မိမိရဲ့ အိမ်ဘေးပတ်ဝန်းကျင်မှာ သစ်ပင်ပန်းမန်များ၊ ခြုံပုတ်ငယ်များ ရှိခြင်းသည် အေးမြမှုကို ပေးစွမ်းနိုင်သလို ခြင်တွေ ပေါက်ဖွားပုန်းအောင်းဖို့ကိုလည်း အခွင့်အလမ်းတွေ ပေးနေပြန်ပါတယ်။ ဒီကြားထဲမှာမှ ရေဝပ်တဲ့နေရာတွေ မြောင်းပုတ်တွေ ရှိနေပြန်ရင်လည်း ခြင်းတွေ ပွားများနိုင်ပြန်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါနှင့် ခြင်ကြောင့်ဖြစ်တဲ့ ယားယံခြင်းများကို မခံစားဖို့ရန်အတွက် ကွီး တို့သည် မိမိကိုယ်ကိုယ် ခြင်ကိုက် မခံရအောင် နေထိုင်ရမှာပဲ ဖြစ်ပါတယ်။

ခြင်ဆေးထွန်းဖို့ကျပြန်တော့လည်း ခြင်ဆေးနံ့ကြောင့် အသက်ရှုလမ်းကြောင်းအတွက် အန္တရာယ်ရှိပြန်ပါတယ်။ ဒါဆိုရင် ကွီး တို့ကို ခြင်ကိုက် ခံရခြင်းမှ ကင်းဝေးပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အိမ်တွင်းနည်းလမ်းကောင်းများကို ဝေမျှပေးချင်ပါတယ်။

ပထမဦးဆုံး နည်းလမ်း

ပထမဦးဆုံး နည်းလမ်း

Photo: Wellandgood

ဒီနည်းလမ်းလေးကို အသုံးပြုမယ်ဆိုရင်တော့ သကြား စားပွဲတင်ဇွန်း ၁၆ ဇွန်း၊ ရှာလကာရည် စားပွဲတင်ဇွန်း ၁၆ ဇွန်း၊ ငှက်ပျောသီး ၁ လုံး (သို့) ၂ လုံးရဲ့အခွံ၊ ရေ ၂ ဖန်ခွက် (စားပွဲတင်ဇွန်း ၃၂ ဇွန်းခန့်) ၊ ၁ လီတာ (သို့) ၂ လီတာအရွယ်အစားရှိ ဆိုဒါပုလင်းအလွတ်တစ်လုံးတို့ လိုအပ်ပါလိမ့်မယ်။

သကြား၊ ရှာလကာရည်နှင့် ရေတို့ကို သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် ငှက်ပျောခွံကို မြှုပ်သွားသည်အထိ ပြုလုပ်ပါ။ ပြီးရင်တော့ ဆိုဒါပုလင်းထဲ ပြောင်းထည့်လိုက်ပါ။ ထို့နောက် ခြင်တွေ အလာများတဲ့နေရာမှာ ချိတ်ထားတာမျိုးပဲဖြစ်ဖြစ်၊ ကြမ်းပြင်မှာ ချထားတာမျိုးပဲဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။ ၂၄ နာရီအတွင်းမှာ အသုံးပြုပါက ခြင်တွေ သင့်အနားကို လာရောက်နိုင်မှာ မဟုတ်တော့ပါဘူး။

နည်းလမ်း (၂)

ကွီး ခြင်ကိုက်

Photo: Thehomesteadinghippy

ဒီနည်းလမ်းကို အသုံးပြုချင်တယ်ဆိုရင်တော့ သကြားညို စားပွဲတင်ဇွန်း ၁၆ ဇွန်း၊ တဆေး စားပွဲတင်ဇွန်း ၁ ဇွန်း၊ ရေနွေးနွေး ဖန်ခွက် ၄ ခွက်စာ (စားပွဲတင်ဇွန်း ၆၄ ဇန်း)နှင့် ဆိုဒါပုလင်းအလွတ် တစ်လုံးတို့ လိုအပ်ပါမယ်။

ပါဝင်ပစ္စည်းများကို သမအောင် နယ်ပြီးနောက် ဆိုဒါပုလင်းထဲ ပြောင်းထည့်လိုက်ပါ။ ထို့နောက် ခြင်ထောင်ခြောက်အဖြစ် အသုံးပြုနိုင်ပါတယ်။

နည်းလမ်း (၃)

ကွီး ခြင်ကိုက်

Photo: Pest Hacks

ဒီနည်းလမ်းအသုံးပြုဖို့အတွက် ခပ်ရှည်ရှည် ပုလင်းအလွတ်တစ်လုံး၊ ရေ အနည်းငယ်၊ ပန်းကန်ဆေးဆပ်ပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် LED မီးလုံးငယ်တို့ လိုအပ်ပါလိမ့်မယ်။

ပုလင်းအလွတ်ထဲသို့ ရေ ၃ ပုံ ၁ ပုံခန့်ထည့်ပါ။ ထို့နောက် ဆပ်ပြာရည်ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။ ထို့နောက် ထိုပုလင်းကို သတ်မှတ်ထားတဲ့နေရာမှာ ထားပါ။ ပုလင်းနှင့် ၃ လက်မခန့်အကွာမှာ မီးအလင်းရောင်လေး ထားထားလိုက်ပါ။ ဒါဆိုရင်တော့ ပြီးပြည့်စုံတဲ့ ခြင်ဖမ်းစက်လေး ရရှိလာပါပြီ။

ဒီနည်းလမ်းလေးတွေကတော့ ကွီး တို့ကို ခြင်ကိုက် ခံရခြင်းမှ ကင်းဝေးစေပြီး ခြင်ဆေးလိုလည်း အသက်ရှုလမ်းကြောင်းကို ထိခိုက်မှာမဟုတ်ပါဘူး။ ကျန်းမာရေးကိုလည်း မထိခိုက်စေနိုင်တဲ့အတွက်ကြောင့် စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်။

Source: Thehomesteadinghippy

Featured Image: Depositphotos