အနက်ရောင် ဖက်ရှင်တွင် အခြားသောဘယ်အရောင်ကမှ မပေးစွမ်းနိုင်တဲ့ ခမ်းနားကြီးကျယ်မှုနဲ့ Bold ဖြစ်မှုတို့ကို ပေါင်းစပ်ထားတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ အနက်ရောင်သည် အလှပဆုံး (သို့) Bold အဖြစ်ဆုံးဆိုတဲ့ စကားလေးကို ဖက်ရှင် ချစ်သူ ကွီး တို့ ကြားဖူးကြပါလိမ့်မယ်။အချို့ကွီးတွေဆိုရင် အနက်ရောင်ကို ဘယ်လောက်ထိ ရူးသွပ်လဲဆိုရင် ခန္ဓာကိုယ်တစ်ခုလုံးကို All Black ဖက်ရှင် ဆင်မြန်းကာ ရှိုးထုတ်လေ့ရှိပါတယ်။All Black ဖက်ရှင်ကို လူငယ်ဆန်တဲ့ ပေါ့ပေါ့ပါးပါးအသွင် ဖန်တီးလို့လည်း ရသလို ရင့်ကျက်ပြီး Classic ဆန်တဲ့အသွင် ဖန်တီးချင်လည်း အလွယ်လေးပါပဲ။ကွီး တို့အတွက် ကိုယ့် ဖက်ရှင် အကြိုက်ပေါ် မူတည်ပြီး အမျိုးမျိုးပြောင်းလဲဝတ်ဆင်နိုင်ဖို့ရန်အတွက် All Black ဖက်ရှင် စတိုင်လ် အမျိုးမျိုးကို ဝေမျှပေးလိုက်ရပါတယ်။
Street Style တီရှပ်လက်ပြတ်နှင့် All Black ဖက်ရှင်
ခေါင်းအစ ခြေအဆုံး၊ ဦးထုပ်ကနေ ဖိနပ်အထိ အနက်ရောင်ဖြင့်သာ ဆင်မြန်းထားပုံ
အနက်ရောင် ဂျင်းကို သားရေဂျက်ကတ်နဲ့ တွဲဝတ်ပါ
ကွီး တို့ကို စတိုင်လ် ကျစေမယ့် အနက်ရောင် Black ဂျင်းက ဂျင်းအပြဲဆိုရင်တော့ လူငယ်ဆန်တဲ့ ဖက်ရှင် ဘက် သွားမှာပါ။ ရင့်ကျက်တဲ့ဖက်ရှင်မျိုး ဖန်တီးချင်တယ်ဆိုရင်တော့ ဂျင်းအပြဲအစား ရိုးရိုးဂျင်းပဲ ဝတ်ဆင်ပါ
တီရှပ်လက်ရှည်ကိုမှ ဘောင်းဘီတိုနဲ့ တွဲဝတ်လိုက်တဲ့အခါ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ကောင်းနေစေမှာအမှန်ပါပဲ
ရှပ်လက်ရှည်ကို အပေါ်က ဂျက်ကတ်အနက်ရောင်နဲ့ တွဲဖက်ဝတ်ဆင်လိုက်ပါ
ဒီဖက်ရှင်စတိုင်လ်ကတော့ စမတ်ကျစေမယ့်ဖက်ရှင်မျိုးကို ဖန်တီးပေးပါတယ်။ ဖိနပ်ကိုတော့ Boat Shoes (သို့) ကတ္တီပါသားရှူးဖိနပ်တို့နဲ့ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။
အနက်ရောင်ကုတ်အင်္ကျီဖက်ရှင်
အောက်က တီရှပ်ကိုတော့ ရိုးရိုးတီရှပ်လည်း အဆင်ပြေသလို ကော်လံပါတဲ့ ပိုလိုရှပ်ဒီဇိုင်းတွေနဲ့လည်း လိုက်ဖက်ပါတယ်။ မိမိကြိုက်နှစ်သက်ရာကို ရွေးချယ်ဝတ်ဆင်လိုက်ပါ။
နောက်ထပ် ဒီဇိုင်းတစ်မျိုး ဖန်တီးချင်တဲ့အခါ
ဖိနပ်ကို အနက်ရောင်မဟုတ်ဘဲ အဖြူရောင် ပြောင်းလဲဝတ်ဆင်ကြည့်လိုက်ပါ။ တစ်မျိုးတစ်ဖုံကြည့်ကောင်းနေမှာ အမှန်ပါပဲ။
ပွဲတက်ဖက်ရှင်
ဒီဖက်ရှင်ကတော့ ကွီးတို့ကို လူကြီးလူကောင်းဆန်စေမယ့် ဖက်ရှင်မျိုးပေါ့။
ကွီး တို့အနေနဲ့ အနောက်တိုင်းဝတ်စုံပြည့်နဲ့ ဝတ်ဆင်နိုင်သလို အခုလိုမျိုး အနက်ရောင်တီရှပ်ပေါ်မှာ ကုတ်အင်္ကျီ ထပ်ဝတ်ရင်လည်း စတိုင်လ်ကျလှပစေမှာပါ။
ဘောင်းဘီအကွက်ဖက်ရှင်
တီရှပ်ကို ဘောင်းဘီထဲ ထည့်ဝတ်တဲ့အခါ လုံးဝကို စမတ်ကျလှပစေမှာ မယုံမရှိပါနဲ့။ ကွီးတို့ဗိုက်မှာ အဆီနည်းနည်းရှိရင်တော့ ခါးပတ်နဲ့ တွဲဝတ်ပါ။ အဆီမရှိဘူး။ ဗိုက်ကြွက်သားတွေနဲ့ပဲ တောင့်တင်းသန်မာနေတယ်ဆိုရင်တော့ ခါးပတ်မပါဘဲ ဝတ်ဆင်လိုက်ပါ။
အခုဖော်ပြသွားတဲ့ All Black ဖက်ရှင် များသည် လတ်တလောမှာ ရေပန်းစားနေတဲ့ ဖက်ရှင်စတိုင်လ်များပဲဖြစ်ပါတယ်။ ကွီး တို့အနေနဲ့ ကိုယ့်ကြိုက်နှစ်သက်ရာကို ပြောင်းလဲဝတ်ဆင်ကာ အမျိုးမျိုးရှိုးထုတ်နိုင်ပါတယ်။
Source: Fashionhombre.com
Featured Image: DMARGE