၂၀၂၂ ခုနှစ်အတွင်း ခေတ်စားတဲ့ ခေတ်ပေါ်အရောင်က ဘယ်အရောင်ဖြစ်မလဲဆိုတာကို လူအမေးများကြပါတယ်။ နို့နှစ်ရောင်နှင့် အစိမ်းရောင် ပေါင်းစပ်ထားတဲ့ အရောင်မျိုးကတော့ ယခုနှစ်အတွင်း ရေပန်းအစားဆုံးအရောင်ဖြစ်ပါတယ်။ ဒါ့ကြောင့် ကွီး တို့အနေနဲ့ ခေတ်မှီဆန်းပြား တဲ့ နောက်ဆုံးပေါ်ဖက်ရှင် မျိုးကို ဖန်တီးချင်တယ်ဆိုရင်တော့ အစိမ်းရောင်ကို အခြားသောအရောင်များနှင့် လိုက်ဖက်အောင် ဖက်စပ်အသုံးပြုတတ်ဖို့လိုအပ်ပါလိမ့်မယ်။

ကွီး တို့အနေနဲ့ အစိမ်းရောင် မကြိုက်ဘူးဆိုလည်း ပြဿနာတော့မရှိပါဘူး၊ အခုဖော်ပြပေးမယ့် ခေတ်မီဆန်းပြား တဲ့ နောက်ဆုံးပေါ်ဖက်ရှင် တွေကို လေ့လာထားလိုက်မယ်ဆိုရင် ခေတ်မှီပြီး ဖက်ရှင်ကျတဲ့ အမျိုးသားတစ်ယောက်ဖြစ်နိုင်ပါတယ်။

နေကြာပန်းပွင့်ပုံတီရှပ်

ကွီး ခေတ်မှီဆန်းပြား နောက်ဆုံးပေါ်ဖက်ရှင်

အဝါရောင်ရဲ့ အဓိပ္ပာယ်ကတော့ ပျော်ရွှင်ခြင်းပဲဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ပျော်ရွှင်မှုကို ခံစားချင်တယ်ဆိုရင်တော့ ဒီလို အရောင်တောက်တောက်နှင့် နေကြာပန်းပွင့်ပုံအဆင်တီရှပ်များကို ရှာဖွေဝတ်ဆင်သင့်ပါတယ်။

စစ်တုရင်ကွက်ပုံ အင်္ကျီအဆင်

ကွီး ခေတ်မှီဆန်းပြား နောက်ဆုံးပေါ်ဖက်ရှင်

ယခုနောက်ပိင်းမှာ စစ်တုရင်ကွက်ပုံ အင်္ကျီအဆင်များသည်လည်း တဖြည်းဖြည်းခေတ်စားလာတာကို တွေ့ရပါတယ်။ သူ့ကို ဂျင်းဘောင်းဘီ (သို့) စတိုင်လ်ဘောင်းဘီများနှင့် တွဲဝတ်ပါက အင်မတန်လိုက်ဖက်ပါတယ်။

Mini-Me ဖက်ရှင်

ကွီး ခေတ်မှီဆန်းပြား နောက်ဆုံးပေါ်ဖက်ရှင်

ကွီးတို့ တစ်ချိန်ချိန်မှာ သားတစ်ယောက်ရလာခဲ့ပါက ဒီလို ပုံတူဖက်ရှင်မျိုးကို ဆင်မြန်းနိုင်ပါတယ်။ အိမ်ထောင်ပြုဖို့ စိတ်ကူးမရှိဘူး။ လူပျိုကြီးလုပ်ချင်တယ်ဆိုတဲ့ ကွီးတို့ကတော့ ကိုယ့်တူလေးနဲ့ပဲ ဆင်တူဝတ်ဆင်လိုက်ကြပါ။

စကပ်ဖက်ရှင်

ကွီး ခေတ်မှီဆန်းပြား နောက်ဆုံးပေါ်ဖက်ရှင်

ကွီး တို့အတွက် ခေတ်မှီဆန်းပြား တဲ့ နောက်ထပ် နောက်ဆုံးပေါ်ဖက်ရှင် ကတော့ ခြေအိတ်ရှည်နဲ့ တွဲဝတ်နိုင်တဲ့ စကပ်ဖက်ရှင်ပဲဖြစ်ပါတယ်။

Luxury ဆန်တဲ့ဖက်ရှင်

ကွီး ခေတ်မှီဆန်းပြား နောက်ဆုံးပေါ်ဖက်ရှင်

ဒီလိုဖက်ရှင်မျိုးကတော့ Fashion Week တွေမှာ အများဆုံးတွေ့ရပါတယ်။ သာမန်ထသွားထလာအနေနဲ့တော့ ဝတ်ခဲပါတယ်။

ဘေ့စ်ဘောဂျက်ကတ်ဖက်ရှင်

ကွီး ခေတ်မှီဆန်းပြား နောက်ဆုံးပေါ်ဖက်ရှင်

လူငယ်ဆန်ပြီး လွတ်လပ်ပေါ့ပါးတဲ့ ဖက်ရှင်တစ်ခုဖြစ်ပါတယ်။ ကွီးတို့အတွက် အထာကျကျမိမိုက်နေစေမှာပါ။

သိုးမွှေးအပွဖက်ရှင်

latest outfits for kwee

ဒီလိုသိုးမွှေးအပွဖက်ရှင်ကတော့ ဂျင်းဘောင်းဘီနဲ့ လိုက်ဖက်ပါတယ်။

အစင်းကျားပိုလိုရှပ်ဖက်ရှင်

latest outfits for kwee

စမတ်ကျကျနဲ့ တည်ကြည်ခန့်ငြားတဲ့အသွင်မျိုး ဖန်တီးချင်တယ်ဆိုရင်တော့ အစင်းကျားဖက်ရှင်လေးကို ဝတ်ဆင်လိုက်ပါ။

တီရှပ်အပွဖက်ရှင်

latest outfits for kwee

အင်္ကျီပိတ်စ အပျော့သားနဲ့ တီထွင်ပြုလုပ်ထားတဲ့ တီရှပ်အပွဖက်ရှင်လေးပဲဖြစ်ပါတယ်။ ဒီဖက်ရှင် ဝတ်တဲ့အခါ အင်္ကျီကြယ်သီး အပေါ်နှစ်လုံးကို အလွတ်ထားထားလေ့ရှိကြပါတယ်။

လက်ပြတ်ဂျက်ကတ်ဖက်ရှင်

latest outfits for kwee

လက်ပြတ်ဂျက်ကတ်ဖက်ရှင်ကလည်း နောက်ဆုံးပေါ်ဖက်ရှင်တစ်ခုဖြစ်ပြီး အဝတ်များကြပါတယ်။

ဘောင်းဘီအပွဖက်ရှင်

latest outfits for kwee

ပွပွယယလေးနဲ့ နွေရာသီနဲ့ လိုက်ဖက်တဲ့ ဖက်ရှင်တစ်ခုပါ။

စတေကာအပြည့်နှင့် အပေါ်ဝတ်ဖက်ရှင်

latest outfits for kwee

ဒီနောက်ဆုံးပေါ်ဖက်ရှင်ကတော့ နွေရာသီမှာ ဝတ်ဆင်ဖို့မဖြစ်နိုင်တာကြောင့် ဆောင်းရာသီအတွက် သိမ်းထားလိုက်ပါဦး။

အခုဖော်ပြသွားတဲ့ နောက်ဆုံးပေါ်ဖက်ရှင်တွေထဲက ဘယ်ဖက်ရှင်ကို သဘောအတွေ့ဆုံးပါလဲ။

Source: Outfittrends

Featured Image: Society19