဖြေရေး ၊ သတင်းအချက်အလက် ဆက်သွယ်ရေး ကဏ္ဍအသီးသီးအတွက် မရှိမဖြစ်တဲ့ Device တစ်ခုအဖြစ် လူတွေအသုံးပြုလာနေကြပါပြီ။ ဒီဆောင်းပါးလေးမှာတော့ Tablet ဝယ်ဖို့ စဉ်းစားနေတဲ့ ကွီးတို့ အတွက် ရွေးချယ်ရလွယ်ကူစေဖို့ ဒီနှစ်ထဲက အကောင်းဆုံး Tablet အချို့ကို ရွေးချယ်ပေးလိုက်ပါတယ်။
(၁) Lenovo Tab M9
Photo : JB Hi-Fi
ဈေးသက်သာရမယ့် စွမ်းဆောင်ရည်ပိုင်းလည်း ကောင်းရမယ်ဆိုရင်တော့ ပေါ့ပေါ့ပါးပါးနဲ့ သုံးလို့အဆင်ပြေတဲ့ Lenovo Tab M9 ကို ကွီးတို့ ရွေးချယ် နိုင်ပါတယ်။ Lenovo Tab M9 က ၂၀၂၂ ခုနှစ်က ထွက်ခဲ့တာဆိုပေမယ့် အခုလက်ရှိအချိန်ထိတော့ ဘတ်ဂျတ်ဈေးတန်းထဲမှာ စဉ်းစားသင့်တဲ့ Tablet တစ်လုံးအဖြစ် ရှိနေပါသေးတယ်။ ရုပ်ရှင်တွေ ၊ တီဗီစီးရီးတွေကြည့်ဖို့ အတွက် ကြီးမားကျယ်ပြန့်တဲ့ ၉ လက်မ (1340 x 800) 400-Nit Touch-Enabled Display တပ်ဆင်ပေးထားပြီး Dolby Atmos ရဲ့ Dual Stereo Speakers ပါဝင်တဲ့အတွက် ရုပ်ထွက်ရော အသံပိုင်းပါ တော်တော်လေး ကောင်းပါတယ်။ MediaTek Helio G80 8-Core CPU မောင်းနှင်ထားပြီး 3GB RAM / 32GB MicroSD-Expandable Storage ပါပါတယ်။ Lenovo Tab M9 ရဲ့ ဈေးကတော့ ၉၉ ဒေါ်လာ ဝန်းကျင် ရှိပါတယ်။
(၂) Amazon Fire Max 11
Photo : CNET
Streaming ၊ Reading နဲ့ Gaming စတာတွေအတွက် ရှယ်ပလန်နဲ့ သုံးလို့ရမယ့် ရွေးချယ်စရာ Tablet တွေထဲက တစ်လုံးကတော့ Amazon Fire Max 11 ဖြစ်ပါတယ်။ Amazon Fire Max 11 က ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ထဲမှာ ထွက်ရှိလာခဲ့တာပါ။ Powerful ဖြစ်တဲ့ Ota-core Processor အသုံးပြုပေးထားပြီး ၁၁ လက်မ (2000 x 1200) Touch Screen ၊ 4GB RAM, / 128GB Storage အတွဲအစပ်နဲ့ ဘက်ထရီသက်တမ်း ၁၄ နာရီကြာ အသုံးပြုနိုင်ပါတယ်။ Amazon Fire Max 11 ရဲ့ဈေးနှုန်းကတော့ ၁၈၉ ဒေါ်လာဝန်းကျင် ရှိပါတယ်။
(၃) Samsung Galaxy Tab A9 Plus
Photo : SamMobile
Samsung Galaxy ချစ်သူ ကွီးတို့ အတွက်ကတော့ ဈေးအသင့်အတင့်နဲ့ စွမ်းဆောင်ရည်မြင့်တဲ့ Tab A9 Plus Tablet ရှိပါတယ်။ Samsung Galaxy Tab A9 Plus မှာ ၁၁ လက်မ WUXGA (1920 x 1200) LCD Touch Screen တပ်ဆင်ပေးထားပြီး စွမ်းဆောင်ရည်မြင့်တဲ့ Qualcomm Snapdragon 695 8-core CPU မောင်းနှင်ထားကာ 8GB RAM / 128GB MicroSD-Expandable Storage နဲ့ ဘက်ထရီ သက်တမ်း ၁၃ နာရီဝန်းကျင် အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။ Samsung Galaxy Tab A9 Plus ရဲ့ ဈေးနှုန်းကတော့ ၂၁၉ ဒေါ်လာဝန်းကျင်ခန့် ရှိပါတယ်။
(၄) Lenovo Tab P11 Pro Gen 2
Photo : PCMag
ဒေါ်လာ ၂၀၀ ဝန်းကျင်ထဲက နောက်ထပ် ရွေးချယ်စရာ Tablet တစ်လုံးကတော့ Lenovo Tab P11 Pro Gen 2 ပါ။ Lenovo Tab P11 Pro Gen 2 ကလည်း ၂၀၂၂ ခုနှစ်ကတည်းက စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ စွမ်းဆောင်ရည် ကြမ်းနေဆဲ Tablet တစ်လုံး ဖြစ်ပါတယ်။ ၁၁.၂ လက်မ 2.5K (2560 x 1536) 420-Nit 120Hz OLED Touch Screen ၊ MediaTek Kompanio 1300T 9-core CPU ၊ 6GB RAM / 128GB Storage အတွဲအစပ် ၊ 13MP ကျောဘက်ကင်မရာနဲ့ 8MP ဆယ်လ်ဖီ ကင်မရာတို့ ပါဝင်ပါတယ်။ ဆော့ဖ်ဝဲပိုင်းမှာ Android 12 ကို အသုံးပြုထားပြီး လက်ရှိမှာတော့ Android 14 ကို Upgrade လုပ်နိုင်မှာ ဖြစ်ပါတယ်။ Lenovo Tab P11 Pro Gen 2 ရဲ့ ဈေးနှုန်းကတော့ ၂၂၄ ဒေါ်လာဝန်းကျင် ရှိပါတယ်။
(၅) Apple iPad 9 (64GB)
Photo : 9to5Mac
Apple ဖန် ကွီးတို့ အတွက်ကတော့ ဒေါ်လာ ၂၀၀ ဝန်းကျင်ထဲကဆိုရင် iPad 9 (64GB) ကို ရွေးချယ်နိုင်ပါတယ်။ True Tone ပါတဲ့ ၁၀.၂ လက် Retina Display ၊ A13 Bionic Chip ၊ 64GB Storage နဲ့ Stereo Speakers တွေ ပါပါတယ်။ ကင်မရာတွေအနေနဲ့ ကျောဘက်မှာ 8MP Wide Angle Primary ကင်မရာနဲ့ 12MP Ultra-wide ရှေ့ကင်မရာတွေကို တပ်ဆင်ပေး ထားပါတယ်။ iPad 9 (64GB) ရဲ့ဈေးနှုန်းကတော့ ၂၄၉ ဒေါ်လာ ဝန်းကျင် ရှိပါတယ်။
Source : Laptop Mag
Featured Photo : Mashable